Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မြန်မာ့ရုပ်ရှင်လောကကို ကျနော်တို့ ကိုယ်စွမ်းရှိသရွေ့ ပြောင်းလဲနေကြပါတယ်’’

$
0
0

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်း တဦးလည်းဖြစ်၊ အနုပညာလောကမှာလည်း သက်တမ်း ကြာနေပြီ ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ လူမင်းက လတ်တလော ပရိသတ်များ ဝေဖန်နေကြတဲ့ မြန်မာ့ရုပ်ရှင်လောက အကြောင်းကို အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ ရုပ်ရှင်လောကကိုဆိုရင် အပြစ်ပြောချင်ကြတယ်။ လက်ညှိုး ထိုးချင်ကြတယ်။ မှန်ပါတယ်။ ကျနော်တို့မှာ လိုအပ်ချက်တွေ အများကြီး ရှိခဲ့တာ အမှန်ပါ။ အဲ့အတိုင်း ဘာလို့ ချီတက်လာနိုင်ခဲ့လဲဆို အဲ့အတိုင်း အားပေးတဲ့ ပရိသတ်နဲ့ ဖန်တီးတဲ့သူနဲ့ကို စည်းဝါးကိုက်ပြီး ချီတက်လာကြတာပါပဲ”

“ကျနော်တို့ အခု ရုပ်ရှင်လောကကြီးက ပြောင်းလဲလာကြပါပြီ။ ကားကောင်းတွေ ထွက်လာပါပြီ။ အရုပ်၊ အသံ၊ ကွာလတီကို ကြည့်မလား။ ဇာတ်လမ်း အမျိုးအစားကို ကြည့်မလား။ အားလုံး ပြောနေကြတဲ့၊ ဝေဖန်ရှုတ်ချနေ ကြတဲ့ စကားတွေရဲ့ဆန့်ကျင်ဘက် တကယ့် ကားကောင်းတွေ ထွက်လာပါပြီ။ ကျနော်တို့ အပြောင်းအလဲတွေဖြစ်အောင် အားလုံး တပြိုင်နက်တည်း ကြိုးစားနေကြပါတယ်” လို့ လူမင်းက ပြောပါတယ်။

ဆက်လက်ပြီး “ကျနော်တို့ရုပ်ရှင်လောကကြီးက တချိန်လုံး လက်ညှိုးထိုး ဝိုင်းပြောနေရမယ့် လောကကြီးတော့ မဟုတ်ပါဘူး။ အပြောင်းအလဲတွေဖြစ်အောင် တကယ်လည်း ကြိုးစားနေကြပါတယ်။ ကြိုးစားမှူတွေရဲ့ ပြောင်းလဲမှုတွေကိုလည်း အသိအမှတ် ပြုပေးကြပါ။ ရုပ်ရှင်လောကလို့ ပြောလိုက်တာနဲ့ လက်ညှိုးထိုးစရာ ပြစ်တင် ဝေဖန်စရာလို့ မမြင်စေချင်ပါဘူး” လို့ လူမင်းက ပြောပါတယ်။

သရုပ်ဆောင် လူမင်းဟာ ဒီလို ပြောပြခဲ့တဲ့ စကားလုံးတွေက မကြာသေးခင်က ကျော်ကျော်ဗို ရိုက်ကူးထားတဲ့ ”ကျွန်တော်ရှက်လို့” ဆိုတဲ့ ဇာတ်လမ်းတိုအပေါ် ထားရှိတဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာပါလို့ ဆိုပါတယ်။

”အခု ကျနော် ပြောတဲ့ စကားက အဲဒီအပေါ်မှာ ခံစားပြီး ပြောပြတာပါ။ ကျော်ကျော်ဗို ရိုက်ပြတာတွေ အကုန်လုံးက အမှန်တွေကြီးပါဘဲ။ အဲဒါကို ကျနော်တို့လည်း ပြောင်းလဲနေတာပါပဲ။ ကိုယ့်ဟာကို ကြိုးစားနေတာပါပဲ။ ကျနော်တို့က ထွက်မပြောဘူး။ တခါလေ စိတ်မလုံတာမျိုးတော့ ဖြစ်မိတာပေါ့။ သရုပ်ဆောင်တိုင်းလည်း ဖြစ်တာပါပဲ။ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် ရိုက်လိုက်ရတယ်၊ လုပ်လိုက်ရတယ် ဆိုတဲ့ အကြောင်းပြချက်လည်း လူတိုင်းမှာ ရှိပါတယ်” လို့ လူမင်းက ဆိုပါတယ်။

“ကျနော်တို့ ရုပ်ရှင်လောကဆိုတာကြီးက ပြောလိုက်တာနဲ့ ပြစ်တင် ဝေဖန်စရာတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်း ကိုယ်စွမ်းရှိသရွေ့ပြောင်းလဲနေကြပါတယ်’’ လို့ လူမင်းက ပြောပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် လူမင်းက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးမယ့် “၁၂ ပွဲဈေးသည်” ရုပ်ရှင် ဇာတ်ကားမှာ ဘေထုတ်ရောင်းတဲ့ ကပ်စေးနှဲ လူပျိုကြီးအဖြစ် ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး လတ်တလောမှာ စာရေးဆရာ ချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ပြဇာတ်မှာ ပါဝင်ကပြ ဖျော်ဖြေမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများလည်း ရှိနေပါတယ်။

The post “မြန်မာ့ရုပ်ရှင်လောကကို ကျနော်တို့ ကိုယ်စွမ်းရှိသရွေ့ ပြောင်းလဲနေကြပါတယ်’’ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...