Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲအတွက် သံတမန်အဖြစ် မင်းသား Nicolas Cage ခန့်အပ်ခံရ

$
0
0

ဟောလိဝုဒ် မင်းသား Nicolas Cage ဟာ မကာအိုမှာ ကျင်းပမယ့် နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲအတွက် အရည်အသွေးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သူဟာ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပွဲတော်ရဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာ ဖြစ်ပြီး သူပါဝင်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို ရုပ်ရှင် “Mandy” ကိုလည်း အဲဒီအခမ်းအနားအတွင်းမှာ ပြသသွား မှာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲ အနုပညာရေးရာဒါရိုက်တာ Mike Goodridge က “Nicolas Cage ဟာ ထူးချွန်ထင်ရှားတဲ့ မင်းသားတယောက်ဖြစ်ပြီးတော့ နှစ်ပေါင်းများစွာကြာ စတားတယောက် ဖြစ်ခဲ့သူပါ။ ကျနော်တို့ရဲ့ အနုပညာအရည်အသွေးဆိုင်ရာသံတမန်အနေနဲ့ ဒီနှစ်မှာ မကာအိုဆီ သူ့ကိုဖိတ်ခေါ် ကြိုဆိုခွင့်ရပြီး သူ့ရဲ့ထူးခြားတဲ့ ရုပ်ရှင်အသစ် ‘Mandy’ ကို ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အော်စကာဆုရမင်းသား Nicolas ဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် ပွဲတော်ရဲ့ Masterclass အခမ်းအနား တခုမှာလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ ဟောလိဝုဒ်အနုပညာလုပ်ငန်းရဲ့ နာမည်အကျော်ကြားဆုံး သူတဦးဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် မင်းသားဟာ ရုပ်ရှင်တင်ဆက်မှုမှာ ကျောင်းသားအဆင့်ပဲ ရှိသေးတယ်လို့ ဝန်ခံပြောကြားထားပါတယ်။

မင်းသားဟာ သူ့ရဲ့ အနုပညာသက်တမ်းတလျှောက်မှာ ဇာတ်ရုပ်ပေါင်းများစွာကို သရုပ်ဆောင်ခဲ့ပြီး သူ့ကိုယ်သူ အမြဲစိန်ခေါ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

သူက “ကျနော်ဟာ ရုပ်ရှင်တင်ဆက်မှုမှာ ကျောင်းသား တယောက်အဆင့်ပဲ ရှိသေးတယ်လို့ထင်ပါတယ်။ ကျနော်ဟာ တခုခုကို လေ့လာဖို့ အမြဲမျှော်လင့်နေပါတယ်။ ဒါကြောင့် ကျနော့် ရုပ်ရှင်တွေကို ကြည့်လိုက်မယ်ဆိုရင် တမူထူးခြားနေ တာကို တွေ့ရမှာပါ။ ကျနော့်ကို ကျနော်စိန်ခေါ်ဖို့ အမြဲကြိုးစားပါတယ်”

“ ပြီးတော့ အပြစ်အနာအဆာတွေကို လက်ခံဖို့ ကျနော့်မျက်နှာပေါ်ကို ကျလာရင်တောင် သုံးဖက်ချွန်ပုဆိန်အတွက် ခံနိုင်ရည်ရှိဖို့ ကြိုးစားနေပါတယ်။ အဲဒီအတွက် စိတ်လှုပ်ရှားဆဲ ဖြစ်နေပြီးတော့ ကြိုးစားနေဆဲအဆင့်မှာပဲ ရှိနေပါ သေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသား Nicolas က ဆင့်ကဲ တွေးခေါ်ရတဲ့ ရုပ်ရှင်တွေ ဖန်တီးရတာ သဘောကျတယ်လို့ ရှင်းပြခဲ့ဖူးပါတယ်။ သူက “တခုခု မက်ဆေ့ချ်ပေးတဲ့ ရုပ်ရှင်တွေကို မဖန်တီးချင်ပါဘူး။ ဒါပေမယ့် လက်ရှိဖြစ်ရပ်တွေနဲ့ လူမှုအသိုင်းအဝန်းကို ကြေးမုံပြင်ပေါ်မှာ ရောင်ပြန်ဟပ်စေတာမျိုး သဘောကျပါတယ်။ ဒါမှ လူတွေက သူတို့ဘာတွေ လုပ်ရမယ်၊ ဘာကို မယုံကြည်ရဘူးဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: contactmusic

The post နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲအတွက် သံတမန်အဖြစ် မင်းသား Nicolas Cage ခန့်အပ်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ