Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘယ်သွားသွား မြန်မာဆိုတာ သိအောင် ကြိုးစားနေတဲ့ မိုရီဆာကီဝင်း

$
0
0

မိုရီဆာကီဝင်း (ခ) အဝင်းကတော့ သူ့အနေနဲ့ မြန်မာပရိသတ်တွေအတွက် မြန်မာစကားကို ပိုပြီး လေ့လာ ကြိုးစားသင်ယူနေပြီး ဘယ်သွားသွား မြန်မာဆိုတာ သိအောင်ကြိုးစားတယ်လို့ မီဒီယာကို ပြောပါတယ်။

”ပရိသတ်တွေ ချစ်စေတဲ့ အရာကတော့ အပြုံးလို့ထင်တယ်။ ကျနော်မြန်မာစကားတွေ ကျွမ်းလာပြီ မဟုတ်လား၊ ကျနော် ကြိုးစားနေပါတယ်။ မြန်မာစကားလည်း လေ့လာနေတယ်။ ပြီးတော့ ကျနော် ပရိသတ်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာ သူတို့သိလို့ ဖြစ်ပါလိမ့်မယ်” လို့ အဝင်းက ပြောပါတယ်။

“မြန်မာဆိုတာ ဘယ်သွားသိသိအောင် ကြိုးစားနေပါတယ်။ မြန်မာပြည်မှာ Brand Ambassador ခန့် အပ်ခံရတော့ ဂျပန်ပြည်ပြန်ရင် ပိုပြီးခံစားရတာက ထမ်းဆောင်ရတယ်ဆိုတာကို ဂုဏ်ယူတာပေါ့ဗျာ။ နောက်ပိုင်း မြန်မာနိုင်ငံမှာ ရုပ်ရှင်တွေ ရိုက်မှာပါ” လို့ အဝင်းက ဆိုပါတယ်။

အဝင်းဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တိုင်းဒေသကြီး (၃) ခု အတွက် စာပို့ သင်္ကေတ အသိပညာ ဝေငှခြင်းအခမ်းအနားမှာ စာပို့သင်္ကေတ Ambassador အဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဝင်းက သူရဲ့ခံစားချက်ကို အခုလို ဆိုပါတယ်။

“ကိုယ်တိုင် စာရေးပေးပို့လိုက်တဲ့ Fan တယောက်ရဲ့ အချစ်က ပိုပြီးတော့ တိုက်ရိုက် ထိရောက်တယ်လို့ ကျနော်ခံစားရတယ်” လို့ အဝင်းက ပြောပါတယ်။

”ကျနော် Facebook မှာလည်း ရေးတယ်၊ Instagram မှာလည်း ရေးတယ်၊ ပရိသတ်တွေက Comment ပေးရင်တော့ ကျနော် အကုန်လုံး ဖတ်ပါတယ် ခင်ဗျ။ ဒါပေမယ့် Fan Letter ရှိတယ် မဟုတ်လား။ Fan Letter က လက်ရေးနဲ့ ရေးတဲ့ အခါကျတော့ စိတ်ထဲမှာ ခံစားချက်က ဘယ်လို ပြောရမလဲ။ ကိုယ်တိုင် စာရေးပေးပို့လိုက်တဲ့ Fan တယောက်ရဲ့ အချစ်က ပိုပြီးတော့ တိုက်ရိုက် ထိရောက်တယ်လို့ ကျနော် ခံစားရပါတယ်” လို့ သူက ဆိုပါတယ်။

မိုရီဆာကီဝင်းဟာ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင် ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။ မြန်မာသီချင်းကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုနေတာကို တွေ့ရတဲ့ အဝင်းဟာ ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေ လုပ်နေပါတယ်။

အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့က ဂျပန်နိုင်ငံမှာ လူကြိုက်များ အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အဝင်းက ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာမက Hollywood ရုပ်ရှင်ကားတွေမှာပါ ပါဝင် သရုပ်ဆောင်ထားသူ တဦးဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း ကုန်ပစ္စည်း အမှတ်တံဆိပ်များစွာရဲ့ Brand ambassador အဖြစ် ခန့်အပ်ခြင်းကို ခံထားရသူတဦး ဖြစ်ပါတယ်။

The post ဘယ်သွားသွား မြန်မာဆိုတာ သိအောင် ကြိုးစားနေတဲ့ မိုရီဆာကီဝင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး