သင်ဇာဝင့်ကျော်တယောက် အသက် ၃၀ အရွယ်ရောက်နေပြီး အပျိုကြီးဘဝက မကျွတ်သေးဘူးလားလို့ မေးနေကြသူတွေကို သူမအနေနဲ့ အချစ်တွေအများကြီး ပိုင်ဆိုင်ထားရင်း အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
”မေးနေကြတာပဲ လူတွေကတော့ နှစ်တိုင်းပေါ့။ ဒါပေမယ့် ကိုယ်က သူများတွေ စကားနားမယောင်ဘဲနဲ့ ဒီနေ့ ဒီအချိန်အထိ ရပ်တည်နေတာပေါ့နော်။ ယူမယ့်သူတွေကိုလည်း ပြောချင်ပါတယ် သေချာစဉ်းစားချင့်ချိန်ပြီး ယူကြပါလို့။ အချစ်တွေကတော့ ရှိတယ်၊ ချစ်တဲ့ ပရိသတ်ရှိတယ်၊ မိသားစု ရှိတယ်၊ သူငယ်ချင်းတွေရှိတယ် အချစ်တွေကတော့ အများကြီးရှိတာပေါ့။ အပျိုကြီးလို့ အခေါ်ခံရတာပေါ့ အသက် ၂၈ နှစ်ကတည်းက အပျိုကြီးလို့ အခေါ်ခံရတာ။ အခု ၃၀ ရောက်ပြီဆိုတော့ ပိုတောင် အခေါ်ခံရသေးတယ်” လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။
သင်ဇာဝင့်ကျော်ဟာ မကြာသေးခင်ကလည်း ချစ်သူနဲ့ လမ်းခွဲခဲ့တာကြောင့် အခုဆိုရင်တော့ သူ့ရဲ့ အချစ်ရေးက တယောက်တည်းဖြစ်နေပြီလို့ သိရပါတယ်။ Single ဖြစ်နေတဲ့ သင်ဇာကတော့ သူ့ကိုနားလည်ပေးနိုင်မယ့် ချစ်သူကိုတော့ ရွေးချယ်နေတုန်းပဲလို့ ဆိုပါတယ်။
”အဆင်သင့် မဖြစ်သေးဘူး။ ရွေးနေတုန်းဆိုတာကတော့ အမြဲတမ်း ရွေးနေရတာပဲလေ၊ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာတွေက အများကြီးပေါ်ပေါ်လာတာကိုး။ ဒါပေမယ့်လေ လူတိုင်းက အိမ်ထောင်ပြုသင့်ပြီ ယူတော့လေဆိုတဲ့ စကားတခုတည်းနဲ့တော့ သင်ဇာက အိမ်ထောင် မပြုချင်ဘူး။ ကိုယ့်ဘဝအတွက် အဆင်ပြေတဲ့အချိန်၊ ရွေးချယ်သင့်တဲ့အချိန်၊ ယူသင့်တဲ့ အချိန်ကျမှသာ သင်ဇာယူမှာပါ။ ဘယ်သူကပဲဖြစ်ဖြစ် အပျိုကြီးလို့ပဲ ပြောပြော၊ အပျိုကြီးလို့ပဲ ခေါ်ခေါ် ဂုဏ်ယူတယ်”လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။
သင်ဇာဝင့်ကျော်ဟာ သူမရဲ့ Facebook မှာ ဓာတ်ပုံ အလန်းစားတွေကို အမြဲတမ်း တင်လေ့ရှိသူဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ရေပန်းစားသူ တဦးလည်း ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်လျက်ရှိပြီး “လျှို့ဝှက်စာမျက်နှာ”လို့ အမည်ရတဲ့ ရုပ်ရှင်မှာလည်း အဆိုတော် ရဲရင့်အောင်နဲ့အတူ တွဲဖက်သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “တခါက ဆတ်သေချာင်း” ရုပ်ရှင်မှာ အောင်ရဲလင်းနဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ်များ
“Sexy ဝတ်ရမယ့်နေရာမှာ လုံသွားရင်မကြိုက်ဘူး”
ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမအမြင်ကို ပြောလာတဲ့ သင်ဇာဝင့်ကျော်
“ဘယ်သူမှ သိပ်မဝတ်တဲ့ ဝတ်စုံကို ဝတ်ဖြစ်ခဲ့တာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော်
The post နားလည်ပေးနိုင်မယ့် ချစ်သူကို ရွေးချယ်နေတဲ့ သင်ဇာဝင့်ကျော် appeared first on ဧရာဝတီ.