Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Heart Attack ဖြစ်သွားတဲ့ ဟိန်းမင်းသူရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

$
0
0

ဆယ်ကျော်သက် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုခံနေရတဲ့ မော်ဒယ်အဆိုတော် ဟိန်းမင်းသူတယောက် အားကစားလုပ်ရင်း Heart Attack ဖြစ်တာကြောင့် အောက်တိုဘာ ၉ ရက်နေ့က ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ အခုလို ဖြစ်ပွားခဲ့တာကြောင့် အလုပ်တွေဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။

“ကျနော် အားကစားလုပ်ရင်း နှလုံး Heart Attack ဖြစ်ပြီး ရုတ်တရက်ဆိုသလို ဆေးရုံရောက်သွားလို့ ဒီနေ့လက်ခံထားတဲ့ အလုပ်ကိစ္စများ အကြောင်းမကြားဘဲဖျက်လိုက်ရလို့။ ကျနော်အနူးညွတ်တောင်းပန်ပါတယ်ခင်ဗျာ”

“ကျနော့်ကို Gym Trainer တွေ အဲ့လိုဖြစ်တိုင်း ဆေးခန်းပြဖို့ပြောခဲ့တာပါ။ နှလုံးအရမ်းခုန်ပြီး မျက်လုံးတွေပြာပြီး အသက်ရှုကျပ်တာပါ။ ကျနော်ပေတေပြီးနေခဲ့တယ်။ ဒါဒုတိယအကြိမ်ဖြစ်သွားခဲ့တာပါ။ ကျနော့်ကို attention ယူတယ်ဆိုလို့ ထင်နေတဲ့ သူများကျနော် မနေ့ကပြခဲ့တဲ့ ဆေးရုံဆရာဝန်အကုန် ပါပါတယ်။ သွားမေးလို့လည်းရပါတယ်” လို့ ဟိန်းမင်းသူက သူရဲ့ Facebook မှာ ရေးသားထားပါတယ်။

ဒီလိုဖြစ်တဲ့အပေါ် တချို့သောသူများက Attention ယူတယ်လို့ ပြောနေကြတဲ့အတွက် ဟိန်းမင်းသူက စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပြီး သူမလိမ်ညာခဲ့ဘူးလို့လည်း ဆိုထားပါတယ်။

“ကိုယ်လိုရာတွေးပြီး မပြောစေချင်ပါဘူး။ အလုပ်တခုဆိုတာ ကိုယ်တိုင် မြင်ပြီးမှ ဆုံးဖြတ်တာအကောင်းဆုံးပါ။ ကျနော့်စကားမှာ အလိမ်ညာပါခဲ့ရင် ကျနော့်စကားအတွက် ယောင်္ကျားဆန်ဆန်တာဝန်ယူရဲပါတယ်” လို့ ဆိုထားပါတယ်။

ဟိန်းမင်းသူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဧရာဝတီက မေးမြန်းတဲ့အခါ Gym ဆော့ရင်း Supplement (အာဟာရဖြည့်စွက်စာ)တွေ သောက်ခဲ့တာကြောင့် Side Effect တွေ ဖြစ်တယ်ထင်တယ်လို့ ဟိန်းမင်းသူ ရဲ့ ဖခင်ဖြစ်သူက ဧရာဝတီကိုဆိုပါတယ်။

“အခု သားလေးက နေမကောင်းနေသေးလို့ အိမ်မှာနားနေပါတယ်။ အားကစားလုပ်ရင်း နှလုံး Heart Attack ဖြစ်ပြီးရုတ်တရက်ဆိုသလို အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသခဲ့ပါတယ်။ သားက Gym ဆော့ရင်း Supplement တွေ သောက်ခဲ့တာကြောင့် Side Effect တွေ ဖြစ်တယ်ထင်တာပါပဲ”

“အစားမမှန်တာလားလည်းမပြောတတ်ဘူး။ ဆရာဝန်ကတော့ နားခိုင်းထားတယ်။ Gym ဆော့တာလည်း နားခိုင်းထားတယ်။ Facebook မှာ အမျိုးမျိုးရေးကြတာပဲ။ လိုတဲ့သူတွေရှိသလို စိတ်အနှောင့်အယှက်ဖြစ်အောင်လည်း အမျိုးမျိုးရေးကြတယ်။ ဝေဖန်တာတွေကတော့ အနုပညာသမားတွေတိုင်းမှာ ရှိတာပါပဲ”လို့ ဟိန်းမင်းသူရဲ့ ဖခင်က ပြောပါတယ်။

ဒီလို အာဟာရဖြည့်စွက်စာများသောက်သုံးမှုများနဲ့ ပတ်သက်လို့ ဝါရင့်Gym Trainer Patric Mg Mg က သူရဲ့ အမြင်ကို ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“Supplement (အာဟာရဖြည့်စွက်စာ)တွေကို အန္တရာယ်မရှိအောင်ထုတ်ထားကြတာလေ။ သောက်သုံးဖို့လည်း အစိုးရက ခွင့်ပြုထားတာပါ။ အတိုင်းထက်အလွန်သောက်ရင်တော့ ဖြစ်တာပေါ့။ ကျနော်သိသလောက်တော့ ဒါတွေသောက်လို့ ဖြစ်တယ်ဆိုတာမျိုးတော့ မရှိသေးဘူး”

“လုပ်ငန်းခွင်လည်း လုပ်ရတယ်။ လေ့ကျင့်ခန်းကလည်း ပြတ်လို့မရတော့ အဲ့အလုပ်ပျက်မှာစိုးရိမ်တာရယ် လေ့ကျင့်ခန်း ပျက်ကွက်မှာစိုးရိမ်မှုတွေနဲ့ အမြန်ဆော့ကြတော့ သိပ်မနားဘဲ အသက်ကို အောင့်ပြီးဆော့ကြတော့ နှလုံး၊ အဆုတ်တွေ အောက်ဆီဂျင် ပြည့်ပြည့့််ဝဝမရဘဲမောပြီး Heart Attack ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် ‘အရိပ်’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတယောက် အဖြစ်ပါဝင် သရုပ်ဆောင် ထားသူတဦးဖြစ်ပါတယ်။ ဟိန်းမင်းသူက ‘ပျားရည်အိုင်’ ဆိုတဲ့ ဇာတ်ကားကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

The post Heart Attack ဖြစ်သွားတဲ့ ဟိန်းမင်းသူရဲ့ လက်ရှိကျန်းမာရေးအခြေအနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...