Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“နောက်ထပ် အိမ်ထောင်ရေးဆိုတာ ကျမအတွက် ဘယ်တော့မှ မရှိလာမယ့် ခေါင်းစဉ်တခုပါ”

$
0
0

သရုပ်ဆောင် မင်းထက်ကို သရုပ်ဆောင် နှင်းအိရွှေရည်က ကာမလိမ်လည်မှု ရာဇာသတ်ပုဒ်မ ၄၁၇ နဲ့ အရှေ့ဒဂုံတရားရုံးမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ လှုမှုကွန်ရက် စာမျက်နှာမှာလည်း သရုပ်ဆောင် မင်းထက်ကို ဝေဖန်မှုတွေရှိနေသလို နှင်းအိရွှေရည်ကလည်း ကလေးနဲ့ Single Mother အဖြစ် ရပ်တည်နေတာကြောင့် ပရိသတ်ရဲ့ ကရုဏာသက်ခြင်း ခံနေရပါတယ်။

နှင်းအိရွှေရည်က နောက်ထပ် အိမ်ထောင်လည်း ပြုတော့မှာ မဟုတ်တော့သလို သမီးလေးနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

Single Mother တယောက် အနေနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် နှင်းအိရွှေရည်ကို လတ်တလော ရင်ဆိုင်နေရတဲ့ အမှု အကြောင်း၊ Single Mom တယောက်ရဲ့ ရည်တည်မှုအကြောင်းတွေ ဧရာဝတီ သတင်းဌာနမှ အနုပညာ သတင်းထောက် ချစ်ပိုးက အခုလိုပဲ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ နှင်းအိရွှေရည်နဲ့ ကိုမင်းထက်က ဘယ်လိုတွေ စတွေ့ခဲ့လဲ။ စိုးနန္ဒာကျော်နဲ့လည်း နှင်းအိရွှေရည်က ခင်မင်တယ်လို့ သိရတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

ဖြေ။ ။ ကျမနဲ့ ကိုမင်းထက်နဲ့က စသိခဲ့တာ လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်ကတည်းက ရုပ်ရှင် အစည်းအရုံးက ဖွင့်တဲ့ (၁/၂၀၀၈) သင်တန်းမှာ စပြီးသိခဲ့တာပါ။ စိုးနန္ဒာကျော်နဲ့ ညီမနဲ့က လွန်ခဲ့တဲ့ ၄ နှစ်လောက်က ကျမ မော်ဒယ်လုပ်တယ်။ ကျမပွဲလေးတွေ လုပ်တော့ သူက လာတက်ပေးတယ်။ ကျမပွဲတွေ လာတယ်။ တယောက်နဲ့ တယောက် ခင်မင်ရင်းနှီးတယ်။ သူ့မိဘနဲ့လည်း ကျမက သိတယ်ပေါ့နော်။

မေး။ ။သူတို့က နှင်းအိရွှေရည်ကို သိန်း ၁၅၀ ပေးမယ်ဆိုပြီး ဘာမှ မသက်ဆိုင်ကြောင်းတွေလည်း တောင်းဆိုတယ်လို့ သိရတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ။ ။ တဖက်က ကျမနဲ့ ကလေး ရပ်တည်ဖို့ သိန်း ၁၅၀ ပေးမယ်။ ဒီကလေး အဖေက သူဆိုတာကို လုံးဝ မချပြရဘူး။ ကျမက သိန်း၁၅၀ ယူပြီး ဒီကလေးနဲ့ ဘာပတ်သက်မှုမှ မရှိကြောင်း၊ ကျမနဲ့လည်း ဘာပတ်သက်မှုမှ မရှိကြောင်း ကျမက သူနဲ့ သူ့ပတ်ဝန်းကျင်မှာ ပြောခဲ့တာတွေက “မှားယွင်း စွပ်စွဲခဲ့ပါတယ်” ဆိုပြီးတော့ “ဗီဒီယိုဖိုင်နဲ့ရော၊ စာရွက်စာတမ်းနဲ့ရော လက်မှတ် ထိုးပေးရမယ်။ စိုးနန္ဒာကျော်ရဲ့ မိဘတွေကိုလည်း သွားပြောပေးရမယ်” ဆိုပြီး တောင်းဆိုခဲ့တယ်။ ကျမ လုံးဝ လက်မခံနိုင်တဲ့ အတွက် တရားစွဲခဲ့တာပါ။

သရုပ်ဆောင် နှင်းအိရွှေရည်

မေး။ ။ အခုချိန်မှာရော သားအမိနှစ်ယောက် ဘယ်လိုတွေ လုပ်ကိုင်နေထိုင်နေပါသလဲ။

ဖြေ။ ။ အခုချိန်မှာတော့ ကျမနဲ့ သမီးလေးနဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ အေးချမ်းတဲ့ မိသားစုလေး အဖြစ် ရပ်တည်နေတယ်။ ဘာပူပင်သောကမှမရှိဘူး။ အရမ်းချမ်းချင်မှ ချမ်းသာမယ်။ ကျမသည် ကိုယ်တတ်တဲ့ ပညာနဲ့ ရပ်တည်တယ်။ ကလေးကိုလည်း ပြည့်စုံစွာ ထားပေးနိုင်တယ်။ ယောကျာ်း မရှိပေမယ့်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်လုပ်စားနေပါတယ်။

မေး။ ။ လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့ ရုံးချိန်းက သမီးမွေးနေ့လည်းဖြစ်တော့ မနှင်းအိရွှေရည် အဲ့ရုံးချိန်းကို လာဖြစ်မှာလား။ ဘယ်လို လုပ်ဖို့ရှိလဲ။

ဖြေ။ ။ လာမယ့် ၁၁ရက်နေ့က သမီးလေး ၉ လပြည့်။ သမီးလေးက ကျမအတွက် အရာရာပဲ။ အဲ့အတွက် သမီးလေးကို အများသူငါ ဝတ်စား နေထိုင်နေသလို နေလည်း နေရမယ်။ ကျမ မဝတ်ရ၊ မစားရရင် နေပါစေ။ သမီးလေးက ကျမ ဘဝပါပဲ။ သမီးလေး ရက် ၁၀၀ ဆို ရက် ၁၀၀၊ ၁ နှစ် ဆိုလည်း ၁ နှစ်၊ အထိမ်းအမှတ်ပွဲလေးတွေ အကျဉ်းလေးပဲ ဖြစ်ဖြစ် လုပ်ပေးဖြစ်တယ်။ အခုလည်း မွေးနေ့လေး လုပ်ပေးမယ်။ အဲ့နေ့က ရုံးချိန်းလည်း ရှိနေတော့ မနက်ကို ဆွမ်းကပ်ပြီး ရုံးချိန်း ပြန်လာရင် မွေးနေ့ကိတ်လေး ခွဲမယ်။

မေး။ ။ သမီးလေး မွေးနေ့မှာ အဖေ မရှိတော့ ဒီလို ကိစ္စတွေ ဖြစ်နေတော့ ဘယ်လို ခံစားရလဲ။

ဖြေ။ ။ အမှန်တိုင်းပြောရရင် ကျမတို့ သားအမိနှစ်ယောက် နေသားကျနေပါပြီ။ သမီးနားမှာ ကျမ ရှိနေတာနဲ့တင် သူ ပြည့်စုံနေပါပြီ။ စိတ်မကောင်းတခုဖြစ်မိတာက မွေးနေ့လေးလည်း ဖြစ်တော့ ဟိုနေ့ကလိုမျိုး စိတ်ဒဏ်ရာ ရစေမယ့် အပြုအမှုမျိုး မလုပ်ပါစေနဲ့လို့ ကျမ အကြိမ်ကြိမ်စိတ်ထဲကနေ ဆုတောင်းနေမိပါတယ်။

မေး။ ။ Single Mom တယောက်အနေနဲ့ ဘယ်လိုတွေ လုပ်ကိုင်သွားမလဲ။

ဖြေ။ ။ ကျမ ဒီလိုတွေ ဖြစ်ချိန်မှာ ကျမကို Single Mom တွေ အများကြီး ကျမဆီကို လာကြတယ်။ အမှုကိစ္စ ပြီးရင်ပဲဖြစ်ဖြစ်၊ မပြီးရင်ပဲဖြစ်ဖြစ် Single Mom တွေဘက်က ရပ်တည်ပေးသွားမယ်။

မေး။ ။ အိမ်ထောင်ရေးကို ကြောက်သွားပီလား။ နောက်ထပ် သင့်တော်တဲ့သူတွေ့ရင် အိမ်ထောင် ပြုဖြစ်မလား။

ဖြေ။ ။ နောက်ထပ် အိမ်ထောင်ရေးကတော့ ကျမအတွက် ဘယ်တော့မှ မရှိလာတော့မယ့် ခေါင်းစဉ် တခုပါ။ ဘာကြောင့်လဲဆိုတော့ ကျမမွေးထားတာ သမီးလေး တယောက်၊ ယောကျာ်း တယောက်ကို ယုံကြည်ခဲ့မှု အချစ်တခုကြောင့် ကျမတင် မကဘူး။ ကျမ သမီးလေးမှာလည်း Effect တွေ ဖြစ်တယ်။ နောက်ထပ် အဲ့လိုတွေ အဖြစ်မခံတော့ဘူး။ ။

ဆက်စပ် သတင်းလင့်ခ်ကာမလိမ်လည်မှုနဲ့တရားစွဲခံနေရတဲ့ သရုပ်ဆောင်မင်းထက်ကို အမှုစတင်စစ်ဆေး

The post “နောက်ထပ် အိမ်ထောင်ရေးဆိုတာ ကျမအတွက် ဘယ်တော့မှ မရှိလာမယ့် ခေါင်းစဉ်တခုပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...