Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗီဒီယိုဈေးကွက် လျော့နည်းသွားတာကြောင့် စိတ်ဓာတ်ကျနေတဲ့ မေပန်းချီ

$
0
0

ဗီလိန်ဇာတ်ရုပ်တွေမှာ သဘာဝကျကျ ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် မေပန်းချီက ယနေ့ခေတ်မှာ ဗီဒီယို ဈေးကွက် လျော့နည်းလာတဲ့အပေါ် စိတ်ဓာတ် ကျနေပေမယ့် တယောက်တည်း အဆင်မပြေဖြစ်နေတာ မဟုတ်ဘဲ အကုန်လုံး အဆင်မပြေနေတာကြောင့် နည်းနည်း ခံသာတယ်လို့ ဆိုပါတယ်။

“ဗီဒီယိုဈေးကွက် လျော့နည်းသွားတော့ ပန်းချီတို့တွေ စိတ်ဓာတ်ကျနေတဲ့ အချိန်ပေါ့။ ကိုယ်တယောက်တည်း ဖြစ်တာ မဟုတ်တော့လည်း နည်းနည်းတော့ ခံသာတယ်။ သူငယ်ချင်းတွေကို မေးလိုက်ရင်လည်း ငါမရိုက်ရဘူး။ ၂ လ ရှိပြီ။ ၃ လ ရှိပြီနဲ့။ အဲဒါ ကိုယ်တယောက်တည်း ဖြစ်တာ မဟုတ်ဘူး။ အဖက်ဖက်က စီးပွားရေးသမားတွေရော၊ ဈေးရောင်းတဲ့သူတွေရော အဆင်မပြေကြတာ ဆိုတော့ နားလည်ရမှာပေါ့” လို့ မေပန်းချီက ပြောပါတယ်။

သရုပ်ဆောင် မေပန်းချီက ရုပ်ရှင်ကားများ ရိုက်ကူးတဲ့အခါ ဗီလိန်ဇာတ်ရုပ်ကို အများဆုံး လက်ခံဖြစ်ခဲ့ပုံလည်း အခုလိုပဲ ပြောပါတယ်။

“ပန်းချီကို ဗီလိန်ဇာတ်ရုပ်နဲ့ အတွေ့များတာက ပန်းချီတို့မှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး။ စီးပွားရေးအရရော ဝါသနာအရရော ပန်းချီတို့လုပ်ရတာဖြစ်တဲ့အတွက် တခါတလေကျတော့လည်း ကိုယ်မရိုက်ချင်ဘဲနဲ့ ရိုက်လိုက်ရတာတွေ ရှိတယ်။ အရင်တုန်းလောက်တော့ မဆိုးတော့ဘူး။ လက်ခံလာတာ ဖြစ်တဲ့အတွက် ဗီလိန်တွေဘာတွေ မတွေးဖြစ်ဘူး။ ကိုယ့်အတွက် ကာရိုက်တာရရင် ရိုက်ဖြစ် သွားရော”

“အရင်တုန်းက ပန်းချီတို့မှာ နားရက်က၂ ရက် ၃ ရက်ပဲ ရှိတာ အခုကရုပ်ရှင်ကားကြီးပဲရှိတော့ ၁ လကို တကားတောင် မနည်းကြိုးစားနေရတယ်။ အဲ့လိုတလကို တကား ရိုက်ရဖို့ကိုယ့်ကို ကာရိုက်တာလာပေးတယ်။ ကာရိုက်တာမကောင်းရင်လည်း ငြင်းလို့မရတော့ဘူး။ ငါဒါလေးရိုက်ရင် သရုပ်ဆောင်ကြးလေးရမယ်ဟဲ့။ ငါလည်း အဆင်ပြေသွားမယ် ပရိသတ်တွေနဲ့လည်း အဆက်အသွယ်တခု ဖြစ်တယ်ဆိုပြီး လက်ခံဖြစ်တယ်။ ကာရိုက်တာတွေလည်း မရွေးချယ် နိုင်တော့ပါဘူး”လို့ မေပန်းချီက ဆိုပါတယ်။

ဗီဒီယိုဈေးကွက် သိပ်မရှိတော့ပေမယ့် ပရိသတ်တွေ အားပေးနေသေးလို့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့လည်း မေပန်းချီက ဆိုပါတယ်။ လက်ရှိမှာ မေပန်းချီက “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းက MRTV ရုပ်သံလိုင်းကနေ စက်တင်ဘာလ ၅ ရက်နေ့မှာ စတင် ပြသနေပါတယ်။

“စီးရီးတွဲကတော့ ပန်းချီ ‘နေရယ်၊ လရယ်၊ အမှန်တရားရယ်’ ပဲ ရိုက်ထားတာ ရှိတယ်။ နောက်ဇာတ်ကားကြီးတွေ ရိုက်ဖြစ်တယ်။ အခုချိန်ထိ ပန်းချီ့ကို အားပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ ပန်းချီတို့ ခုဆိုရင် ဖန်သားပြင်ပေါ်မှာ သိပ်မတွေ့ရတော့တာက ဗီဒီယိုလည်း သိပ်မရှိတော့ဘူး။ အဲဒါကြောင့် အားပေးနေသေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ မေပန်းချီက ပြောပါတယ်။

ကိုယ်ပိုင် စီးပွားရေးအနေနဲ့ ဂျင်းဖက်ရှင်ဆိုင် ဖွင့်လှစ်ထားတဲ့ သရုပ်ဆောင် မေပန်းချီက “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲမှာ လာဘ်စားတဲ့ အကောက်ခွန်ထမ်း နေရာကနေ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ
ဗီလိန်ဇာတ်ရုပ်ကို အားပေးလို့ အားရှိတယ် ဆိုတဲ့ “မေပန်းချီ”

“အငယ်တွေ တက်လာချိန်မှာ တယောက်နဲ့ တယောက် မလေးစားတာတွေ ရှိတယ်”

“အချစ်နဲ့ ပတ်သက်ပြီး တင်းတိမ်ရောင့်ရဲတယ်” ဆိုတဲ့ မေပန်းချီ

The post ဗီဒီယိုဈေးကွက် လျော့နည်းသွားတာကြောင့် စိတ်ဓာတ်ကျနေတဲ့ မေပန်းချီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...