Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပထမဆုံး ရင်သွေးလေးကို လွယ်ထားရတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

$
0
0

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ပရိသတ်တွေအတွက် သတင်းကောင်းလေး မျှဝေလိုက်ပါတယ်။ အဲ့ဒီသတင်းကတော့ သူမမှာ ရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ သတင်းဖြစ်ပြီး အဲဒီသတင်းကို နန်းမြတ်ဖြိုးသင်းက သူမရဲ့ Facebook မှာ အခုလို ရေးသားထားပါတယ်။

“ကျမရဲ့ ဘဝထဲကို နောက်ထပ် အချစ်တခု ဝင်ရောက်လာပြီ။ ဒါကိုမြင်လိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေက ပြောမပြတတ်အောင်ပါပဲ။ အဲဒါကြောင့် ကျမရဲ့ ပျော်ရွှင်မှုကို ကူးစက်ဖို့ အားလုံးကို ဒီပုံလေး ပြလိုက်တယ်” လို့ နန်းမြတ်ဖြိုးသင်းက ရေးသားထားပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက သရုပ်ဆောင်မှုအပိုင်းအပြင် ဂီတမှာလည်း ဝါသနာပါတာကြောင့် သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့အတူ သီချင်းခွေလည်း ထွက်ရှိထားပါတယ်။ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းဟာ ချစ်သူသက်တမ်း ၃ နှစ်ခွဲမှာ ချစ်သူနဲ့အတူ ရွှေလက်တွဲခဲ့ကြတာဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်း ကိုယ်ဝန်ရရှိကြောင်းကိုလည်း အနုပညာ အသိုင်းအဝိုင်းက မိတ်ဆွေများကလည်း ဝမ်းသာ ဂုဏ်ပြုစကားများ ဆိုထားပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ် ရေးထိုးပွဲကို၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၉) ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ (၁၈) ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်း မြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ (၂၇) ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ Let’s go အဖွဲ့နဲ့အတူ ခရီးသွား အစီအစဉ်တွေ ပုံမှန် ရိုက်ကူးနေသလို မော်ဒယ် နန်းသူဇာနဲ့လည်း သီချင်းခွေ ထပ်မံထွက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အိမ်ထောင်ပြုပြီးနောက် အနုပညာအလုပ် ဆက်လုပ်သွားမယ့် နန်းမြတ်ဖြိုးသင်

The post ပထမဆုံး ရင်သွေးလေးကို လွယ်ထားရတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...