Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Loveratri”ရုပ်ရှင်ဟာ မည်သည့်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာ မဟုတ်ကြောင်း Salman Khan ပြော

$
0
0

ဘောလိဝုဒ်စူပါစတား Salman Khan က သူ့ရဲ့ထုတ်လုပ်ရေးကနေ မကြာမီ ရုံတင်ပြသတော့မယ့် “Loveratri” ရုပ်ရှင်ဟာ ဘယ်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာမရှိသလို မလေးမစားလုပ်ထားတာလည်း မရှိတဲ့အကြောင်း ပြောကြားလိုက်ပါ တယ်။

တချို့ ညာဖက်ယိမ်းအဖွဲ့တွေက ရုပ်ရှင်ရဲ့ နာမည်ဟာ ဟိန္ဒိူပွဲတော်ရဲ့ နာမည်ကို တုပထားတာ ဖြစ်တဲ့အတွက် ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ မင်းသား Salman ရဲ့ ယောက်ဖ Aayush Sharma နဲ့ မော်ဒယ် Warina Hussain တို့ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဖြစ်ပြီး Navaratri ပွဲတော်ကို နောက်ခံထားဇာတ်အိမ်တည်ထားပါတယ်။

မင်းသား Salman က “သူတို့ဘယ်သူလဲဆိုတာ ကျနော်မသိတဲ့ လူတချို့က ရုပ်ရှင်နာမည်နဲ့ ပတ်သက်ပြီး ပြဿနာ ရှာနေပါတယ်။ ဒါဟာ လှပတဲ့ နာမည်တခုပါ။ အချစ်ဆိုတာထက် ပိုပြီးလှပတာ မရှိပါဘူး။ ဒါကြောင့် “Loveratri” လို့ ခေါ်တာပါ။ ဘယ်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာ မဟုတ်ပါဘူး”

“ကျနော်တို့ရဲ့ ဝန်ကြီးချုပ်က လည်း အဲဒီယဉ်ကျေးမှုက ဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်ကောင်တခုကို သရုပ်ဆောင်တဲ့အခါ ‘Sultan’ ရုပ်ရှင်ထဲက Haryanvi လိုမျိုး သရုပ်ဆောင် တာမျိုးပါ။ ကျနော်က လေးလေးစားစား လုပ်ဆောင်ခဲ့တာပါ။ Navaratri ပွဲတော်ကို နောက်ခံထားပြီး ရုပ်ရှင်ကို ဖန်တီးခဲ့ပါတယ်။ ဂီတ၊ အရောင်၊ အချစ်နဲ့ ပွဲတော်ရာသီရဲ့ ပျော်ရွှင်ဖွယ် ကောင်းပုံကို ဂုဏ်ပြုပြီး ဒီလှပတဲ့ ရုပ်ရှင်ကို ဖန်တီးခဲ့တာပါ။ ရုပ်ရှင်ထွက်လာတဲ့အခါ ဒီရုပ်ရှင်မှာ ဘာမှမပါဘူးဆိုတာ လူတွေသိသွားမှာပါ” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် မင်းသားက ရုပ်ရှင်အဆင့်သတ်မှတ်ရေး ဗဟိုဘုတ်အဖွဲက ရုပ်ရှင်ကို “U” အဆင့်သတ်မှတ် ပေးမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောထားပါတယ်။ သူက “ဆင်ဆာဘုတ်အဖွဲ့ဟာ ဆုံးဖြတ်ခွင့်ရထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ‘U’ အဆင့်သတ်မှတ်ချက်ရလိမ့်မယ်လို့ ကျနော် သေချာသိပါတယ်။ ဆင်ဆာဘုတ်အဖွဲ့က သတ်မှတ်ချက် ပေးလိုက်ရင် တခြားသူတွေက ဘာမှခွင့်မရှိတော့ဘူးလို့ ကျနော် ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Loveratri” ရုပ်ရှင်ကို အခုမှပွဲဦးထွက်လာတဲ့ ဒါရိုက်တာ Abhiraj Minawala ကရိုက်ကူးပေးထားတာ ဖြစ်ပြီး သူက “Sultan” နဲ့ “Fan” လိုမျိုး ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကို အောက်တိုဘာလ ၅ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref:ptinews

The post “Loveratri” ရုပ်ရှင်ဟာ မည်သည့်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာ မဟုတ်ကြောင်း Salman Khan ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...