Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိမ်ထောင်ရေးပြိုကွဲတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း

$
0
0

ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်းနဲ့ လမ်းခွဲတော့မယ်လို့ ဆိုတဲ့ ကောလာဟလသတင်းတွေ အကြောင်းရှင်းလင်းပြောဆိုခဲ့ြ့ပီး သူတို့တဦးချင်းစီ ရှိနေရတာထက် အတူတူရှိနေတာ ပိုမိုခိုင်မာတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ကမ္ဘာကျော် စုံတွဲတတွဲ ဖြစ်တဲ့ သူတို့နှစ်ဦးရဲ့ ၁၉ နှစ်တာကြာညောင်းခဲ့ပြီဖြစ်တဲ့ အိမ်ထောင်ရေးဟာ ပြီးခဲ့တဲ့ဇွန်လကစလို့ ပြိုကွဲတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပြင် သူတို့နှစ်ဦးကွာရှင်းတော့မယ်ဆိုတဲ့သတင်းက ကမ္ဘာတဝန်း ဟိုးလေးတကျော် ဖြစ်ခဲ့ရတာပါ။

အခုတော့ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ ဗစ်တိုးရီးယားက ဗြိတိသျှမဂ္ဂဇင်းတခုဖြစ်တဲ့ Vogue နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ပြောဆိုသွားခဲ့ပြီး မိသားစုတခုအနေနဲ့ ခိုင်မာတောင့်တင်းတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

သူက “ကျမတို့ တယောက်ချင်းစီရှိနေရတာထက် အတူတူရှိနေတာပိုပြီး ခိုင်မာတောင့်တင်းတယ်လို့ ကျမတို့နှစ်ဦးလုံး နားလည်သဘောပေါက်ထားကြပါတယ်။ အဲဒီလိုသာမဟုတ်ရင် ကျမတို့နှစ်ယောက် အခုအချိန်အထိ နှစ်တွေအများကြီး ဒီနေ့ဒီအချိန် နေရာတခုကို ရောက်လာမှာမဟုတ်ပါဘူး။ ဒါဟာ မိသားစု စုစည်းမှုဖြစ်ပါတယ်။ ကျမတို့ ၆ ယောက်လုံးဟာ တဦးချင်းစီ ရှိနေကြတာထက်စာရင် အတူတူရှိနေတာ ပိုခိုင်မာပါတယ်။ မိသားစုသံယောဇဉ်ကို ကျမတို့လေးစားပြီး အဲဒါဟာ အဓိကအချက်လည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဗစ်တိုးရီးယားက သူတို့နှစ်ဦးလက်ထပ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကစလို့ မယုံကြည်မှုတွေရဲ့ ရိုက်ခတ်မှုတွေ၊ လမ်းခွဲလိုက်ပြီလို့ အကြိမ်ပေါင်းများစွာ ပြောဆိုခံခဲ့ရတာတွေ ရှိခဲ့ပေမယ့် အဲဒါတွေကို မသိကျိုးကျွံပြုရတာ နေသားကျနေပြီလို့ ဆိုပါတယ်။

သူက “ကျမတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ လူတွေက နှစ်၂၀ လုံးလုံး ပြောဆိုလာခဲ့ကြတာပါ။ ဒါကြောင့် ဒေးဗစ်နဲ့ ကျမက အဲဒီလိုမျိုး အချေအမြစ်မရှိတာတွေနဲ့ တော်တော်လေးကို နေသားကျနေပြီး ပုံမှန်လိုပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ကျမတို့ဘေးနားက လူတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ရိုက်ခတ်လာတယ်ဆိုတာကတော့ အဲဒါ မတရားပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်နဲ့ Spice Girl အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယားတို့ထံမှာ ကလေး ၄ ဦးထွန်းကား ပါတယ်။ အဲဒီမဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံမှာတော့ အဲဒီကလေးတွေနဲ့ အတူ ဗစ်တိုးရီးယားက ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၂ နှစ်လောက်တုန်းက ဂီတဗီဒီယို တခုမှာ ဝတ်ဆင်ခဲ့တဲ့ အနက်ရောင်ကြောင်မယ်ဝတ်စုံ ကိုလည်း မဂ္ဂဇင်းအတွက် ဓာတ်ပုံ ရိုက်ကူးပေးထားပါသေးတယ်။

ဆက်စပ်ဖတ်ရှုရန် Spice Girls အဖွဲ့ကို အမှန်တကယ် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း အဖွဲ့ဝင် Mel B ပြော

Ref: aceshowbiz

The post အိမ်ထောင်ရေးပြိုကွဲတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...