Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျိမ်းစ်ဘွန်းနေရာမှာ ဘယ်တော့မှ အမျိုးသမီး ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြောကြား

$
0
0

အခုလတ်တလော လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ မင်းသား Daniel Craig လက်ထဲကနေ ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ကို မင်းသား Idris Elba က လက်လွှဲယူမယ်ဆိုတဲ့ ကမ်ပိန်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် 007 အေးဂျင့်နေရာမှာ အမျိုးသမီးတဦး ဖြစ်လာနိုင်မလားဆိုတဲ့ သတင်းတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

The Guardian မီဒီယာရဲ့ အင်တာဗျူးတခုမှာတော့ ဂျိမ်းစ်ဘွန်းရုပ်ရှင် ထုတ်လုပ်သူ Barbara Broccoli က ကမ္ဘာကျော် လျှို့ဝှက်ထောက်လှမ်းရေး ဇာတ်ကောင်နေရာမှာ အမျိုးသမီးအနေနဲ့ အပြောင်းအလဲ လုပ်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ထုတ်လုပ်သူ Broccoli က “ဘွန်းက အမျိုးသားပါ။ သူဟာ အမျိုးသားဇာတ်ကောင်ပါ။ သူ့ကို အမျိုးသားတဦးအနေနဲ့သာ ရေးသားထားတာဖြစ်ပြီး သူဟာ အမျိုးသားတယောက်အနေနဲ့ပဲ ဆက်ရှိနေမယ်လို့ ကျမထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး လျှို့ဝှက်ထောက်လှမ်းရေး နေရာမှာ အမျိုးသမီးတဦးကို မြင်တွေ့ရဖို့ ပရိသတ်တချို့က ဆန္ဒရှိနေတဲ့အကြောင်း နဲ့ပတ်သက်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ သူက “ဒါကပဲ အဆင်ပြေမှာပါ။ အမျိုးသားဇာတ်ကောင်တွေကို အမျိုးသမီး အနေနဲ့ ကျမတို့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အမျိုးသမီး ဇာတ်ကောင်အသစ်တွေ ဖန်တီးပြီး အဲဒီအမျိုးသမီး ဇာတ်ကောင်တွေနဲ့ လိုက်ဖက်ညီတဲ့ ဇာတ်လမ်းတွေ ဖန်တီးကြရအောင်” လို့ ပြောဆိုခဲ့ပါတယ်။

အခုလိုမျိုး အမျိုးသမီး ထုတ်လုပ်သူ Broccoli ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ပရိသတ် တော်တော်များများကလည်း ဝေမျှပြောဆိုတာတွေ ရှိခဲ့ပါတယ်။

Entertainment Weekly ကရေးသားခဲ့တဲ့ သတင်းဆောင်းပါးမှာဆိုရင် ပရိသတ် တဦးက “Atomic Blonde ရုပ်ရှင်ဟာ အမျိုးသမီး 007 နဲ့ သိပ်ဆင်တူပါတယ်။ အဲဒီဟာကိုပဲ နောက်ဆက်တွဲ ဇာတ်လမ်း ဆက်ထုတ်ပါ။ စစ်အေးခေတ်မှာ ဇာတ်အိမ်တည်မယ်ဆိုရင်တောင် စပိုင်ဇာတ်လမ်းမှာ အလုပ်ဖြစ်မှာပါ” လို့ ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။

မင်းသား Craig ဟာ သူ့ရဲ့ဇာတ်ကောင် ဂျိမ်းစ်ဘွန်းအဖြစ် “Bond 25” ရုပ်ရှင်မှာ နောက်ဆုံးအကြိမ် အဖြစ် ပါဝင်မှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာ နုတ်ထွက်သွားခဲ့တဲ့ ဒါရိုက်တာ Danny Boyle နေရာမှာ Cary Fukunaga ကို ခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။ ရုပ်ရှင်ပြသမယ့် အချိန်ကိုလည်း ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ရွှေ့ဆိုင်းထားပါတယ်။

ဆက်စပ်ဖတ်ရှုရန်“Bond 25” ရုပ်ရှင်ပြသမယ့်အချိန်ကို ၂၀၂၀ ခုနှစ်အထိ နောက်ဆုတ်

ရိုက်ကူးနေတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ ဒါရိုက်တာနုတ်ထွက်

Ref: aceshowbiz

The post ဂျိမ်းစ်ဘွန်းနေရာမှာ ဘယ်တော့မှ အမျိုးသမီး ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြောကြား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...