Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လက်ရှိ ပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးအကြောင်း ပြောပြတဲ့ သန္တာလှိုင်

$
0
0

မြန်မာနိုင်ငံရဲ့ ထိပ်တန်း စူပါမော်ဒယ် တယောက်အနေနဲ့ အချိန်ကာလ အတော်ကြာ ရပ်တည်လျက် ရှိပြီး ယနေ့ထက်တိုင် အောင်မြင်နေတဲ့ မော်ဒယ် သန္တာလှိုင်က သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အားကျစရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

စူပါမော်ဒယ် သန္တာလှိုင်ကတော့ သူမ ဖြတ်သန်းခဲ့တဲ့ ယခင် အိမ်ထောင်ရေးနဲ့ ယခု လက်ရှိမှာ အောင်မြင် ပျော်ရွှင်အောင် ထိန်သိမ်းထားတဲ့ အိမ်ထောင်ရေး အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကျမရဲ့ အရင်အမျိုးသားကလည်း တယောက်နဲ့ တယောက်နားလည်ပြီးတော့ ကလေးတွေ အတွက်ကို မိသားစုဆိုတာ ရှိနေသင့်တယ်။ လင်မယား မပေါင်းတော့တာနဲ့ မိသားစု မဟုတ်တော့ဘူးလို့ မသတ်မှတ်ဘဲနဲ့ သွေးမတော် သားမစပ်ဘဲနဲ့လည်း မိသားစုအနေနဲ့ နေလို့ ရတယ်ဆိုတာကို လက်ခံလိုက်တယ်။ သဘော တူလိုက်ကြတယ်”

“အမျိုးသမီးထုကြီးကိုလည်း မျှဝေချင်တယ်။ အိမ်ထောင်ကွဲသွားတာနဲ့ ရန်သူတွေလို ဖြစ်သွားစရာ မလိုပါဘူး။ တယောက်ကို တယောက် အဆုံးထိ မိသားစုအနေနဲ့ ရပ်တည်လို့ရတယ်ဆိုတာကို သိစေချင်တာပါ။ အဲဒါကြောင့် ကျမရဲ့ အိမ်ထောင်ရေးနဲ့ အတွင်းရေးတွေကို မကွယ် မဝှက်ဘဲနဲ့ ချပြပေးတာပါ” လို့ သန္တာလှိုင်က ပြောပါတယ်။

ယခင်က ကလေး ၂ ဦး ရရှိပိုင်ဆိုင်ခဲ့တဲ့ အိမ်ထောင်ဖက်နဲ့ ကွဲကွာပြီးနောက်မှာတော့ နောက်ထပ် အိမ်ထောင်ရေးကို ထူထောင်ခဲ့တာ အောက်တိုဘာလ ၆ ရက်နေ့မှာ တနှစ်ပြည့်လို့ သွားခဲ့ပါပြီ။

ကလေး ၂ ယောက်ရဲ့ဖခင်နဲ့ အိမ်ထောင်ရေးအရ ပြတ်ဆဲခဲ့ပေမယ့် ယခုအချိန်မှာတော့ မိသားစု တခုကဲ့သို့ ခေါ်ပြောလျက်ရှိပြီး သန္တာလှိုင်က သူမရဲ့ အိမ်ထောင်ရေး အကြောင်းအရာများကိုလည်း ပရိသတ်များကို မကွယ် မဝှက်တမ်း ချပြလျက်ရှိပါတယ်။

“ကျမရဲ့ အရင် အမျိုးသားဟောင်းနဲ့ ပတ်သက်ပြီးတော့ ကျမတို့ မိသားစုလို ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နဲ့ ပံ့ပိုးပြီးနေနေတယ် ဆိုတာကို ဖွက်မထားဘူး ဆိုတာကလည်း ကျမ မြင်တွေ့နေရတဲ့ မိသားစု၊ အိမ်ထောင် ကွဲသွားရင် တယောက်နဲ့ တယောက် မခေါ်တာ၊ မပြောတာ၊ မျက်နှာချင်း မဆိုင်ကြတော့တာတွေ မြင်တွေ့နေရတယ်”

“အဲဒီလို တွေ့မြင်ရတာ ရင်ထဲမှာ သိပ်မကောင်းဘူး။ ကျမက အိမ်ထောင် ကွဲခါနီးတုန်းကလည်း ကွဲသွားကြရင် အဲဒီလို ဖြစ်သွားကြမလား ဆိုပြီးတော့ စိုးရိမ်ရတယ်။ ဒါပေမဲ့လည်း ကိုယ်တယောက်တည်းနဲ့ မပြီးပါဘူး”လို့ သန္တာလှိုင်ကပြောပါတယ်။

သန္တာလှိုင်က သူမရဲ့ အိမ်ထောင်ရေး အကြောင်းအရာများကိုလည်း မကွယ် မဝှက်တမ်း ချပြလေ့ ရှိသူပါ (ဓာတ်ပုံ – Thandar Hlaing’s Facebook)

အခုအချိန်မှာတော့ သူမ ကြိုးစားခဲ့တဲ့အရာများက ပင်ပန်းရကျိုး နပ်ခဲ့ပြီး အောင်မြင် ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင် ရရှိနေတယ်လို့ သန္တာလှိုင်က ဆိုပါတယ်။

“အဓိကက သားသမီးတွေ အတွက်ပါပဲ။ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ ဒဏ်ရာ မရအောင်ပါ။ ဒါပေမယ့် ဒဏ်ရာ မရဘူးလို့ ဘယ်လိုပဲပြောပြော မိသားစုကွဲတဲ့အချိန်မှာ အနည်းနဲ့ အများတော့ စိတ်ဒဏ်ရာ ရှိခဲ့ပါတယ်။ ကလေးတွေမှာ အရင်ကလို မဟုတ်ဘဲနဲ့ တခြား အိမ်ထောင်ကွဲ မိသားစုတွေနဲ့ ယှဉ်လိုက်ရင် သူတို့မှာ လုံခြုံမှုအပြည့်နဲ့ သူတို့မှာ မိသားစု ၂ ခု ရှိတယ်။ ဘယ်ဘက်ကိုသွားသွား လုံခြုံမှုရှိတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ကျမ ပင်ပန်းရကျိုး နပ်တယ်။ ကြိုးစားရကျိုး နပ်တယ်လို့ ထင်ပါတယ်”လို့ သန္တာလှိုင်က ဆိုပါတယ်။

လက်ရှိ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးကတော့ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့တဲ့ အိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်ထားပြီး ပုံမှန် အိမ်ထောင်ရေးတွေလိုမျိုးပဲ တယောက်နဲ့ တယောက် ရန်ဖြစ်တာမျိုးတွေလည်း ရှိတယ်လို့ သန္တာလှိုင်က ပြောပါတယ်။

“အခုလက်ရှိ အိမ်ထောင်ရေးက ကျမ ဟိုးငယ်ငယ်ကတည်းက ကျမ စိတ်ကူးယဉ်ထားတဲ့ အိမ်ထောင်ရေးဆိုတာ ဒါမျိုးပါလားဆိုပြီး နားလည်ထားတဲ့အတိုင်း အကောင်အထည် ဖော်တယ်လို့ ပြောရင် ရပါတယ်။ တယောက်နဲ့ တယောက် ရန်ဖြစ်တာတွေလည်း ရှိပါတယ်။ အဲဒါမျိုးတွေမှ မရှိရင် သာမန် မဟုတ်တဲ့ အိမ်ထောင်ရေးမျိုး ဖြစ်နေမှာပါ”လို့ သန္တာလှိုင်က ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

 Facebook ပေါ်မှာ ဝေဖန်ခံရတဲ့အပေါ် ဝမ်းသာဂုဏ်ယူတယ်ဆိုတဲ့ သန္တာလှိုင်

မော်ဒယ်လ် သန္တာလှိုင်ပေးလိုက်တဲ့ အမျိုးသမီးရေးပုစ္ဆာ

The post လက်ရှိ ပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးအကြောင်း ပြောပြတဲ့ သန္တာလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...