Rapper အဆိုတော်တယောက်အနေနဲ့ ဆယ်စုနှစ်ကျော်ကြာ ရပ်တည်လာခဲ့တဲ့ ကျော်ထွဋ်ဆွေကတော့ သူချစ်တဲ့ ဂီတကို ဆက်လက်ဖန်တီးနိုင်ဖို့အတွက် ဂီတအပြင့် တခြားအလုပ်တခုရှိဖို့ရှိတယ်လို့ ဆိုပါတယ်။
“တချို့က ငါချစ်တဲ့ဂီတကို ဆက်လက် ဖန်တီးခွင့်ရဖို့ အခြားတဖက်က ဝင်ငွေရှာရမယ်ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ ၊ ကျနော်ပြောချင်တာက ကျနော် ဂီတအပြင် အခြားတခု လုပ်မလို့။ ဖောင်း မထုကြပါနဲ့။ Rapper အပေါင်းတို့” လို့ ကျော်ထွဋ်ဆွေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဂီတသမားတွေက ဝင်ငွေနည်းပါးပြီး တချို့မှာတော့ ဂီတကလွဲပြီး ဘာမှမလုပ်ဘူးဆိုတဲ့ ခံယူချက်တွေရှိကြပေမယ့် ကျော်ထွဋ်ဆွေကတော့ သူချစ်တဲ့ဂီတတွေကို ဆက်လက် ဖန်တီးဖို့အတွက် တခြားအလုပ်ကို လုပ်မယ်လို့ ပြောတာ ဖြစ်ပါတယ်။
ကျော်ထွဋ်ဆွေ လုပ်မယ့် အခြားအလုပ်ဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အနုပညာသူငယ်ချင်းတွေက စိတ်ဝင်တစားနဲ့ အားပေးနေကြတာကိုလည်း တွေ့ရပါတယ်။
ကျော်ထွဋ်ဆွေကတော့ မကြာသေးခင်ရက်ပိုင်းက “A Song Inside the Mirror “ (မှန်ထဲက သီချင်းတပုဒ် )ဆိုတဲ့သီချင်းအသစ်တပုဒ်ထွက်ထားပြီး အဲဒီမတိုင်ခင်မှာတော့ ဂီတအလုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုများ နည်းပါးခဲ့ပါသေးတယ်။
ကျော်ထွဋ်ဆွေကတော့ ၇နှစ် ကျော်လာပြီဖြစ်တဲ့ ချစ်သူ နန်းသူဇာနဲ့ အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးတခုကို ပိုင်ဆိုင်ထားပြီး လက်ထပ်ဖို့အတွက်လည်း ကြိုးစားနေကြတယ်လို့ သိရပါတယ်။
The post ချစ်တဲ့ဂီတကို ဆက်လက်ဖန်တီးဖို့အတွက် တခြားအလုပ်တခုလုပ်မယ့် ကျော်ထွဋ်ဆွေ appeared first on ဧရာဝတီ.