Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မီ” ဝတ္ထုကို ရုပ်ရှင် ရိုက်ရတာ တာဝန်ကြီးပြီး ဇာတ်ညွှန်း ရေးရတာ စိန်ခေါ်မှု ပိုရှိတယ်

$
0
0

စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုတပုဒ်ဖြစ်တဲ့ “မီ” ကို ဒါရိုက်တာ ဏကြီးက ရုပ်ရှင်ကားအဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူး ပုံဖော်ထားပါတယ်။ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ဖန်တီးရိုက်ကူးရာမှာ တာဝန်ကြီးပြီး ဇာတ်ညွှန်း ပြန်ရေးတဲ့ အချိန်မှာ ပိုပြီး စိန်ခေါ်မှုဖြစ်တယ်လို့ ဒါရိုက်တာ ဏကြီးက ဧရာဝတီကို ပြောပါတယ်။

“အခုတော့ ကျနော် သီချင်းတွေ ကြော်ငြာတွေ သိပ်မလုပ်ဖြစ်ဘူး။ မီ ဇာတ်ကားအတွက်ပဲ Marketing လုပ်နေတာကြောင့် ကျနော် လုပ်လက်စလေးတွေ နားပြီး မီကို ဦးစားပေးနေတာပါ။ မီဇာတ်ကား ရိုက်ဖြစ်တာကတော့ သုသု (ပိုင်ဖြိုးသု) ရိုက်ချင်တာကြောင့် ရိုက်ပေးဖြစ်တာပေါ့နော်။ ဆရာမ ကြည်အေးရဲ့ “မီ”ကို ရိုက်ရမှာ ကြောက်ကြတယ်။ ဒီလို ဝတ္ထုတွေကို တထပ်တည်းကျအောင် ရိုက်ဖို့ ဆိုရင် မရိုက်ရဲကြဘူး။ ခက်လည်း ခက်တယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

“မြန်မာ့ရုပ်ရှင် သမိုင်းမှာ ဆိုရင် ကျနော် သိသလောက် ဆရာကြီး မောင်သာရရဲ့ ‘ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း’ ကို ဦးဝဏ္ဏ ရိုက်တာပဲ တွေ့ခဲ့တာ။ ဘယ်သူမဆို Character Dripping ဝတ္ထုတွေဆို ရိုက်ရမှာ ကြောက်ကြတယ်။ သုသုက မီ ဝတ္ထု ဖတ်ပြီး သူအရမ်းကြိုက်လို့ ရိုက်ချင်တာကြောင့် ရိုက်ပေးဖြစ်တယ်။ မီကို ရိုက်မယ်လို့ အသိပေးကတည်းက ဝေဖန်မှုတွေ အများကြီး ရှိတယ်။ ဆရာမကြီး ပရိသတ်အချို့က မရိုက်စေချင်ကြဘူး” လို့ ဏကြီးက ဆိုပါတယ်။

ဆက်လက်ပြီး “ဖြစ်နေကျ တခုရှိတယ်။ ဝတ္ထုကို ရုပ်ရှင်ရိုက်မယ်ဆို မူရင်းဝတ္ထုကို မှီတာ ခဲယဉ်းတယ်။ စာအုပ် အရသာ ပျက်စီးမှာစိုးလို့ မရိုက်စေချင်ဘူး။ တာဝန်တော့ အရမ်းကြီးတယ်။ စိန်ခေါ်မှုလည်း ရှိတယ်။ ဝတ္ထုကို ဇာတ်ညွှန်း ပြန်ရေးတဲ့ အချိန်မှာ ပိုပြီး စိန်ခေါ်မှု ဖြစ်တယ်။ အရမ်းလည်း ခက်ခဲတယ်။ ကျနော့် အတွက်တော့ ပထမဆုံး ဇာတ်ကားကြီး တကားပါ”လို့လည်း ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

“မီ” ရုပ်ရှင်ရဲ့ အမြည်း ဗီဒီယို တင်ပြီးနောက်မှာ သရုပ်ဆောင် နေတိုးရဲ့ ဆံပင်ပုံစံကို ဝေဖန်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဏကြီးက မသေမသပ် ပေါ့ပေါ့လျော့လျော့ လုပ်ထားတာ မဟုတ်ဘဲ ဆံပင်တု ၃ ခုနဲ့ သေချာ လုပ်ထားကြောင်း ပြောပါတယ်။

“ကိုဇော် (Stylist) နဲ့က အမြဲ အတူတူ လုပ်နေကျ။ ကိုဇော်က အရမ်း စေ့စပ်တယ်။ စိတ်လည်း စိတ်ဝင်စားတာကြောင့် ကျနော့် ရုပ်ရှင်မှာ အပြည့် လုပ်ချင်တာကြောင့် ကိုဇော့်ကို အကူအညီ တောင်းရတယ်။ ကျနော် တာဝန်ယူတာတွေ အရမ်းများတာကြောင့် အဲ့ဘက်ပိုင်း ကိုဇော့်ကို အကူအညီတောင်းလိုက်ရတယ်။ ဝတ္ထုကို ဝတ္ထုအတိုင်း ပြန်ရိုက်ဖို့ တော်တော်လေး ခဲယဉ်းတယ်။ စာဖတ်ပရိသတ်တွေ အားလုံးက သူတို့ဖတ်ထားတဲ့ ဇာတ်ကောင်အတိုင်း မျက်လုံးထဲ မမြင်ရင် ဝေဖန်မှုတွေ ထွက်လာတာပေါ့” လို့ ဒါရိုက်တာ ဏကြီးက ဆိုပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ ဏကြီးက ယခုလိုမျိုး ပရိသတ်များက နေတိုးရဲ့ ဆံပင်ပုံစံကို ဝေဖန်ကြတာနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“ကိုနေတိုး ဆံပင်မှာလည်း ဝေဖန်မှုတွေ တွေ့ရတယ်။ ကျနော်တို့ မသေမသပ် ပေါ့ပေါ့လျော့လျော့ မရိုက်ထားဘူး။ ကိုနေတိုး မုန်းစွဲကား ရိုက်ပြီးတော့ ကတုံးဖြစ်နေတာကြောင့် Special Effect မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်းနဲ့ တိုင်ပင်ပြီး စစ်ပြီးကာလတုန်းက ဆံပင်ပုံစံတွေ ကြည့်ပြီး ခေတ်စားနေတဲ့ High & tight ဆံပင်ကို လုပ်ခဲ့တယ်”

“ဆံပင်တု ၃ ခု လုပ်ခဲ့တယ်။ ဆံပင် သပ်သပ်ရပ်ရပ် လုပ်တာ ၂ ခုရယ်၊ ပွနေတာ ၁ ခုရယ်၊ ၃ခုကို ပြင်ဆင်ပြီး လုပ်ထားတယ်။ ဆံပင်တပ်တာတင် ၁ နာရီလောက် ကြာတယ်။ ကျနော်တို့သေချာတော့ လုပ်ထားပါတယ်။ ဝေဖန်မှုတွေတော့ ရှိတယ်။ အဲ့အတွက်တော့ ပြန်ပြင်ဆင်ပြီး ရိုက်မှာ မဟုတ်ပါဘူး။ကျနော်တို့ အကောင်းဆုံးကြိုးစားပြီး လုပ်ထားကြတယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

ဒါရိုက်တာ ဏကြီးဟာ ကြော်ငြာများနဲ့ တေးသီချင်း Music Video တွေကို ရိုက်ကူးခဲ့ပြီး “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံး ဇာတ်ကားကြီး အဖြစ် ရိုက်ကူးပုံဖော်ထားပါတယ်။ “မီ” ရုပ်ရှင်ကားကြီးမှာတော့ သရုပ်ဆောင်များအဖြစ် နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

The post “မီ” ဝတ္ထုကို ရုပ်ရှင် ရိုက်ရတာ တာဝန်ကြီးပြီး ဇာတ်ညွှန်း ရေးရတာ စိန်ခေါ်မှု ပိုရှိတယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...