Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမေရိကန်ဂီတဆုပေးပွဲ ဆုရရှိမှုစံချိန်တင်ခဲ့တဲ့ အဆိုတော် Taylor Swift

$
0
0

လက်ရှိအမေရိကန်နိုင်ငံရေးမှာ အငြင်းပွားစရာဖြစ်နေတဲ့ အဆိုတော် Taylor Swift က ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ အမေရိကန် ဂီတဆုပေးပွဲမှာ ဆုကြီးရရှိခဲ့ပြီး သက်တမ်းဝက်ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ပရိသတ်တွေမဲပေးရွေးချယ်မှုနဲ့ ပြုလုပ်တဲ့ အမေရိကန် ဂီတဆုပေးပွဲမှာ Drake, Post Malone, ဗြိတိသျှအဆိုတော် Ed Sheeran နဲ့ ရော့ခ်တီးဝိုင်း Imagine Dragons တို့ကို ကျော်ဖြတ်ပြီး တနှစ်အကောင်းဆုံးအနုပညာရှင်ဆုကို စတုတ္ထ အကြိမ်မြောက်အဖြစ် စံချိန်တင် ရရှိသွားခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံးအမျိုးသမီး Pop အနုပညာရှင်ဆု၊ အကောင်းဆုံး နယ်လှည့်ဖျော်ဖြေပွဲဆုနဲ့ ၂၀၁၇ ခုနှစ်မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ “Reputation” အယ်လ်ဘမ်အတွက် အကောင်းဆုံး Pop အယ်လ်ဘမ်ဆု အပါအဝင် အခြားဆု ၃ ခုကိုလည်း ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ အဆိုတော် Swift ဟာ နိုင်ငံရေးနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ရာကနေ စကားအချေအတင်ဖြစ်စေမယ့် စကားမျိုးပြောဆိုခဲ့ပြီး နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်ကွန်ဂရက်လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲမှာ တန်နန်စီ ပြည်နယ်မှ ဒီမိုကရက်ပါတီဝင်နှစ်ဦးကို မဲပေးကြဖို့ ကြေညာခဲ့ပါတယ်။

လော့စ်အင်ဂျလိစ်မြို့မှာပြုလုပ်ခဲ့တဲ့ အမေရိကန်ဂီတဆုပေးပွဲမှာတော့ အဆိုတော် Swift က ပရိသတ်တွေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအနေနဲ့ အိမ်ပြန်ပြီး မဲပေးကြဖို့ ပြောဆိုခဲ့ပါတယ်။

ဆုကိုလက်ခံရယူချိန်မှာ အဆိုတော် Swift က “ဒီညမှာပေးအပ်တဲ့ ဒီဆုနဲ့ ဆုတိုင်းကို လူတိုင်းက မဲပေးခဲ့ကြတာပါ။ ပြီးတော့လူတွေက မဲပေးမယ်ဆိုရင် ဘာဖြစ်မလဲ။ နိုဝင်ဘာလ ၆ ရက်မှာ သက်တမ်းဝက်ရွေးကောက်ပွဲတွေရှိပါတယ်။ အပြင်ထွက်ပြီး မဲပေးကြပါ” လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီဆုပေးပွဲမှတော့ နယူးယောက်မြို့မှ Rap အဆိုတော် Cardi B က J.Balvin နဲ့ Bad Bunny တို့နဲ့အတူ “I Like It” သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း နာမည်ကျော်ကြားလာတဲ့ အဆိုတော် Cardi B က အကောင်းဆုံး hip-hop/rap အနုပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရပေမယ့် အကောင်းဆုံးမျက်နှာသစ် အနုပညာရှင်ဆုကိုတော့ ကျူးဘားနွယ်ဖွား အဆိုတော် Camila Cabello က ရရှိခဲ့ပါတယ်။

အခြားဆုရရှိခဲ့သူ တွေထဲမှာတော့ Post Malone (အမျိုးသား Pop/Rock အနုပညာရှင်ဆု)၊ Khalid (အမျိုးသား soul/R&B အနုပညာရှင်ဆု)၊ အမေရိကန်ကျေးလက်ဂီတအဆိုရှင် Carrie Underwood တို့ပါဝင်ပါတယ်။

အဆိုတော် Carrie ကတော့ ၁၃ ခုမြောက်အမေရိကန်ဂီတဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS ကတော့ အကြိုက်ဆုံးဆိုရှယ်အနုပညာရှင်ဆုကို ရရှိပြီး အမေရိကန်ဂီတဆုပေးပွဲမှာ ဆုရရှိတဲ့ ပထမဆုံး ကိုရီးယားအဖွဲ့ဖြစ်လာခဲ့ပါတယ်။

Ref: asiaone

The post အမေရိကန်ဂီတဆုပေးပွဲ ဆုရရှိမှုစံချိန်တင်ခဲ့တဲ့ အဆိုတော် Taylor Swift appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...