Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုံဝင်ငွေစာရင်းမှာ “A Star Is Born”ရုပ်ရှင်ကို ကျော်တက်သွားတဲ့ “Venom”

$
0
0

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာတော့ အများက မျှော်လင့်စောင့်စားနေကြတဲ့ ရုပ်ရှင် ၂ ကားကို စတင် ရုံတင်ခဲ့ပြီး အဲဒီရုပ်ရှင် ၂ ကားလုံးအတွက် သတင်းကောင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအထဲက ရုပ်ရှင်တကားကသာ ရုံဝင်ငွေ စာရင်းနံပါတ် ၁ နေရာကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Variety ရဲ့ အဆိုအရ မင်းသား Tom Hardy ပါဝင်သရုပ်ဆောင်ထားတဲ့ Marvel ဟီးရိုးရုပ်ရှင် “Venom” က မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ပထမဆုံး ရုံတင်တဲ့ သီတင်းပတ်ကုန်ပိုင်းအတွက် ဝင်ငွေ ဒေါ်လာ သန်း ၈၀ ရရှိခဲ့ပြီး ကမ္ဘာတဝန်းမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၁၂၅ ဒဿမ ၂ သန်းရရှိခဲ့တယ်လို့ဆိုပါတယ်။

အခုလိုမျိုး အဲဒီရုပ်ရှင်ရဲ့ အောင်မြင်မှုဟာ ရုပ်ရှင်သမိုင်းမှာ အောက်တိုဘာလအတွက် အဖွင့် သီတင်းပတ် ရုံဝင်ငွေ အများဆုံး ရုပ်ရှင်ဖြစ်တယ်လို့ Variety မီဒီယာက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ “Venom” ရုပ်ရှင်ဟာ ဒါရိုက်တာ၊ မင်းသား Bradley Cooper နဲ့ အဆိုတော်၊ မင်းသမီး လေဒီဂါဂါတို့ရဲ့ “A Star Is Born” ရုပ်ရှင်တဲ့ ထိပ်တိုက် ဆုံခဲ့တာဖြစ်ပေမယ့် ခန့်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ရုံဝင်ငွေ ဒေါ်လာ ၄၂ ဒဿမ ၆ သန်း ရရှိပြီး ကမ္ဘာတဝန်းမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၅၆ ဒဿမ ၆ သန်း ရရှိခဲ့တာကို တွေ့ရပါတယ်။

Warner Bros. ရဲ့ပြည်တွင်း ဖြန့်ချိရေးအကြီးအကဲ Jeff Goldstein က “ A Star Is Born” ရုပ်ရှင်ဟာ ရုံဝင်ငွေ စာရင်းမှာ အချိန်တော်တော်ကြာ အောင်မြင်ဖို့ရှိတဲ့အကြောင်းနဲ့ လပေါင်းများစွာကြာ ရပ်တည်နေမယ့် ရုပ်ရှင်တခုဖြစ်ပြီး ပရိသတ်ထုကြီး အထူးသဖြင့် လူငယ် ပရိသတ်တွေကြားမှာ အထူးအောင်မြင်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ ရုံဝင်ငွေစာရင်းထဲ ထိပ်ဆုံး ရုပ်ရှင်ငါးခုထဲမှာ ကျန်ရှိတာတွေကတော့ ဒေါ်လာ ၁၄ ဒဿမ ၉ သန်းရရှိခဲ့တဲ့ “Smallfoot” ရုပ်ရှင်၊ ဒေါ်လာ ၁၂ ဒဿမ ၂ သန်းရရှိခဲ့တဲ့ “Night School” ရုပ်ရှင်နဲ့ ဒေါ်လာ ၇ ဒဿမ ၂ သန်းရရှိခဲ့တဲ့ “The House With A Clock In Its Walls” ရုပ်ရှင်တို့ပဲ ဖြစ်ပါတယ်။

ထိပ်ဆုံးနေရာအတွက် ထိပ်တိုက်တွေ့ခဲ့ကြတဲ့ “Venom” နဲ့ “A Star Is Born” ရုပ်ရှင်တို့ရဲ့ ဂယက်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စလို့ ဂယက်တော်တော်လေး ကြီးမားခဲ့တာကို တွေ့ရပါတယ်။

“Venom” ရုပ်ရှင်ကို အထူးပွဲအနေနဲ့ ပြသခဲ့ပြီးတဲ့နောက် လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ အဆိုးမြင်မှတ်ချက်တွေ ထွက်ပေါ်ခဲ့ရာ ကနေစလို့ ရုပ်ရှင်ချစ် ပရိသတ်နှစ်ဖက်ကြား အချင်းများခဲ့ကြပြီး အပြန်အလှန် စွပ်စွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: etcanada

The post ရုံဝင်ငွေစာရင်းမှာ “A Star Is Born” ရုပ်ရှင်ကို ကျော်တက်သွားတဲ့ “Venom” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...