Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသည်းကွဲပြီးကတည်းက အချစ်ရေးကို ဦးစားမပေးတော့တဲ့ ချမ်းမင်းရဲထွဋ်

$
0
0

“ည” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားပြီး ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ချမ်းမင်းရဲထွဋ်ကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အသည်းကွဲခဲ့ပြီးနောက်မှာတော့ အချစ်ရေးကို ဦးစားမပေးတော့ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အချစ်ရေးကတော့ Single ပါ။ တကယ် မရှိသေးပါဘူး။ ကျနော်အလုပ်ကိုပဲ ဦးစားပေးဖြစ်နေပါတယ်။ အသည်း ကွဲဖူးတယ်။ အသည်းကွဲပြီးကတည်းက အချစ်ရေးကို ဦးစားမပေးတော့ဘူး။ အသည်းကွဲတဲ့ဒဏ်ကို မခံနိုင်ဘူး။ လွန်ခဲ့တဲ့ ၃၊ ၄နှစ်လောက်က ကွဲပြီးသွားတော့ အချစ်ကို သိပ်ဦးစားမပေးတော့ဘူး။ အဓိကက ချုပ်ချယ်တာတွေ များလို့ ပြတ်သွားတာ” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။

အသည်းကွဲသွားပြီး အချစ်ကိုကြောက်သွားတယ်ဆိုတာထက် အပူမရှာချင်တော့တာဖြစ်ပြီး ချမ်းမင်းရဲထွဋ်က အရမ်းသဝန်တိုတတ်တယ်လို့ ပြောပါတယ်။

“အချစ်ကိုကြောက်သွားတယ် ဆိုတာထက် ထပ်ပြီးတော့ အပူမရှာချင်တော့တာ။ ဘာလို့လဲဆိုတော့ ကျနော်ဆိုရင် အရမ်းသဝန်တိုတတ်တယ်။ အဲဒါကြောင့် ရည်းစား မထားချင်ဘူး။ အခု အလုပ်ကို ဦးစားပေးနေတာများတယ်” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။

နောက်ထပ် ချစ်သူ ရွေးချယ်ဖြစ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ရွေးဖြစ်မလဲဆိုတာကိုတော့ ချမ်းမင်းရဲထွဋ်က “အဓိကက ကျနော်က အရမ်းနားလည်ပေးတတ်တယ်။ အမုန်းတရားဆိုတာ သိပ်မရှိဘူး။ တချို့သူငယ်ချင်းတွေဆို အနုပညာ အလုပ်လုပ်တဲ့ အချိန်မှာဆိုရင်လည်း မနာလိုတာတွေ သူငယ်ချင်းအချင်းချင်း ကျော်တာခွတာတွေ ကြုံဖူးတယ်”

“ဒါပေမယ့် ကျနော်အမုန်းတရားတွေ သိပ်မရှိဘူး။ Positive ဘက်ကပဲ တွေးတယ်။ ကျနော့်ရည်းစားဖြစ်လာမယ့်သူ ချစ်သူဖြစ်လာမယ့်သူကို စိတ်ကောင်းကောင်းထားတတ်တဲ့ သူမျိုးကိုပဲလိုချင်တယ်။ ရှာတော့မရှာနေဘူး။ တွေ့လာရင်တော့ ထားဖြစ်သွားမှာပါ” လို့ ပြောပါတယ်။

ချမ်းမင်းရဲထွဋ်ကတော့ “ည” ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီးနောက်မှာတော့ ပရိသတ်များက လက်ခံလာခဲ့တဲ့ သရုပ်ဆောင်တယောက်ဖြစ်လာခဲ့ပြီး အခုလက်ရှိမှာလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားထဲမှာ ဗီလိန်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ဒါရိုက်တာဝိုင်းနဲ့အတူ “ကံ့ကော်နီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

The post အသည်းကွဲပြီးကတည်းက အချစ်ရေးကို ဦးစားမပေးတော့တဲ့ ချမ်းမင်းရဲထွဋ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး