Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရိုက်ကူးမယ့် ဇာတ်ကို ရွေးနေလို့ ကားရိုက်နည်းသွားရတဲ့ ခင်ဝင့်ဝါ

$
0
0

သရုပ်ဆောင်ခင်ဝင့်ဝါက လတ်တလောမှာ ကားရိုက်နည်းသွားရတာ ရိုက်ကူးမယ့် ဇာတ်ကို ရွေးနေတဲ့အတွက် ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“အခုနောက်ပိုင်း ကားရိုက်က အရင်ကထက်စာရင် ပိုပြီးတော့ နည်းသွားတယ်လို့ ပြောလို့ရတယ်။ ကိုယ်ကလည်း ဇာတ်ကို ရွေးတဲ့သူဆိုတော့လေ။ ဘာပဲပြောပြော ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာတော့ အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်၊ အဓိကတော့ ညီမနဲ့လိုက်ဖက်တာပေါ့။ ကိုယ်မကြိုက်ဘူးဆိုရင် ငြင်းတယ်။ ဒါကြောင့်လည်း ပိုနည်းသွားတဲ့သဘောပေါ့ “လို့ ခင်ဝင့်ဝါက ဧရာဝတီကို ပြောပါတယ်။

လက်ရှိမှာ ခင်ဝင့်ဝါက မြင့်မြတ်၊ရွှေမှုံရတီတို့နဲ့ ရုပ်ရှင်ကားကြီးတကားရိုက်ကူးနေတယ်လို့ ဆိုပါတယ်။ ဒီကားမှာတော့ မော်ဒယ်အလုပ်ကိုဝါသနာပါတဲ့ မိန်းကလေးတယောက်အဖြစ် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်လောကရဲ့အခြေအနေပေါ်မူတည်ပြီး ရပ်တည်ရတဲ့ခံစားချက်နဲ့ပတ်သက်ပြီးလည်း ခင်ဝင့်ဝါက အခုလို ဆိုပါတယ်။

“အနုပညာသမားဆိုတာကတော့ အနုပညာပဲ အမြဲလုပ်ချင်တာပေါ့နော်။ ဒါပေမယ့် ဒါက တလောကလုံးအတိုင်းအတာ နဲ့ ဖြစ်နေတယ်။ အဓိကတော့ အနုပညာကိုပံ့ပိုးပေးနေတဲ့ ဇာတ်ပို့တွေ၊ အနောက်ကနေ ရုပ်ရှင်တကားပြီးမြောက်အောင် ပံ့ပိုးပေးနေတဲ့ စက်အဖွဲ့တွေရော အရင်ကဆို ရိုက်ရပေမယ့် အခုလိုကားရိုက်နည်းသွားတဲ့အခါ မိသားစု စားဝတ်နေရေး ဖြေရှင်း ရတာ အရမ်းအခက်အခဲဖြစ်သွားတယ်။ သူတို့ကိုတော့ပိုပြီး ကိုယ်ချင်းစာသနားမိတယ်”လို့ဆိုပါတယ်။

ကားရိုက်မရှိတဲ့ အချိန်မှာ သရုပ်ဆောင်တဲ့ပညာကိုလေ့လာဖြစ်တယ်လို့ဆိုပြီး အတတ်နိုင်ဆုံး ဇာတ်ကား တကားနဲ့တကား ပုံစံမတူအာင် ကြိုးစားသရုပ်ဆောင်တယ်လို့လည်း ခင်ဝင့်ဝါက ဆိုပါတယ်။ ပရိသတ်နဲ့ အဆက်သွယ်ပြတ်မှာ စိုးရိမ်တဲ့ အတွက် အားလပ်တဲ့အချိန်မှာ ဖိတ်ကြားလာတဲ့ ပွဲများကို တက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

သရုပ်ဆောင်လောကမှာ လက်ရှိရောက်နေတဲ့ အနေအထား၊ အနုပညာဝမ်းစာပြည့်လား ဆိုတဲ့အပေါ်ကိုတော့ ခင်ဝင့်ဝါက အခုလိုဆိုပါတယ်။

“ကျေနပ်လားဆိုတော့ ကျေနပ်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း quality မပြည့်သေးဘူး။ ပညာမပြည့်သေးဘူးလို့ ခံစားရတယ်။ အခွင့်အရေးပေးတုန်းတော့ ကြိုးစားပြီး လေ့လာနေပါတယ်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

ခင်ဝင့်ဝါက ဇာတ်ကောင်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကိုလည်း စိတ်ကြိုက်ရွေးချယ်လေ့ရှိပြီး “ဇာတ်ကားတွေထဲမှာဆိုရင်လည်း ညီမက creation ကိုသိပ်မကြိုက်ဘူး။ ဇာတ်ကောင်၊ ကာရိုက်တာနဲ့ လိုက်ဖက်တာမျိုးလေးတွေပဲ ဝတ်ဖြစ်တယ်။ ကိုယ်ပိုင်ဒီဇိုင်နာဆိုတာထက် ညီမကို အမြဲချုပ်ပေးနေတဲ့ ဒီဇိုင်နာ နှစ်ယောက်၊သုံးယောက်တော့ ရှိတယ်။ သူတို့နဲ့တော့ အမြဲချုပ်ဖြစ်နေတယ်”လို့ ဆိုပါတယ်။

ပရဟိတအလုပ်တွေကိုလည်းတတ်နိုင်သလောက် လုပ်လေ့ရှိပြီး ဒီနှစ်မွေးနေ့မှာ မိဘမဲ့ကလေးငယ်များဆီ သွားရောက် လှူဒါန်းဖြစ်တာနဲ့ ပတ်သက်ပြီးလည်း အခုလိုပြောပါတယ်။

“ညီမတို့သွားတဲ့အချိန် ကလေးတွေကအပျော်နဲ့ ပြေးထွက်လာပြီး “မင်္ဂလာပါ” လို့ နှုတ်ဆက်ခဲ့ကြတဲ့အချိန် ဘာနဲ့မှလဲလို့ မရဘူးပေါ့နော်။ ဘာမှ ပကာသနမပါဘူး။ အရမ်းကိုနွေးထွေးတယ်။ သူတို့က မေတ္တာတရားလိုချင်တာလေ။ သူတို့ဆီ လာတယ်ဆိုတာလေး မျှော်ကြတာ။ အဲဒါကြောင့် သူတို့တွေရဲ့လိုအပ်ချက်ကလေးတွေကို တဖြည်းဖြည်းနဲ့ ဖြည့်ပေးဖို့ စဉ်း စားထားတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

The post ရိုက်ကူးမယ့် ဇာတ်ကို ရွေးနေလို့ ကားရိုက်နည်းသွားရတဲ့ ခင်ဝင့်ဝါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...