Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျနော့်ပရိသတ်က ကျနော် ဘာလုပ်လုပ် အားပေးနေတာမျိုး မဟုတ်ပါဘူး”

$
0
0

မြန်မာနိုင်ငံမှ အနုပညာရှင်များထဲမှာ အောင်မြင်မှုတခုကို အချိန်ကြာကြာထိန်းထားနိုင်ပြီး ယခုအချိန်ထိ လှုပ်လှုပ်ခတ်ခတ် အားပေးခံနေဆဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ပရိသတ်က သူဘာလုပ်လုပ်အားပေးနေတာမျို းမဟုတ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်နဲ့ ကျနော့်ပရိသတ်ကြားထဲက Relationship ကို ကြည့်မယ်ဆိုရင် ဘာလုပ်လုပ်အားပေးနေတယ် ဆိုတာမျိုးလည်း မဟုတ်ပြန်ဘူး။ ကျနော် မှားတဲ့ခြေလှမ်းတွေ ကျနော်လုပ်တာ မကောင်းတာတွေ အိုက်တင် မကောင်းတာ၊ ရေးတဲ့သီချင်း မကောင်းတာဆိုရင်လည်း ထိထိမိမိ ဝေဖန်တဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ ကျနော်နဲ့ ကျနော့်ပရိသတ်ကြားထဲမှာ နားလည်မှုရယ်၊ အပြန်အလှန်ချစ်ခင်လေးစားမှုရယ်၊ သံယောဇဉ်ရယ် ဒါနဲ့ကျနော်တို့ သွားနေတာပါ”လို့ စိုင်းစိုင်းခမ်းလှိုင်ကပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းက ကျင်းပပြီးစီးခဲ့တဲ့ သူ့ရဲ့ “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ဆိုတဲ့တကိုယ်တော်ရှိုးပွဲကိုလည်း အေးဆေးငြိမ်သက်စွာ ပြုလုပ်နိုင်ခဲ့ပြီး ရှိုးပွဲ မတိုင်ခင်က သူတောင်းဆိုခဲ့တဲ့အချက်များကိုလည်း ပရိသတ်များက လိုက်နာပြီး အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

“ကျနော့်ရဲ့ ပရိသတ်တွေက ကျနော့်ရဲ့ဆန္ဒကို အမြဲတမ်း လိုက်လျောပေးကြတယ်။ အဲဒီအတွက် ကျနော် အရမ်းဝမ်းသာပါတယ်။ ပွဲမှာ Live မလွှင့်ဖို့ဆိုတာ အကြောင်းအချက်တွေက အများကြီးရှိတယ်။ ဖုန်းကနေထွက်သွားတဲ့ Quality က ကျနော်တို့ စနစ်တကျရိုက်မယ့် Quality လောက် မကောင်းဘူး”

“ကျနော်ရဲ့ပရိသတ်တွေကို Quality အကောင်းဆုံးကိုပဲပြချင်တယ်။ အကောင်းဆုံးကိုပဲကြည့်စေချင်တယ်။ အဲဒီအပေါ်မှာကျနော်က ကြိုပြီးတော့မေတ္တာရပ်ခံတယ်။ ပရိသတ်ကိုနားလည်အောင် ရှင်းပြတယ်။ မရိုက်ဖို့အတွက်ကို” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

အဆိုပါ ပွဲနေ့က စိုင်းစိုင်းက သူ့ရဲ့တကိုယ်တော်ပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်များကို ဗီဒီယိုရိုက်ကူးခွင့်နှင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Live မလွှင့်ဖို့အတွက် မေတ္တာရပ်ခံခဲ့ရာ စိုင်းစိုင်းရဲ့ ပရိသတ်များက သူ့ရဲ့ဆန္ဒကို လိုက်လျောခဲ့ပါတယ်။

“အဲဒီနေ့ပွဲတက်လာတဲ့ ပရိသတ် ၁၅၀၀ လုံးက စည်းကမ်းတခုလုံးပဲ သတ်မှတ်ပြီးတော့ ကျနော့်ဆန္ဒကို သူတို့လုပ်ပေးကြတယ်။ မရိုက်နဲ့ဆို ဘယ်သူမှ မရိုက်ကြဘူး။ နောက်တခုက ကျနော်တို့က ဂီတဖျော်ဖြေပွဲလုပ်တဲ့အခါမှာ လေ့ကျင့်တယ်။ သီချင်းတွေတိုက်တယ်။ ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေတယ်”

“ပရိသတ်ကို ပွဲရဲ့အရသာအပြည့်အစုံကို ခံစားစေချင်တာ။ ဖုန်းကြီးနဲ့ရိုက်ပြီးတော့ တာဝန်ကြီးတခုထမ်းဆောင်နေရတာမျိုး မလုပ်စေချင်ဘူး။ တခါထဲပရိသတ်တယောက်အနေနဲ့ အပြည့်အဝရစေချင်တာ။ အဲဒီလိုမျို းပရိသတ်အားလုံးက လိုက်လုပ်ပေးတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်ကို ချုပ်ထားနိုင်တဲ့သူတယောက်လို့ ပြောနေကြတဲ့အပေါ်မှာ သူ့ရဲ့ခံစားချက်ကိုမေးကြည့်တဲ့အခါမှာတော့ “ ကျနော့်အနေနဲ့ ပရိသတ်ကို Control လုပ်တယ်။ ထိန်းချုပ်တယ်ဆိုတာ မရှိပါဘူး။ ကျနော်နဲ့ ပရိသတ်ကြားထဲမှာ အပြန်အလှန်နားလည်မှုတွေရှိတယ်။ အပြန်အလှန်သံယောဇဉ်တွေရှိတယ်။ ကျနော် မတရားလုပ်နေတာတွေကို ပရိသတ်က ခွင့်လွှတ်မှာ မဟုတ်ဘူး။ ကျနော်အကောင်းဆုံး ဖျော်ဖြေချင်တယ်။ တင်ဆက်ချင်တယ်။ အကောင်းဆုံးကြိုးစားချင်တယ်။ အဲဒီကြိုးစားမှုပေါ်မှာ ကျနော့်ပရိသတ်က လက်ခုပ်တီးပြီး အားပေးမယ်” လို့ ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်အယောက် ၁၅၀၀ သာဆန့်တာကြောင့် မကြည့်လိုက်ရတဲ့ ပရိသတ်များအတွက် အဲဒီနေ့က ဖျော်ဖြေသီဆိုခဲ့သမျှကို အခွေပြန်လည် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်အောင်မြင်မှုကို အချိန်အတော်ကြာ ထိန်းထားနိုင်သူ “စိုင်းစိုင်းခမ်းလှိုင်”

The post “ကျနော့်ပရိသတ်က ကျနော် ဘာလုပ်လုပ် အားပေးနေတာမျိုး မဟုတ်ပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...