Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွေးနေ့ကို အလှူလုပ်ရင်းဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင်စည်ဖြိုး

$
0
0

ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ဟာဆိုရင် သရုပ်ဆောင်စည်ဖြိုးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ မွေးနေ့မှာ သရုပ်ဆောင်စည်ဖြိုးက ရှူတင်မှာ ရှူတင်ကသူများကို ဒံပေါက်နဲ့ ဖာလူဒါကျွေးပြီး ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကနေ့မနက် ၁ နာရီမှာ လူ့လောကထဲ အသက်လုခေါ်ဆောင်ပေးခဲ့ပြီး စည်ဖြိုးဆိုတဲ့ ဒီရုပ်နာမ်ကို ပြုစုပျိုးထောင်ပေး ခဲ့တယ်။ အမှားတွေကို အတွေ့ကြုံအဖြစ် သင်ခန်းစာအကြိမ်ကြိမ် ယူခဲ့တဲ့အချိန်တွေမှာလည်း သားဆိုး၊ သမီးဆိုး ပြစ်ရိုးထုံးစံမရှိတဲ့အတိုင်း ညီအကိုနှစ်ယောက်လုံး မလိမ္မာ၊ အခါခါမိုက်ခဲ့ကြတုန်းကလည်း လက်ဖျားနဲ့ တောင်မထိခဲ့ဘဲ အကြောင်းအကျိုး နိယာမတွေနဲ့ တရားရေအေးတိုက်ကျွေးရင်း တချိန်က ဆန်ကုန်မြေလေးကို ပြုပြင်ပြောင်းလဲပေးခဲ့တယ်”

“ဒီကနေ့ မွေးနေ့ကစလို့ တချိန်က ဒီဆန်ကုန်မြေလေးဟာ မွေးရကျိုးနပ်အောင် အကြောင်းအကျိုးကိုကောင်းကောင်းသိပြီး အများကောင်းကျိုးသယ်ပိုးသွားရင်း ကောင်းနိုင်သမျှကောင်းအောင်ကြိုးစားသွားမယ်လို့ ကတိပေးရင်း ရှိခိုးဦးချကန်တော့လိုက်ရပါတယ်” ဆိုပြီး သူ့ရဲ့ Facebook မှာ ရေးသားထားတာ တွေ့ရပါတယ်။

 

 

မွေးနေ့ကို ရှုတင်မှာ အလှူလုပ်ရင်း ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့တယ်လို့ ဆိုထားပြီး “အလင်းထဲကလူ” ရှုတင်မှာ ဒံပေါက်ဗူး ၈၀ နှင့် ဖာလူဒါ ဗူး ၈၀ကို ကိုယ်တိုင်လိုက်ဝေပြီး ဒါနပြုရင်းမွေးနေ့ကို ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။

စည်ဖြိုးဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု ပြုုလုပ်နေပေမယ့်လည်း ဇာတ်လမ်းတွေကို ရွေးချယ်ရိုက်ကူးလျက်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စည်ဖြိုးဟာ “အလင်းထဲကလူ “အက်ရှင်ဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ဒါရိုက်တာ စတီးရိုက်ကူးခဲ့တဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်စည်ဖြိုးဟာ အကြားအမြင်ဆရာမ ET ရဲ့ တူတော်စပ်သူလည်းဖြစ်ပါတယ်။

The post မွေးနေ့ကို အလှူလုပ်ရင်းဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင်စည်ဖြိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles