Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်္ဂလာ နှစ်ပတ်လည် ၃၇ နှစ်ပြည့် ကျင်းပခဲ့တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံ

$
0
0

ပရဟိတ ဇနီးမောင်နှံဖြစ်တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံဟာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ မင်္ဂလာ သက်တမ်း (၃၇)နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ မင်္ဂလာ နှစ်ပတ်လည် အခမ်းအနားကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“မင်္ဂလာပွဲ အောင်မြင်ခဲ့ပါပြီ။ ပရဟိတ သားသမီးညီနောင်များရဲ့ စည်းလုံးညီညွတ်မှုကို ပြသလိုက်တဲ့ (၃၇) နှစ်ပွဲ အောင်မြင်ခဲ့ပါပြီ။ အားလုံးသော ပရဟိတညီနောင်များ၊ ဝန်ထမ်းများ၊ မိတ်ဆွေများ၊ အလှူရှင်များအားလုံးကို နှလုံးသား ထက်မှ လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ရှေ့ဆက်၍အများပြည်သူအကျိုးကို ယခုမင်္ဂလာပွဲလေးကျင်းပခဲ့သလို စည်းလုံးညီညွတ်စွာပေးဆပ်ကြပါစို့ဟု တိုက်တွန်းမိပါသည်” လို့ ကျော်သူက သူရဲ့ Facebook ပေါ်မှာ ရေးသားထားပါတယ်။

ဦးကျော်သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာ နှစ်ပတ်လည်နေ့မှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဦးကျော်သူတို့ ဇနီးမောင်နှံဟာ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အားတတ်သရော ဦးဆောင် ဆောင်ရွက်နေသူတွေလည်း ဖြစ်ပါတယ်။

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့မှာတော့ “မြင့်မိုရ်ဦး”ဆိုတဲ့ သမီးတယောက်နဲ့ “ပြေသိန်းကျော်” ဆိုတဲ့ သားတယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မိုရ်ဦးဟာ ယခုလက်ရှိမှာ သြစတေးလျ နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သားဖြစ်သူ ပြေသိန်းကျော်ကတော့ အမေရိကားမှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

ကျော်သူဟာ ၁၉၉၄ ခုနှစ်မှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် အနုပညာအလုပ်တွေ ရပ်နားခဲ့ပြီး နောက်ပိုင်းမှာ ပရဟိတ သမားကြီးတဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့ အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

The post မင်္ဂလာ နှစ်ပတ်လည် ၃၇ နှစ်ပြည့် ကျင်းပခဲ့တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...