အနုပညာရှင်များရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတဲ့ သူများထဲမှာ တဦး အပါအဝင်ဖြစ်တဲ့ အလှမယ် ရွှေအိမ်စည်ကတော့ သူမရဲ့ယုံကြည်မှုက အဟိုက်အပြတ် ဝတ်တဲ့ပေါ်မှာ မမူတည်ပါဘူးလို့ ပြောပါတယ်။
“အိမ်စည်ရဲ့ ယုံကြည်မှုက အဟိုက်အပြတ် ဝတ်တဲ့ပေါ်မှာ မမူတည်ပါဘူး။ ဒါပေမယ့် ဒါကြီး ဝတ်တာကြီးက ဆိုးရွားတယ်လို့လည်း မခံယူထားဘူး။ အိမ်စည် အဆင်ပြေသလို နေတယ်။ ဝတ်ချင်တာ ဝတ်တယ်။ သူများကို သွားထိခိုက်နေတာ မဟုတ်ဘူး။ သူများကို သွားထိခိုက်နေတယ်။ သူများကို အကျင့်ယုတ်နေတယ်။ မသမာမှုတွေ လုပ်နေတာတွေ အများကြီးပဲလေ။ ကိုယ်က ဘာမှမှ လုပ်မနေတာ” လို့ ရွှေအိမ်စည်က ပြောပါတယ်။
အဝတ်အစား ဝတ်တာနဲ့ ပတ်သက်နေပြီး ဝေဖန်နေကြတာဟာ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအရကြောင့်လို့ ထင်မြင်မိပြီး ရွှေအိမ်စည်အနေနဲ့ အတိုင်းအတာတခုအထိ ထိန်းပေမယ့် ပြောတဲ့သူကတော့ ပြောနေမှာပဲလို့ သူက ဆိုပါတယ်။
“Culture ကြောင့်လို့ ထင်တယ်။ အတိုင်းအတာတခုထိတော့ ထိန်းပါတယ်။ ပြောတဲ့သူကတော့ ပြောမှာပဲ။ အိမ်စည်ဘက်က လက်ခံနိုင်ရမယ်။ အားပေးတဲ့သူက အားပေးတယ်။ အိမ်စည်ကတော့ Positive ဘက်ကိုပဲ အာရုံစိုက်ပါတယ်။ အိမ်စည့်ကို အားမပေးတဲ့သူတွေအတွက် လုပ်နေတာ မဟုတ်ပါဘူး” လို့ ရွှေအိမ်စည်က ပြောပါတယ်။
မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ရွှေအိမ်စည်က အိမ်ရှင်မ မလုပ်ချင်ဘူးဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ “အိမ်ရှင်မ မလုပ်ချင်ဘူးတော့မဟုတ်ဘူးပေါ့။ နောက်ပိုင်း ကိုယ်ချစ်တဲ့သူပေါ်လာရင် တပတ်မှာတခါ ချက်ကျွေးတာ စားရမယ်။ အဲဒီလောက်ပဲပေါ့။ အမြဲတမ်းကြီး လုံးဝ မချက်ဘူးဆိုတာတော့ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူ ဆိုရင်တော့ ချက်ကျွေးမှာပေါ့။ အရမ်းကြီး မီးဖိုချောင်ထဲမှာပဲ ဝင်နေရတဲ့မိန်းမတော့ မဖြစ်ချင်ဘူး” လို့ ရွှေအိမ်စည်က ဆိုပါတယ်။
ဆက်လက်ပြီးတော့ သူမက “ဘာကြောင့်လဲဆိုတော့ အိမ်စည်မှာ လုပ်စရာတွေ အများကြီး ရှိတယ်လေ။ ယောကျာ်းနဲ့ မိန်းမမှာ ယောကျာ်းက ဟင်းမချက်ရဘူးလို့ ဘယ်သူပြောလဲ ချက်တတ်အောင် သင်ထားပေါ့။ အိမ်စည်ချက်တတ်ပါတယ်။ တကယ်တော့ တချို့ အရာတွေကတော့ မချက်တာကြာပြီ။ လန်ဒန်မှာတုန်းက အမေချက်ကျွေးတဲ့ ဟင်းလေးတွေထဲက ကိုယ်ကြိုက်တဲ့ ဟင်းလေးဆို မှတ်ထားတယ်။ ပါစတာကို မြန်မာဟင်းအနှစ်လေးနဲ့ လုပ်တာတို့ အဲဒါလေးတွေဆို ချက်တတ်ပါတယ်” လို့ ပြောပါတယ်။
ရွှေအိမ်စည်ကတော့ မကြာခင်မှာ “Miss Supernational 2018” ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အတွေ့အကြုံရှိတဲ့ သူတယောက် ဖြစ်ပေမယ့် ပြင်ဆင်မှုက အရေးကြီးတဲ့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ပြိုင်ပွဲအတွက် ပြင်ဆင်ထားတာတွေတော့ အများကြီးပဲ ထွက်လာမှပဲ အိမ်စည်ချပြပါတော့မယ်။ ဘယ်လောက်ပဲ Talent ရှိတဲ့သူ ဖြစ်နေပါစေ။ ပြင်ဆင်မှုကတော့ အရေးကြီးတာပဲ။ ပြင်ဆင်မှု မရှိရင်တော့ ရှုံးမှာပဲ” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
“အိမ်စည်ရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံကိုယ်စားပြု ဖြစ်ချင်တယ်”
“ကမ်းခြေဆိုတာ အိမ်စည် အမြဲ ကြိုက်တဲ့ နေရာဒေသ” လို့ ဆိုတဲ့ အလှမယ် ရွှေအိမ်စည်
“ကိုယ်လိုချင်တဲ့ အတိုင်းအတာ မရောက်သေးရင် Miss ထပ်ပြိုင်ခွင့်ရှိတယ်” ဆိုတဲ့ ရွှေအိမ်စည်
The post ရွှေအိမ်စည်ရဲ့ ယုံကြည်မှုက အဟိုက်အပြတ် ဝတ်တဲ့ပေါ်မှာ မမူတည်ပါဘူး appeared first on ဧရာဝတီ.