Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Fan Bingbing ကို အခွန်အာဏာပိုင်တို့ စုံစမ်းစစ်ဆေးနေပြီလို့ အတည်ပြု

$
0
0

တရုတ် အခွန်အာဏာပိုင်တွေဟာ လူမြင်ကွင်းကနေ ၃ လလောက် ပျောက်ကွယ်နေခဲ့တဲ့ မင်းသမီး Fan Bingbing ရဲ့ ကိစ္စနဲ့ ပတ်သက်လို့ နောက်ဆုံးမှာတော့ တုံ့ပြန်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

ကျန်းဆုပြည်နယ် အခွန်ဌာနရဲ့ အဆိုအရ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အာဏာပိုင်တွေ အနေနဲ့ တိကျတဲ့အချိန်တခုမှာ စုံစမ်းစစ်ဆေးချက် ရလဒ်တွေကို ကြေညာချက်တခုနဲ့ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းသမီး Fan ဟာ အိမ်မှာပဲရှိနေတယ်လို့ ဆိုပေမယ့် တခြားဘယ်သူနဲ့မှ ဆက်သွယ်ခွင့် မပြုထားပါဘူး။ ဒါပေမယ့် မင်းသမီးဘယ်မှာ ဘာလုပ်နေတယ်ဆိုတာကို မသိရှိရသေးဘဲ့ သူ့ရဲ့အဖွဲ့ကလည်း မီဒီယာဌာနတွေရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ထားတာတော့ မရှိသေးပါဘူး။

အခုလိုမျိုး မင်းသမီးရဲ့ ပျောက်ချင်းမလှ ပျောက်ဆုံးနေမှုဟာ တရုတ်နိုင်ငံမှာသာမက နိုင်ငံတကာမှာပါ လူစိတ်ဝင်စား ခံနေရတာပါ။ သူ့ရဲ့အသက် ၃၇ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာလည်း မင်းသမီးဟာ Weibo အကောင့်မှာ ပေါ်လာခဲ့ပေမယ့် မွေးနေ့ဆုတောင်းစကားကို ဖျက်ပစ်ခဲ့ပါတယ်။

မင်းသမီးဟာ အခွန်ရှောင်ဖို့ အတွက် ယင်းနဲ့ယန် လို့ခေါ်တဲ့စာချုပ်တွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စာချုပ်တွေဟာ စာချုပ်တခုမှာ မင်းသမီးရဲ့ အမှန်တကယ်ရရှိတဲ့ အနုပညာကြေးကို ဖော်ပြထားပြီး အခြားတခုမှာတော့ ရရှိတဲ့ ပမာဏထက် လျော့နည်းအောင် ဖော်ပြပြီး အခွန် အာဏာပိုင်တွေထံ တင်သွင်းခဲ့တဲ့ တရားမဝင်အစီအမံ တွေ ဖြစ်တယ်လို့ဆိုပါတယ်။

မင်းသမီးဟာ တရုတ်နိုင်ငံမှာ ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ခဲ့ဖူးပြီး “X-Men: Days of Future Past” ရုပ်ရှင်မှာ Blink အဖြစ် သရုပ်ဆောင်ခဲ့ရာကနေ ကမ္ဘာတဝန်းမှာ နာမည်ကျော်ကြား ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလတုန်းကတော့ ကိန်းစ်ရုပ်ရှင်ပွဲတော် ကော်ဇောနီလမ်းမထက်မှာ သူ့ကို မြင်တွေ့ခဲ့ကြရ ပါတယ်။ “355” ရုပ်ရှင်မှာ မင်းသမီး Penelope Cruz နဲ့အတူ ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီး မင်းသား Bruce Willis နဲ့ မင်းသား ဆောင်ဆန်ဟွန်းတို့နဲ့အတူ Air Strike” ဆိုတဲ့ ရုပ်ရှင်မှာ သူ့ကို မြင်တွေ့ကြရဦးမှာပါ။

Ref: asiaone

The post Fan Bingbing ကို အခွန်အာဏာပိုင်တို့ စုံစမ်းစစ်ဆေးနေပြီလို့ အတည်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ