နာမည်ကျော်သရုပ်ဆောင်အများစုဟာ သူတို့ရဲ့အနုပညာအလုပ်တွေကြောင့် ပညာရေးပိုင်းမှာ အားနည်းသွားတာမျိုးတွေ ရှိကြပေမယ့် အခုဖော်ပြပေးမယ့် နာမည်ကျော်သရုပ်ဆောင်တွေကတော့ သရုပ်ဆောင်ကောင်းတွေလည်းဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်ကြသူတွေပဲဖြစ်ပါတယ်။
(၁) James Franco
ရုပ်ရှင်တွေထဲမှာလည်း သရုပ်ဆောင်ကောင်းသလို ခန့်ညားတဲ့ ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသားတဦးဖြစ်တဲ့ James Franco ကတော့ Yale တက္ကသိုလ်ကနေ အင်္ဂလိပ်အထူးပြုနဲ့ PhD ဘွဲ့ရရှိထားတာဖြစ်ပြီး ကဗျာစာပေ အထူးပြုနဲ့ Worren Wilson ကောလိပ်ကနေလည်း ဘွဲ့တွေရရှိထားသူဖြစ်ပါတယ်။
ဒါ့အပြင် Filmmaking , Literature , Fiction Writing စတဲ့ ဘာသာရပ်တွေနဲ့ နာမည်ကြီးတက္ကသိုလ်တွေကနေ Master ဘွဲ့ ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။
(၂) Natalie Portman
ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးတဦးဖြစ်တဲ့ Natalie Portman ကတော့ Harvard တက္ကသိုလ်ကနေ စိတ်ပညာ အထူးပြုနဲ့ ဘွဲ့ရရှိသူဖြစ်ပြီး ထူးချွန်တဲ့ ကျောင်းသူတဦးလည်းဖြစ်ပါတယ်။
(၃) Rowan Atkinson
Mr Bean လို့ လူသိများကြတဲ့ ဟောလိဝုဒ် အကျော်အမော်မင်းသားကြီး Rowan Atkinson ကတော့ Newcastle တက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ရရှိခဲ့သူဖြစ်ပြီး နာမည်ကြီး တက္ကသိုလ်တခုဖြစ်တဲ့ Oxford တက္ကသိုလ်ကနေလည်း Electrical Engineer အထူးပြုနဲ့ Master ဘွဲ့ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။
(၄) Emma Watson
ဟယ်ရီပေါ်တာ ရုပ်ရှင်တွေရဲ့ မင်းသမီးချောလေး Emma Watson ကတော့ Brown တက္ကသိုလ်ကနေ အင်္ဂလိပ်အထူးပြုနဲ့ ဘွဲ့ရရှိခဲ့တာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အမျိုးသမီးကိုယ်စားလှယ်တဦးလည်းဖြစ်ပါတယ်။
(၅) John Krasinski
သရုပ်ဆောင်တဦးလည်းဖြစ်သလို အောင်မြင်ကျော်ကြားတဲ့ “A Quiet Place” ရုပ်ရှင်ရဲ့ ဒါရိုက်တာလည်းဖြစ် ၊ သရုပ်ဆောင်လည်းဖြစ်တဲ့ John Kransiski ဟာ Brown တက္ကသိုလ်ကနေ အင်္ဂလိပ်ဘာသာရပ်နဲ့ master ဘွဲ့ရရှိခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက စာကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။
Ref: www.simplemost.com
The post ပညာရေးမှာ ထူးချွန်ကြတဲ့ နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်များ appeared first on ဧရာဝတီ.