Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခင်ပွန်းလောင်း Li Chen နဲ့ လာမယ့်နှစ်မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ ဖန်ဘင်းဘင်း

$
0
0

ဟောင်ကောင်ရဲ့ Oriental Daily News ကို ကိုးကားပြီး သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ မင်းသမီး ဖန်ဘင်းဘင်းဟာ ခင်ပွန်းလောင်း Li Chen နဲ့ လာမယ့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တရုတ်မင်းသား Li ဟာ မင်းသမီး ဖန်ကို ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ကျရောက်ခဲ့တဲ့ မွေးနေ့ပွဲအတွင်း လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပြီး ယခုနှစ် စက်တင်ဘာလတုန်းက ဗြိတိန်နိုင်ငံမှာရှိတဲ့ နန်းတော်တခုမှာ လက်ထပ်ပွဲကျင်းပဖို့ မူလက စီစဉ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့် အသက် ၃၇ နှစ်အရွယ် မင်းသမီးဟာ ပြီးခဲ့တဲ့ မေလကစလို့ အခွန်ရှောင်ခဲ့တဲ့ အမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စာချုပ်တွေ ချုပ်ဆိုရာကနေ ရရှိတဲ့ငွေတွေအပေါ် ပေးဆောင်ရမယ့် အခွန်ကို ရှောင်တိမ်းခဲ့တယ်လို့ တရုတ်အခွန် အာဏာပိုင်တွေ စုံစမ်းတွေ့ရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ လမှာတော့ လအတန်ကြာ လူမြင်ကွင်းပေါ်က ပျောက်ဆုံး နေရာကနေ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အခွန်နဲ့ ဒဏ်ကြေး ယွမ်ငွေ သန်း ၈၀၀ ကျော် ပေးဆောင်ဖို့ အမိန့်ချခံရပါတယ်။ အဲဒီနောက် မင်းသမီးဟာ Weibo မှာ တောင်းပန်စာတခုကို တင်ခဲ့ပါတယ်။ အဲဒီလိုတင်ခဲ့ပြီးတဲ့နောက် ၂ ရက်အကြာမှာ မင်းသား Li က သူ့ရဲ့ Weibo အကောင့်မှာ “ဘယ်လောက်အခက်အခဲတွေပဲ ရှိရှိ ငါတို့ ဒီဟာကို အတူတူ ကျော်ဖြတ်သွားမယ်” လို့ ရေးသားခဲ့ပါတယ်။

မင်းသားရဲ့ ကုမ္ပဏီ တရားဝင်အကောင့်ကလည်း နောက်ပိုင်းမှာ အဲဒီ သတင်းစကားကို ပြန်လည်မျှဝေခဲ့ပါတယ်။ အဲဒီသတင်းစကားနှစ်ခုလုံးဟာ မင်းသမီး ဖန်ကို တိုက်ရိုက်ရည်ညွှန်းတာမရှိပေမယ့်လည်း တချို့ကတော့ လပေါင်း များစွာကြာ လူမြင်ကွင်းကနေ မင်းသမီး ပျောက်ဆုံးနေမှုအပေါ် အာမခံတဲ့ ပြယုဒ်တခုလို့ ယုံကြည်ထား ကြပါတယ်။

အခုလိုမျိုး မင်းသမီး ဖန်ကြုံတွေ့ခဲ့ရတဲ့ အခွန်ရှောင်မှု အရှုပ်တော်ပုံထဲမှာ ကြားညှက်ပါဝင်ခဲ့ရပါတယ်။ သတင်းအချို့ရဲ့ ဖော်ပြချက်မှာတော့ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ လက်ထပ်ပြီးရင်တော့ သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားဖွယ် ရှိပေမယ့် သူတို့နှစ်ယောက်လုံးကတော့ အဲဒီကောလာဟလတွေကို တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဟောင်ကောင်ရဲ့ Apple Daily ကတော့ မင်းသမီး ဖန်ဟာ ၃ နှစ် သရုပ်ဆောင်လုပ်ခွင့် တားမြစ်ခံထားရတယ်လို့ ဆိုပါတယ်။

Ref: asiaone

The post ခင်ပွန်းလောင်း Li Chen နဲ့ လာမယ့်နှစ်မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ ဖန်ဘင်းဘင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ