Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Web TV စီးရီးအဖြစ် ဆက်လက် ထွက်ရှိလာမယ့် Kung Fu Panda

$
0
0

Kung Fu Panda ဟာ နာမည်ကျော်ကြားခဲ့တဲ့ Animation ရုပ်ရှင်တကားဖြစ်ပြီး ကမ္ဘာတဝှမ်းမှာလည်း ပရိသတ် အခိုင်အမာ ရရှိထားပါတယ်။

Kung Fu Panda ကို Web TV စီးရီးအဖြစ် DreamWorks Animation အနေနဲ့ နောက်ထပ် “Kugn Fu Panda : The Paws of Destiny” အဖြစ် ရိုက်ကူးထားပြီး ယခုနှစ်၊ နိုဝင်ဘာလ အတွင်း ဆက်လက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

The Paws of Destiny ဟာ ဒုတိယမြောက် တီဗီစီးရီး ဖြစ်ပြီး ပထမ တီဗီစီးရီးကတော့ Kung Fu Panda : Legends of Awesomeness ပဲ ဖြစ်ပါတယ်။ Kung Fu Pand 3 ထဲမှာ မိတ်ဆက်ထားခဲ့တဲ့ အတိုင်း Po ရဲ့ပန်ဒါရွာလေးမှာပဲ စီးရီးကို အခြေတည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

လန်းဆန်းတက်ကြွစရာကောင်းတဲ့ စွန့်စား ခရီးစဉ်မှာ “Po” နဲ့ အတူ အခြား ပန်ဒါငယ်လေး ၄ ကောင်ပါ ပါဝင်လာပါတယ်။ ပန်ဒါရွာလေးရဲ့ အောက်မှာ ထူးခြားဆန်းပြားတဲ့ ဂူတခုရှိခဲ့တယ် ဆိုတာကိုလည်း ကြည့်ရှုကြရမှာပါ်။

အဲဒီ ပန်ဒါငယ်လေး ၄ ကောင်ဟာ ရွာအောက်မှာရှိတဲ့ ဂူထဲကနေ မထင်မှတ်ဘဲ ရှေးဟောင်း chi ကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ chi တွေဟာ ရှေးဟောင်းသူရဲကောင်းတွေဖြစ်ကြတဲ့ Snow Leopard , Chines Dragon, Phoenix နဲ့ Oogway တို့ပိုင်ဆိုင်ခဲ့ကြတာပါ။

ဒီလိုနဲ့ ပန်ဒါငယ်လေး ၄ ကောင်ဟာ သူတို့ဟာ ကမ္ဘာကြီးကို မကောင်းဆိုးဝါးတွေဆီကနေ ကယ်တင်ဖို့ ကြမ္မာဖန်လာပြီဖြစ်တဲ့ အတွက်ကြောင့် Po နဲ့ အတူတူ တိုက်ပွဲဝင်ကြရမှာ ဖြစ်ပါတယ်။

Po အတွက် အဓိက စိန်ခေါ်မှုကတော့ ပန်ဒါငယ်လေးတွေကို ဘယ်လိုမျိုး သင်ကြားပြသမှုတွေ ပြုလုပ်ပေး ရမယ်ဆိုတာဖြစ်ပြီး သူတို့ရဲ့ chi တွေကို ကောင်းကောင်းအသုံးချတတ်အောင် လေ့ကျင့်ပေးရမယ် ဆိုတာပဲ ဖြစ်ပါတယ်။

Po နဲ့ သူ့တပည့်ကျော် ပန်ဒါတို့ဟာ ဘယ်လိုဆက်ပြီး စခန်းသွားကြရမလဲဆိုတာကို ဇာတ်လမ်းတွဲမှာ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။

လက်မလွှတ်သင့်တဲ့ Animation စီးရီးတခုဖြစ်တာကြောင့် ကာတွန်းရုပ်ရှင် ချစ်မြတ်နိုးသူတွေ စောင့်မျှော်ကြည့်ရှုဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

The post Web TV စီးရီးအဖြစ် ဆက်လက် ထွက်ရှိလာမယ့် Kung Fu Panda appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ