Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မီ” ဇာတ်ရုပ်အတွက် ရင်ခုန်နေတဲ့ ပိုင်ဖြိုးသု

$
0
0

စာရေးဆရာမကြီး ကြည်အေးရဲ့ လူကြိုက်များခဲ့တဲ့ “မီ” ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းပုံဖော်ထားတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မီ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဆရာမကြီးကြည်အေး ပရိသတ်တွေရဲ့ ဝေဖန်မှုဘယ်လိုရှိ မလဲဆိုတာကို ရင်ခုန်နေတယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

“ရင်လည်းအရမ်းခုန်ပါတယ်။ သုအရမ်းလေးစားအားကျရတဲ့ ဆရာမကြီးကြည်အေးရဲ့ ဝတ္ထုထဲက “မီ” ဆိုတဲ့ ဇာတ်ကောင်ကို ရိုက်ရတဲ့အတွက် ဆရာမကြီးရဲ့ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ဘယ်လိုထွက်လာမလဲဆိုတဲ့အပေါ်မှာ အရမ်းရင်ခုန်ပါတယ်” လို့ပိုင်ဖြိုးသုက ပြောပါတယ်။

အဆိုပါ မီ ဝတ္ထုကိုတော့ ပိုင်ဖြိုးသုက ကိုယ်တိုင်ဝယ်ယူထားတာဖြစ်ပြီး ဒီထဲမှာတော့ အမျိုးသမီးတယောက်ရဲ့ စိတ်ကိုဖော်ကြူးထားတဲ့ ဇာတ်ရုပ်အနေနဲ့ သရုပ်ဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေးမှာ Troll ကြတဲ့အပေါ်မှာ ပိုင်ဖြိုးသုက “အခုနောက်ပိုင်း လူငယ်တွေက အရမ်းကိုစဉ်းစားတတ်ကြတယ်။ တခုခုတက်လာရင် ကျမကမီဆိုပြီး Troll တာလေးတွေ တက်လာတာကို သဘောကျတယ်။ စဉ်းစားပေးတဲ့သူတွေကိုလည်း အရမ်းကျေးဇူးတင်တယ်” လို့ပြောပါတယ်။

 

သရုပ်ဆောင်ပိုင်ဖြိုးသု

 

မီ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်မှာ ရုံတင်နိုင်ဖို့အတွက် ကြိုးစားနေကြပြီး အမြန်ဆုံးရုံတင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီး သရုပ်ဆောင်တွေကတော့ နေတိုး ၊ ရဲအောင် ၊ မင်းဦး ၊ မင်းသွေး ၊ သားညီ ၊ အောင်ရဲထိုက် ၊ ပိုင်ဖြိုးသုနှင့် တခြားသောအနုပညာရှင်များက ပါဝင်သရုပ်ဆောင်ထားပါတယ်။

“မီကို ရုံမတင်ရသေးခင်မှာပဲ စောင့်မျှော်အားပေးနေတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ ကျေလည်းကျေနပ်မိ ပါတယ်။ သုတို့ရဲ့ ရုပ်ရှင်ဆိုတာ တဦးတယောက်ကောင်းလို့ မဟုတ်ပါဘူး။ အကုန်လုံးရဲ့ Team Work ကြောင့်ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဒါရိုက်တာကနေစပြီး အားလုံးရဲ့ ကြိုးစားမှုကြောင့် ကျေးဇူးလည်း တင်ပါတယ်” လို့ပိုင်ဖြိုးသုက ပြောပါတယ်။

The post “မီ” ဇာတ်ရုပ်အတွက် ရင်ခုန်နေတဲ့ ပိုင်ဖြိုးသု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...