Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Lee Jong-suk ကိုတွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းနှစ်ဦး ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲခံရ

$
0
0

ဘန်ကောက်မြို့ရဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ အကောက်ခွန်အရာရှိအယောင်ဆောင်ပြီး ကိုရီးယားမင်းသား Lee Jong-suk ကို တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းလူမျိုး ပရိသတ်နှစ်ဦး စက်တင်ဘာ ၁၉ ရက်နေ့က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံလိုက်ရတယ်လို့သိရပါတယ်။

အမည်ဖော်ပြမထားတဲ့ အဲဒီအမျိုးသမီး နှစ်ဦးဟာ မင်းသား Lee ကို ဆုံတွေ့နိုင်ဖို့ ကြိုးပမ်းရာမှာ လုံခြုံရေး ဖြတ်သန်းခွင့် တွေကို အသုံးပြုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က လေဆိပ်မှာရှိတဲ့ ကန့်သတ်ဇုံထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အားလုံးက အစီအစဉ်အတိုင်းဖြစ်ခဲ့ပေမယ့် အမျိုးသမီးနှစ်ဦးထဲက တဦးက သူ့ရဲ့ Instagram အကောင့်မှာ အဲဒီကိစ္စကို အသေးစိတ်တင်ခဲ့တာကြောင့် လေဆိပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာပါ။

ထိုင်းနိုင်ငံကို နှစ်စဉ်လာရောက်ပတ်လည်သူ ခရီးသည် ၃၅ သန်းလောက်ရှိပြီး အဲဒီလေဆိပ်ဟာ လူအရှုပ်ဆုံး နေရာလည်း ဖြစ်ပါတယ်။ လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာဆိုရင်တော့ လုံခြုံရေး ဖြတ်သန်းခွင့်ကို လက်လှမ်းပေး နေတဲ့ အကောင်ခွန်အရာရှိတဦးနဲ့ မင်းသား Lee ရောက်ရှိလာမယ့် လမ်းကြောင်း ဖြစ်တဲ့ တားမြစ်ဧရိယာထဲ ဦးဆောင်ခေါ် သွားခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

လေဆိပ်ရဲတပ်ဖွဲ့ အကြီးအကဲ Viroj Tudso က “အခုတော့ အဲဒီအမျိုးသမီးနှစ်ဦးကို ပိုင်နက်ကျူးလွန်မှု နဲ့တရားစွဲထားပြီး သူတို့ကို ပြစ်မှုကျူးလွန်ဖို့ ကူညီပေးခဲ့တဲ့ အရာရှိနှစ်ဦးကို ဝရမ်းထုတ်ထားပါတယ်” လို့ AFP သတင်းဌာနကို ပြောကြားထားပါတယ်။

တကယ်လို့သာ ပြစ်မှုထင်ရှားမယ်ဆိုရင်တော့ သူတို့ဟာ ဒဏ်တပ်ခံရနိုင်ပြီး ထောင်ဒဏ်ငါးနှစ်အထိလည်း ကျခံရနိုင် ပါတယ်။ စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီး တဦးကတော့ မင်းသားရဲ့ လေယာဉ်အချိန်ဇယားကို ရှာပေးရာမှာ ကူညီပေးခဲ့တဲ့အတွက် သူ့သူငယ်ချင်းနဲ့ အတွင်းဖက် ထွက်ခွာဂိတ်ဆီဦးဆောင်ခေါ်သွားခဲ့တဲ့ အခြားပုဂ္ဂိုလ်တဦးကိုလည်း ကျေးဇူးတင်ကြောင်း ပို့စ်တခုထဲမှာ ပြောကြားထားပါတယ်။

အကောက်ခွန်ဝန်ထမ်းအဖြစ် ဟန်ဆောင်စေနိုင်မယ့် ဝတ်စုံအကြောင်း ဖော်ပြခဲ့ပြီး အလုပ်ဖြစ်ခဲ့တဲ့အတွက် သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရတယ်လို့ ပြောဆိုပါတယ်။ အဲဒီအမျိုးသမီးက “ကျမဟာ သူ(မင်းသား Lee) နဲ့ ပထမဆုံး လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။ ကျမရဲ့ လက်တွေကို ဆေးကြောမှာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

လေဆိပ်ကိုယ်စားလှယ်တဦးကတော့ အခုလိုမျိုး ရှက်ဖို့ကောင်းတဲ့ ချိုးဖောက်မှုတွေကို တု့ံ့ပြန်ဖို့ ဝန်ထမ်းလုံခြုံရေး စစ်ဆေးမှုတွေ အပေါ်မှာ ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်သင့်တယ်လို့ ပြောကြားထားပါတယ်။ မင်းသား Lee ဟာ ထိုင်းနိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲတခုပြုလုပ်ဖို့ လာရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: asiaone

The post Lee Jong-suk ကိုတွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းနှစ်ဦး ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles