Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် Beyonce ရဲ့ လူသိနည်းတဲ့ အကြောင်းများ

$
0
0

ဘီယွန်းဆေးဟာ အမျိုးသမီးတော်တော်များများသာမက အမျိုးသားတွေရဲ့ ကြိုက်နှစ်သက်ခြင်းကိုခံရတဲ့ အဆိုတော် တဦးဖြစ်ပါတယ်။ Queen Bey လို့ အားလုံးက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သူမအကြောင်းတွေကို သိတာတွေရှိပေမယ့် ဒီတခါမှ လူသိနည်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) သူမဟာ Beatles အဖွဲ့ရဲ့ အမာခံပရိတ်သတ်တဦးဖြစ်ပါတယ်။ သူမ ကလေးဘဝတည်းက ကျောင်းသွားတဲ့ လမ်းမှာ John Lennon ရဲ့ Imagine ဆိုတဲ့ သီချင်းကို သီဆိုကာသွားလေ့ရှိပြီး အမြဲတမ်း Beatles အဖွဲ့ရဲ့ သီချင်း တွေကို နားထောင်တယ်လို့ သိရပါတယ်။

(၂) သူမဟာ အိုင်းရစ်နဲ့ ပြင်သစ် ကပြားဖြစ်ပါတယ်။ သူမရဲ့ အဖေဖြစ်သူက အာဖရိကန်အမေရိကန်ဖြစ်ပြီး Taxas မှာ မွေးဖွားကြီးပြင်းလာသူဖြစ်ပါတယ်။ သူမရဲ့ အမေကတော့ အိုင်းရစ်၊အမေရိကန်၊ပြင်သစ်နဲ့ အာဖရိကန် ကပြားဖြစ်လို့ သူမဟာလည်း ကပြားတယောက်ဖြစ်ပါတယ်။

(၃) သူမဟာ စိတ်ဓာတ်ကျဖူးပါတယ်။ သူမရဲ့ အဖွဲ့ဖြစ်တဲ့ Destiny’s Child အဖွဲ့ ၂၀၀၆ ခုနှစ်မှာ ပျက်ပြီးတဲ့ နောက် သူမဟာ ၂ နှစ်ကျော်ကြာ စိတ်ဓာတ်တွေကျခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ မစားနိုင်၊ မအိပ်နိုင်တွေဖြစ်ပြီး ပေါင်းသင်းစရာ လူမရှိဘူးဆိုတဲ့ အတွေးတွေကြောင့် စိတ်ဓာတ်နှစ်ရှည်ကျခဲ့ရတာ ဖြစ်တယ်လို့လည်း ဖွင့်ပြောထား ပါတယ်။

(၄) သူမဟာ ပရဟိတအဖွဲ့တွေလည်း ထောင်ထားပါတယ်။ သူမရဲ့ အဖွဲ့ဟောင်းဖြစ်တဲ့ Destiny’s Child က အဖွဲ့ဝင်တဦးနဲ့ ပေါင်းပြီး သဘာဝဘေးအန္တရာယ်တွေမှာ ဒုက္ခရောက်သူတွေကို ပြန်လည်ထူထောင်ရေးအဖွဲ့ တည်ထောင်ထားပြီး သူမကိုယ်ပိုင် ဖောင်ဒေးရှင်းအနေနဲ့ Beygood ဖောင်ဒေးရှင်းကို ထူထောင်ကာ နီပေါငလျင် မှာ ပျက်စီးခဲ့တာတွေ ပြန်လည်ထူထောင်ဖို့ ဒေါ်လာသန်းချီလှူဒါန်းခဲ့ပါတယ်။

(၅) သူမအကြိုက်ဆုံး နံပတ်က ၄ ဖြစ်ပါတယ်။ သူမရဲ့ မိခင်ဟာ ဇန်နဝါရီ ၄ ရက်နေ့ မွေးတာဖြစ်ပြီး သူမကိုတော့ စက်တင်ဘာ ၄ ရက်နေ့မှာ မွေးပါတယ်။ သူမဟာ ဧပြီ ၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ပြီး သူ့ယောကျာ်းဖြစ်တဲ့ Jay Z ရဲ့ မွေးနေ့ကတော့ ဒီဇင်ဘာ ၄ ရက်နေ့ ဖြစ်ပါတယ်။

သူမဟာ ရေမွှေးနဲ့ မတည့်ပါဘူး။ ဒါ့အပြင် သူမဟာ အော်ပရာအဆိုတော်တဦးလည်းဖြစ်ပါတယ်။ သူနဲ့ Jay Z တို့ရဲ့ ကလေးဖြစ်တဲ့ Blue Ivy ဟာ မွေးကင်းစအရွယ်မှာ Jay Z ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Glory လို့အမည်ရတဲ့သီချင်းမှာ သူမငိုထားတဲ့ အသံတွေကိုထည့်သွင်းခဲ့ပါတယ်။

အဲ့ဒီသီချင်းဟာ Billboard မှာ Top 100 စာရင်းထဲဝင်ခဲ့လို့ ဘီယွန်ဆေးဟာ အသက်အငယ်ဆုံးအဆိုတော်ရဲ့ မိခင်လည်း ဖြစ်ပါတယ်။

Ref;bestlifeonline.com

The post အဆိုတော် Beyonce ရဲ့ လူသိနည်းတဲ့ အကြောင်းများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...