Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျိန်စာပြယ် ဒဏ္ဍာရီ”မှာ ပရိသတ်တွေ အားပေးလို့ ဝမ်းသာနေတဲ့ မေဆူးမောင်

$
0
0

MRTV-4 မှာ လက်ရှိပြသနေတဲ့ “ကျိန်စာပြယ် ဒဏ္ဍာရီ” ဇာတ်လမ်းတွဲမှာ ခွန်းချိုခအဖြစ် သရုပ်ဆောင်ထားတဲ့ မေဆူးမောင်က အဲဒီဇာတ်လမ်းတွဲကို ပရိသတ်တွေ တခဲနက် အားပေးကြတဲ့အတွက် အရမ်း ဝမ်းသာတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အဲဒီ ဇာတ်ကားမှာ ညီမက ဝမ်းတွင်းစုန်းပါတာပေါ့။ ကျိန်စာပေါ့။ ပြောပြသမျှဖြစ်နေတဲ့ ကာရိုက်တာလေးကို ရိုက်ကူးဖြစ်ခဲ့တာပါ။ ပရိသတ်တွေ အရမ်းကြိုက်ပြီး အားပေးကြတော့ ဝမ်းသာပါတယ်။ ပရိသတ်လည်း အဲ့လောက်အားပေးမယ် မထင်ထားပါဘူး။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း လိုတာလေးတွေကို ပရိသတ်တွေ ထောက်ပြလို့ ရပါတယ်”လို့ မေဆူးမောင်က ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး မေဆူးမောင်က သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တာတွေ ရှိရင် ပရိသတ်တွေကို အကြံပေးပါလို့လည်း ဆိုပါတယ်။

“ဝေဖန်ပါ၊ အကြံပြုပါလို့။ အရင်တုန်းက မော်ဒယ်လုပ်ဖြစ်ခဲ့တာပြီးတော့ “ည”က ပထမဆုံးဇာတ်ကားရိုက်ရင်းနဲ့ ရောက်ရှိလာတာပါ။ ကျိန်စာပြယ် ဇာတ်ကားလေးနဲ့ ပရိသတ်တွေ ပိုသတိထားမိလာတယ်။ ပရိသတ်တွေ ပိုအားပေးတော့ အားပိုရှိလာပါတယ်။ နောက်ပိုင်းလည်း စီးရီးတွေ ရိုက်မယ်။ ဇာတ်ကားတွေ ရိုက်ပါမယ်” လို့ မေဆူးမောင်က ပြောပါတယ်။

မေဆူးမောင်က မကြာခင် ရုံတင် ပြသမယ့် “သမ္မတကြီးထံ ပေးစာ” ရုပ်ရှင်မှာလည်း ပါဝင်ထားပြီး အဲဒီကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံရတည်းက အရမ်းကို ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။

”ကိုဝိုင်းရိုက်မယ့် ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံရကတည်းက အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုဝိုင်းရဲ့ ပရိသတ်ပါ။ အရင်ကဆို ကိုဝိုင်းရိုက်တဲ့ ဇာတ်ကားတွေကို တခုမှ မလွတ်ဘူး။အားပေးတယ်။ ရိုက်ချက်တွေကလည်း အရမ်းမိုက်တယ်။ အခုလို ကမ်းလှမ်းခံရတော့ အရမ်းဝမ်းသာခဲ့ရပါတယ်။ ကာရိုက်တာနဲ့ ပတ်သက်ပြီး ကိုဝိုင်းကလည်း သေသေချာချာ သင်ပေးတယ်။ အရမ်းဖိအားများခဲ့တယ်။ အရမ်းဖိအားများခဲ့တာက ကိုယ့်အတွက်ပိုပြီးကောင်းမွန်တဲ့ ရလဒ်ကို ရလို့ပါ” လို့ မေဆူးမောင်က ဆိုပါတယ်။

လတ်တလောမှာလည်း မေဆူးမောင်က MRTV-4 ရုပ်သံလိုင်းနဲ့ “ကြယ်ကလေးရဲ့ ကောင်းကင်” စီးရီး ဇာတ်လမ်းတွဲ ရိုက်နေတယ်လို့ သိရပါတယ်။ မေဆူးမောင်ဟာ “သမ္မတကြီးထံ ပေးစာ” ရုပ်ရှင်ဇာတ်ကားမှာ နိုက်ကလပ်မှာ သီချင်းသီဆိုရတဲ့ မိန်းကလေးတဦးရဲ့ ကာရိုက်တာအဖြစ် ပါဝင်ထားပြီး အဲဒီဇာတ်ကားမှာ သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ အရိုင်း၊ ဖွေးဖွေးနဲ့ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

“သမ္မတကြီးထံ ပေးစာ” ရုပ်ရှင်ကို အောက်တိုဘာလ ၁၉ ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

The post “ကျိန်စာပြယ် ဒဏ္ဍာရီ”မှာ ပရိသတ်တွေ အားပေးလို့ ဝမ်းသာနေတဲ့ မေဆူးမောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...