Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ငယ်ဘဝကို ပြန်လည်အမှတ်ရစေမယ့် ကိုရီးယားရုပ်ရှင် Sunny (2011)

$
0
0

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အခုတခါ မိတ်ဆက်ပေးချင်တာကတော့ Comedy Drama ရုပ်ရှင်အမျိုးအစား Sunny ဆိုတဲ့ ကိုရီးယားဇာတ်ကားကောင်းတကားနဲ့ပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ Kang Hyeong-cheol ကရေးသားရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင် တွေအနေနဲ့ ဆိုရင်တော့ မင်းသမီး Yoo Ho-Jeong, Jin Hee-Kyung တို့နဲ့ သက်လတ်ပိုင်းသရုပ်ဆောင် (၅) ဦး၊ ဆယ်ကျော်သက်သရုပ်ဆောင် (၇) ဦးတို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

ဇာတ်လမ်းကတော့ အဆုတ်ကင်ဆာရောဂါကြောင့် သေတော့မယ်ဆဲဆဲဖြစ်နေတဲ့ ငယ်သူငယ်ချင်းကို ဆေးရုံမှာ အမှတ်မထင် ပြန်လည်တွေ့ဆုံခဲ့ရာကနေ သူငယ်ချင်းဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ပြန်လည်ဖြည့်ဆည်းပေးပုံနဲ့ ဇာတ်လမ်းကို အစပျိုးထားပါတယ်။

အထက်တန်းကျောင်းသူဘဝတည်းက Sunny ဆိုတဲ့ နာမည်နဲ့ သူငယ်ချင်း ၇ ယောက်က အဖွဲ့လေးတဖွဲ့ ဖွဲ့ ထားခဲ့ တာဖြစ်ပြီး ကျောင်းမှာတော့ ဖိုက်တာအုပ်စုလို့ ပြောရင်လည်း မမှားပါဘူး။ ကင်ဆာနဲ့ သေတော့မယ့် ဟချွန်းဟွာကတော့ Sunny အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သူမရဲ့နောက်ဆုံးဆန္ဒကတော့ ငယ်ဘဝရဲ့ အမှတ်တရတခုဖြစ်တဲ့ Sunny အဖွဲ့ရဲ့ သူငယ်ချင်းတွေနဲ့ မသေခင် ပြန်လည် ဆုံတွေ့ချင်တာပဲ ဖြစ်ပါတယ်။

ငယ်ဘဝရဲ့ အပူအပင်ကင်းကင်း ပျော်ပါးလှုပ်ရှားခဲ့ပုံတွေ၊ စတိတ်ကျောင်းရဲ့ ပျော်စရာ ဆယ်ကျော်သက် အမှတ်တရတွေနဲ့ အထက်တန်းကျောင်းသူ ဘဝတုန်းက ပြည့်ပြည့်စုံစုံရှိခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ နှစ်ပေါင်း ၂၅ နှစ်အကြာ ပြန်တွေ့ကြတဲ့ အခါမှာတော့ မတူညီတော့တဲ့ ဘဝအနေအထားတွေကို ဒါရိုက်တာက ဒီဇာတ်ကားမှာ ရသမျိုးစုံနဲ့ ရိုက်ကူးတင်ဆက် ထားတာကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ ဆိုရင်တော့ ဟောလိဝုဒ်ကရော နိုင်ငံတကာကပါ ပြန်လည်ရိုက်ကူးရတဲ့အထိ အောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားဇာတ်ကားကောင်း တကားပဲဖြစ်ပြီး ဝင်ငွေအကောင်းဆုံးစံချိန်ဝင် ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kang Hyeong-cheol ဟာလည်း အကောင်းဆုံးဒါရိုက်တာဆုကို Sunny ဇာတ်ကားနဲ့ပဲ ရရှိခဲ့တာဖြစ်ပြီး အနုပညာပိုင်းအရရော ငွေကြေးပိုင်းအရပါ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတကား ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။

The post ငယ်ဘဝကို ပြန်လည်အမှတ်ရစေမယ့် ကိုရီးယားရုပ်ရှင် Sunny (2011) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...