Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Now & Ever”ရုပ်ရှင်ကားအတွက် ခီမောင်နှံ သရုပ်ဆောင်သစ်များ ခေါ်ယူလျက်ရှိ

$
0
0

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီးအတွက် Central Base Productions ရဲ့ Facebook Page ကနေ တဆင့် သရုပ်ဆောင်အသစ်တွေ ခေါ်ယူနေပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဇဏ်ခီကလည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

”ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူး ပုံဖော်မည့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီး၊ “သီတာ” ရုပ်ရှင်ဇာတ်ကားကြီး နှင့် TV series ဇာတ်လမ်းတွဲများတွင် သရုပ်ဆောင် ဇဏ်ခီနှင့်အတူ ပါဝင် သရုပ်ဆောင်ချင်သူများအတွက် သရုပ်ဆောင် ရွေးချယ်ခြင်းအစီအစဉ်ကို မကြာမှီ အချိန်ကာလအတွင်း စတင်တော့မှာ ဖြစ် ကြောင်း သရုပ်ဆောင်ရူးသွပ်သူများ အတွက် ကြေညာအပ်ပါတယ်” လို့ Central Base Productions Page ကနေ ကြေညာထားပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီကလည်း ပါဝင်သရုပ်ဆောင်ချင်တဲ့ အနုပညာရှင်အသစ်တွေ အနေနဲ့ အားလုံးကို တန်းတူ အခွင့်အရေးရစေချင်လို့ အခုလို ကြေညာထားတာလို့ ဆိုပါတယ်။

”ကိုယ်တွေနဲ့ ဘယ်သူအလုပ်လုပ်ကြမလဲ ကျမရဲ့ personal message box ကနေ မေးမြန်းခြင်း မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ Open call casting ဆိုတာ အားလုံးကို တန်းတူအခွင့်အရေးရစေချင်လို့ လုပ်ပေးတာပါ” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုထားပါတယ်။

သရုပ်ဆောင် ဇဏ်ခီကလည်း “Central Base Productions မှ သရုပ်ဆောင်ရွေးပွဲများ (Open Call Casting) မကြာခင် စပါတော့မယ်’’ လို့ ဆိုထားပါသေးတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီဟာ အောင်မြင်တဲ့ အမျိုးသမီးဒါရိုက်တာတယောက်အဖြစ် အနုပညာ လောကမှာ ရပ်တည်လျှက်ရှိပြီး ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ သရုပ်ဆောင် မင်းသားတယောက် အဖြစ် ကြော်ငြာများ၊ ရုပ်ရှင်များ ရိုက်ကူးလျက် ရှိပါတယ်။ ခီမောင်နှံ နှစ်ဦး ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” နဲ့ “မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာ့ ရုပ်ရှင် လောကကို အပြောင်းအလဲ ဖြစ်စေခဲ့သလို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

The post “Now & Ever” ရုပ်ရှင်ကားအတွက် ခီမောင်နှံ သရုပ်ဆောင်သစ်များ ခေါ်ယူလျက်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...