Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုယ့်ကို တကယ်လိုအပ်တဲ့နေရာမှာ ဖျော်ဖြေရတာ ပင်ပန်းရကျိုးနပ်တယ်

$
0
0

အဆိုတော် ချမ်းချမ်းက မကြာခင်မှာကျင်းပမယ့် နှစ်စဉ် စီစဉ် ကျင်းပမြဲဖြစ်တဲ့ ပျဉ်းမနားမြို့ရဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ သွားရောက်ဖျော်ဖြေရတာဟာ ကိုယ့်ကို တကယ်လိုအပ်ပြီး အားပေးကြတဲ့အတွက် ဖျော်ဖြေရကျိုးနပ်တယ်လို့ ပြောပါတယ်။

“ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူမှာ ၃၊ ၄ နှစ်တော့ရှိပြီ။ အားပေးတဲ့ ပရိသတ်ကလည်း လိုလိုလားလား ရှိတာရယ်၊ ကိုယ်အပင်ပန်းခံပြီးတော့ဆိုပေးတာကို အသိအမှတ်ပြုတယ်။ ‘နောက်နှစ်တွေ ပြန်လာဆိုဦးနော်’ ဆိုရင် ပင်ပန်းတာက တဝက်လျော့သွားတယ်။ သူတို့တွေက ကိုယ့်ကို တကယ် အလိုရှိတယ်ပေါ့။ အနုပညာဆိုတာက ကိုယ့်ကို တကယ်လိုအပ်တဲ့နေရာမှာ ဖျော်ဖြေရတာ ပင်ပန်းရကျိုးနပ်တယ်။ စိတ်လည်းချမ်းသာတယ်။ ကိုယ့်ကို မလိုချင်တဲ့နေရာ မှာဆိုရင် စိတ်ပင်ပန်းရတယ်။ ပျဉ်းမနားကတော့ ပရိသတ် အခိုင်အမာရှိတဲ့ နေရာလည်း ဖြစ်တယ်” လို့ ချမ်းချမ်းက ပြောပါတယ်။

ဒီနှစ်မှာ သွားရောက်ဖျော်ဖြေတဲ့အခါမှာတော့ သမီးလေးကို ခေါ်သွားမှာဖြစ်ပြီး သမီးလေးကတော့ သွားတဲ့နေရာ တိုင်းလိုက်ချင်တယ်လို့ ချမ်းချမ်းက သမီးဖြစ်သူအကြောင်းကို ပြောပြခဲ့ပါတယ်။

“ဒီနှစ်မှာတော့ သမီးလေးပါမယ် ထင်တယ်။ သူငယ်ချင်းတွေလည်း ပါကြမယ်။ အရင်နှစ်ကလောက် မပင်ပန်းလောက်ဘူး ထင်တယ်။ သီချင်းဆိုလိုက်၊ ကားပေါ်မှာ နားလိုက်ပဲ နေမယ်။ ကလေးပါတဲ့ အခါကျတော့။ သမီးလေးကတော့ အမေသွားတဲ့နေရာကို လိုက်ချင်တယ်ဆိုတော့ အရမ်းမဝေးဘူး ဆိုရင် ခေါ်သွားတယ်။ ဝေးရင်တော့ သူ့အဖေဆီမှာ ထားတယ်။ သူ့အဖေဆီ သွားချင်ရင် သူဖုန်းဆက်တယ်။ လာခေါ်ဆိုရင် အဖေက လာခေါ်တယ်”လို့ ချမ်းချမ်းက ပြောပါတယ်။

စီးပွားရေးအနေနဲ့လည်း သမီးလေးအတွက် ရည်ရွယ်ကာ စားသောက်ဆိုင် ဖွင့်လှစ်ဖို့ရှိပြီး သီချင်းတွေကိုလည်း ပရိသတ်နဲ့ အဆက်မပြတ်အောင် လုပ်နေတယ်လို့ သိရပါတယ်။

အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့လည်း “ကိုနီတာရဲ့ ၆ ရက်နေ့မှာ လုပ်မယ့်ပွဲမှာ ဧည့်သည် အဆိုတော်အဖြစ် သွားဆိုပေးဖို့ ရှိတယ်။ ပြီးတော့ M United ကထုတ်တဲ့အခွေထဲမှာ ကျမ ရေးထားတဲ့ သီချင်းတပုဒ်ကို ဆိုထားတာ ရှိတယ်။ သီချင်းနာမည်ကတော့ “ထားခဲ့လိုက်ပြီ”။ ကိုယ်ပိုင်ခံစားချက်တော့ မဟုတ်ဘူး။ အခုခေတ်မှာ ယောင်္ကျားလေးတွေ မိန်းကလေးတွေရဲ့ ချစ်၊ ကြိုက်၊ ကွဲ၊ ညား အရမ်းမြန်တဲ့အရာတွေကို ဦးတည်ပြီး ရေးထားတာပါ” လို့ ချမ်းချမ်းက ပြောပါတယ်။

The post ကိုယ့်ကို တကယ်လိုအပ်တဲ့နေရာမှာ ဖျော်ဖြေရတာ ပင်ပန်းရကျိုးနပ်တယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles