Disney က ရိုက်ကူးမယ့် မူလန်ဇာတ်ကောင်အတွက် Liu Yifei ကိုရွေးချယ်တုန်းက ပရိသတ်တွေကြား အတော်လေး ဂယက်ရိုက်ခဲ့မှာပါပဲ။ သူမဟာ ဇာတ်ကောင်နဲ့လိုက်ဖက်မှုမရှိဘူး၊ မိန်းမဆန်လွန်းတယ် စသဖြင့်် ဝေဖန်သူတွေရှိနေတဲ့ ကြားထဲကပဲ Disney က သူမကို ရွေးချယ်ခဲ့ပါတယ်။
ဇာတ်ကောင်အတွက် လူအယောက် ၁၀၀၀ ကနေမှ သူမနဲ့အသင့်တော်ဆုံးဆိုပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဆိုရင် Liu Yifei ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကို သူမကိုအားပေးတဲ့ပရိသတ်တွေအတွက် တင်ဆက်လိုက်ပါ တယ်။
(၁) သူမရဲ့နာမည်ရင်းက An Feng ဖြစ်ပေမယ့် ပရိသတ်တွေက သူမအလှကြောင့် Crystal Liu (သို့) နတ်သမီးလေး ဆိုပြီးခေါ်တယ်လို့ သိရပါတယ်။ သူမရဲ့နဂိုအလှတရားကြောင့် ပရိသတ်တွေက ချစ်ကြပေမယ့် သူမကတော့ သူ့ထက် ချောတဲ့သူတွေ အများကြီးရှိတယ်လို့ ထင်နေပါတယ်။ ဒါ့အပြင် ရုပ်ချောဖို့ထက် သရုပ်ဆောင်ပီပြင်ဖို့ကိုသာ သူမက အာရုံစိုက်ပါတယ်။
(၂) ငယ်စဉ်ထဲက ကလေးမော်ဒယ်ဖြစ်ခဲ့ပြီး အသက်၁၅ နှစ်မှာသရုပ်ဆောင်ဖြစ်လာပါတယ်။ ဘေဂျင်းအနုပညာ ကျောင်းကိုလည်း တက်ရောက်ခဲ့ပြီး ဟောလိဝုဒ်ကဇာတ်ကားတွေမှာလည်း သရုပ်ဆောင် နေနိုင်ပြီဖြစ်ပါတယ်။
(၃) သူမအဖေက ပြင်သစ်ဘာသာစကားပရော်ဖက်ဆာတယောက်ဖြစ်ပြီး ပြင်သစ်နိုင်ငံက တရုတ်သံရုံးမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသလို သူမအမေကတော့ Dancer And Stage Performer ဖြစ်ပါတယ်။ နယူးယောခ့်မှာနေခဲ့ဖူးတာကြောင့် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်ပါတယ်။ ဘဝအကျိုးပေးကံကောင်း သူလေးလို့ ပြောရမှာ ဖြစ်ပါတယ်။
(၄) သူမဟာ သရုပ်ဆောင်တာတင်မကဘူး သီချင်း၊ အကနဲ့ စန္ဒယားလည်း တီးတတ်ပါတယ်။ ၂၀၀၅ ခုနှစ်က Sony Music Entertainment Japan နဲ့စာချုပ်ချုပ်ပြီး အယ်ဘမ် ၂ ခု ကိုလည်း တရုတ်နဲ့ ဂျပန်မှာ ဖြန့်ချိခဲ့ပါသေးတယ်။
(၅) နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Dior, Tissot, Garnier, Pantene ရဲ့ မော်ဒယ်ဖြစ်တာကြောင့် အရမ်းကို တော်ပြီး အဖက်ဖက်ကထူးချွန်တယ်လို့ ပရိသတ်တွေက မှတ်ချက်ချကြပါတယ်။ ဒါ့အပြင် ကိုရီးယားက ဆောင်းဆန်ဟွန်း (ဂျွန်စော) နဲ့လည်း တွဲခုတ်ခဲ့ပါသေးတယ်။
ဝေဖန်သူတွေကတော့ မျက်နှာသေနဲ့ မင်းသမီးရယ်လို့ ပြောကြပေမယ့် သူလေးကတော့ အမြဲကြိုးစားနေသလို ပရိသတ်တွေအမြောက်အမြားရဲ့အချစ်ကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။
www.vogue.com
The post Disney က မူလန်အသစ်လေး Liu Yifei ရဲ့ စိတ်ဝင်စားဖွယ်အချက် ၅ ချက် appeared first on ဧရာဝတီ.