Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်ဆီ မုန်တိုင်းနဲ့ လာမယ့် အဆိုတော် ဖြူဖြူကျော်သိန်း

$
0
0

အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ အမေရိကန်အဆိုတော် Lancifer တို့က “STORM” လို့ အမည်ပေးထားတဲ့ Mini Album ကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ သူတို့နှစ်ဦး စုံတွဲ သီဆိုထားတဲ့ “Miracle” သီချင်း အားပေးခံရတဲ့ အပေါ်မှာ ဒီ Storm အခွေဖြစ်ဖို့ ခွန်အားရသွားတာကြောင့် ထွက်ဖြစ်ခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

“ဒီအခွေလေးက ဖြူဖြူရဲ့ ၇ ခွေမြောက်လည်း ဖြစ်ပါတယ်။ ၄ ခွေမြောက် ကိုယ်ပိုင်သံစဉ်ထုတ်လုပ်မှု ဖြစ်ပါတယ်။ ပထမဆုံး ကပြားအခွေ ထုတ်လုပ်မှုလည်း ဖြစ်ပါတယ်။ Native Speaker လို ပြောရတာလေးပဲ ရှိတာပါ။ အကုန် အဆင်ပြေပါတယ်။ Miracle သီချင်းလေး အားပေးခံရတဲ့ အပေါ်မှာ ဒီ STORM အခွေလေးဖြစ်ဖို့ ခွန်အားရသွားတာပါ”

“ဒီနာမည်လေး ပေးဖြစ်တာက ဒီနာမည်လေး စဉ်းစားချိန် မုန်တိုင်းတိုက်နေတယ်။ မုန်တိုင်းလိုပဲ လာမယ်ဆိုတဲ့ သဘောပါ။ ဒါက ကျိန်းကျေသွားပါတယ်။ တကယ်မုန်တိုင်းတွေ မရှိတော့ပါဘူး။ အဲ့ နိမိတ်ကိုလည်း ဆောင်ပါတယ်။ သီချင်းအသစ် ၄ ပုဒ် ပါပါတယ်။ Miracle သီချင်းလေးကို ပြန်ထည့်ပေးထားတယ်။ အားလုံး ၅ ပုဒ် ပါမှာပါ” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“EDM, Pop Dance အမျိုးအစားတွေပါပဲ။ အွန်လိုင်းပေးမှာ Free ဖြန့်တာနဲ့ သိပ်မတူဘူးပေါ့။ ဈေးကွက် အားဖြင့်လည်း Challenge ဖြစ်တယ်။ စွန့်စားမှုများပါတယ်။ ဖြူဖြူတို့အနေနဲ့ စီးပွားရေးအရ အောင်မြင်ဖို့တို့ ပေါက်ဖို့တို့ ပေါ်ပြူလာဖြစ်ဖို့ ဆိုတာထက် အဲ့တာတွေကို ကြည့်ပြီး လုပ်ခဲ့တာမဟုတ်ဘူး”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

နိုင်ငံခြားသားတွေနဲ့ပဲ အလုပ်လုပ်တော့မှာလား ပြည်တွင်းက လုပ်ဖော်ကိုင်ဖက်တွေက အားနည်းနေလို့လားဆိုပြီး စိုးရိမ်စိတ်ပူကြနေတယ်လို့လည်း ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

“တချို့က စိုးရိမ်ကြတယ်။ နိုင်ငံခြားသားတွေနဲ့ပဲ အလုပ်လုပ်တော့မှာလားပေါ့။ ပြည်တွင်းကလုပ်ဖော်ကိုင်ဖက်တွေက အားနည်းနေလို့လားဆိုပြီး စိုးရိမ်စိတ်ပူကြတယ်။ အသစ်သစ်သော အတွေးအခေါ်အယူအဆ လုပ်နည်းကိုင်နည်း ဂီတသံစဉ်အသစ်ကလေးတွေကို ကိုယ့်နိုင်ငံရဲ့ ဂီတရပ်ဝန်းထဲကို ထည့်လိုက်ခြင်းဖြင့် ပိုပြီးတော့ အမယ်စုံမယ်။ ပိုပြီးတော့ သွက်လက်တက်ကြွပြီး အရာင်စုံလေးဖြစ်လာမယ်”

“ဖြူဖြူနဲ့ အလုပ်လုပ်တဲ့ အတွက် ဖြူဖြူနဲ့ပဲ လုပ်ရမယ်လို့ တဖက်သက် စာချုပ်ချုပ်ဆိုထားခြင်း မရှိပါဘူး။ သူတို့ကလည်း သူတို့ကို စိတ်ဝင်စားတဲ့ အနုပညာသမားတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ အဆင်သင့်ပါဆိုတာကိုလည်း ပြောချင်ပါတယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်းဟာ ပရိသတ်တွေရဲ့ အားပေးမှုရရှိထားတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းဟာ ဂီတသက်တမ်း ၁၅ နှစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီတေးစီးရီးခွေ ပရိုမိုးရှင်းပွဲကိုတော့ အောက်တိုဘာ ၁၄ ရက်နေ့၊ ရန်ကုန်မြို့၊ လှည်းတန်းစင်တာမှာ ညနေ ၃ နာရီကနေ ညနေ ၆ နာရီထိ ပြုလုပ်သွားမှာဖြစ်ပြီး ပရိသတ်တွေ့နဲ့ တွေ့ဆုံကာ သီချင်းများ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် ဂီတသက်တမ်း ၁၅နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်း

The post ပရိသတ်ဆီ မုန်တိုင်းနဲ့ လာမယ့် အဆိုတော် ဖြူဖြူကျော်သိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...