Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လူမှုကွန်ရက်မီဒီယာတွေကို လျှို့ဝှက်ပြီး ပြန်သုံးနေတဲ့ မင်းသမီး Jennifer Lawrence

$
0
0

လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ မင်းသမီး Jennifer Lawrence ကို ရှာဖွေဖို့ အခွင့်အရေး ရခဲပေမယ့် သူကတော့ Twitterနဲ့ Instagram မှာ စာရေးသူတို့ိကို သတိပြုမိကောင်း ပြုမိနိုင်ပါတယ်။

အော်စကာဆုရှင် မင်းသမီး Jennifer ဟာ Twitter, Facebook နဲ့ Instagram တို့ကို ဘယ်တော့မှ သုံးဖြစ်မှာ မဟုတ်တဲ့အကြောင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြောကြားခဲ့ဖူးပေမယ့် အခုတော့ လူမှုကွန်ရက် မီဒီယာတချို့ကို လျှို့ဝှက်အနေအထားနဲ့ အသုံးပြုနေပြီလို့ ဆိုပါတယ်။

ဒါပေမယ့် အသက် ၂၈ နှစ်အရွယ် မင်းသမီးဟာ သူရဲ့ အသုံးပြုမှုကို တိတ်တဆိတ် လေ့လာသူတဦး အနေနဲ့သာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ InStyle မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူက “ကျမ သုံးနေပါပြီ။ ဒါပေမယ့် ကျမက စောင့်ကြည်နေသူတယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါအပြင် မည်သည့်အကြောင်းအရာကိုမှလည်း ရေးသားပြီး ပို့တင်တာမျိုး မလုပ်တဲ့ အကြောင်းကိုလည်း သူက “ကျမ စောင့်ကြည့်တာပါ။ ပြောဆိုတာမျိုး မလုပ်ပါဘူး”လို့ ဆိုပါတယ်။

လူမှုကွန်ရက် မီဒီယာအပေါ်မှာ ကိုယ်ပြောချင်တာကို မပြောတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့တော့ “The Hunger Games” ရုပ်ရှင်မင်းသမီး Jennifer က “အမြဲတမ်း တုံ့ပြန်မှုက တော်တော်များများ ရှိပါတယ်။ ဒါကြောင့် လူတော်တော်များများက နားထောင်ပြီး အာရုံစိုက်နေကြတာပါ။ ပြီးတော့ သူတို့မှာ အရာအားလုံးနဲ့ ပတ်သက်လို့ အမြင်တွေ တော်တော်များများ ရှိကြပါတယ်”

“မလိုအပ်ဘူးဆိုရင် ကျမက အဲဒါကို မလက်ခံချင်ပါဘူး။ အကြောင်းပြချက် မရှိဘဲ အဲဒီအကြောင်းကနေ ရှောင်နေတာမျိုးလည်း မဖြစ်ချင်ပါဘူး။ တခုခုကို ပရိုမိုးရှင်းလုပ်တာမျိုးနဲ့ တခုခု ပေါက်ကွဲချင်တာမျိုး မရှိရင်တော့ ကျမဆီကနေ ရှင်တို့ ဘာမှကြားသိရမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

သူပြောဖို့ လိုအပ်တာကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဟာလည်း အသက်ရတာနဲ့အမျှ ကြီးမားလာတယ်လို့လည်း ဆိုပါတယ်။ သူက “ဟုတ်ပါတယ်။ ကျမက ကိုယ့်ကိုယ်ကို စတင် ထိန်းချုပ်လာနိုင်နေပါပြီ။ ကျမ စိတ်ထဲမှာ ဘာတွေပဲ ရှိရှိ၊ ပြောဖို့ဆိုတဲ့ သတိလေးတော့ရှိပါတယ်။ ဒါကြောင့် ကျမ အပြင်ထွက်တဲ့အခါ ကျမရဲ့ ကိုယ်ပိုင် Trainer နဲ့ ကျမကိုယ် ကျမပြောရတယ်။ ဘယ်သူ့ကိုမှ မပြောနဲ့လို့ပေါ့” လို့ ဆိုပါတယ်။

လူမှုကွန်ရက်မီဒီယာပေါ်မှာ သူ့ရဲ့ လက်ရှိ လုပ်ဆောင်ချက်ဟာ ဝက်ဘ်ဆိုက်ကို အခြေခံတဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ တိတ်ဆိတ်နေမှုအခြေအနေကို ပြောင်းလဲလိုက်တာကို သက်သေပြနေပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကတော့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ အဆိုးမြင်တွေတော်တော်များတဲ့အတွက် သံုံးဖြစ်မှာ မဟုတ်ဘူးလို့ ပြောကြားထားခဲ့ဖူးတာပါ။

လွန်ခဲ့တဲ့ ၄ နှစ်တုန်းက သူက “ကိစ္စမရှိပါဘူး။ ကျမက လေးစားပါတယ်။ ဒါပေမယ့်သုံးမှာ မဟုတ်ပါဘူး။ ကျမ Twitter သုံးမှာမဟုတ်ပါဘူး။ Facebook, Twitter နဲ့ Instagram မှာ ကျမ ပါလို့ ပြောလာခဲ့ရင် အဲဒါကျမမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းလင့်ခ်များ
အစားမရှောင်ဘဲ စားချင်တဲ့အချိန်တိုင်း စားဖြစ်တယ်လို့ဆိုတဲ့ မင်းသမီး Jennifer Lawrence
အနုပညာပြခန်း ဒါရိုက်တာတဦးနဲ့ တွဲနေတယ်လို့ သတင်းထွက်လာတဲ့ Jennifer Lawrence
အနုပညာအလုပ်တွေလုပ်ဖို့ အလယ်တန်းကျောင်း ထွက်ခဲ့ရတဲ့ မင်းသမီး “Jennifer Lawrence”

Ref:aceshowbiz

The post လူမှုကွန်ရက်မီဒီယာတွေကို လျှို့ဝှက်ပြီး ပြန်သုံးနေတဲ့ မင်းသမီး Jennifer Lawrence appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...