Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျိုလီရဲ့သား ဝင်ခွင့်လျှောက်ထားခြင်း မရှိကြောင်း ယွန်းဆေးတက္ကသိုလ်မှ အတည်ပြု

$
0
0

ကမ္ဘာကျော်မင်းသမီး အန်ဂျလီနာဂျိုလီရဲ့သားဟာ ကိုရီးယားရဲ့ နာမည်အကျော်ကြားဆုံး တက္ကသိုလ်တွေထဲက တခုဖြစ်တဲ့ ယွန်းဆေးတက္ကသိုလ်ကို လျှောက်ထားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေဟာ သတင်းအမှားတွေသာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာ ယွန်းဆေးတက္ကသိုလ်ရဲ့ ကျောင်းဝင်ခွင့်ဌာနက “အန်ဂျလီနာဂျိုလီရဲ့သား Maddox ဟာ ယွန်းဆေး တက္ကသိုလ်ကို လျှောက်ထားခဲ့တာ မရှိပါဘူး” လို့ mydaily ရဲ့အမေးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မကြာသေးခင်တုန်းက မင်းသမီးဂျိုလီဟာ သားနှစ်ဦးဖြစ်တဲ့ Maddox နဲ့ Pax တို့နဲ့အတူ ကိုရီးယားကို သီးသန့် အလည်အပတ်ခရီး လာရောက်ခဲ့ချိန်အတွင်း နိုဝင်ဘာလ ၃ ရက်နေ့က ကျောင်းမိတ်ဆက်ရှင်းလင်းပွဲ တခုကို တက်ရောက်ခဲ့ပါတယ်။

သူတို့မိသားစုဟာ ကဗျာဆရာ Yoon Dong Joo အမှတ်တရ တက္ကသိုလ်ရဲ့ အဓိကပရဝုဏ်ထဲနဲ့ ကိုရီးယားရဲ့ ပထမဆုံး ဆေးပညာသင်တန်းကျောင်း Chejungwon ကို ကျောင်းသား သံတမန်တဦးနဲ့အတူ တနာရီကြာ လေ့လာလည်ပတ်ခဲ့ပါတယ်။

People မဂ္ဂဇင်းနဲ့ Hollywood Reporter တို့ရဲ့အဆိုအရ ဂျိုလီဟာ ကိုရီးယားဘာသာ စကားနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ သား Maddox အတွက် ကျောင်းလေ့လာရေးခရီးစဉ်တခုကို သွားခဲ့တဲ့ အကြောင်း သိရပါတယ်။

ဂျိုလီဟာ မင်းသား Jung Woo Sung နဲ့ တရားရေးဝန်ကြီး Park Sang Ki တို့နဲ့အတူ UNHCR ရဲ့ အထူး သံတမန်တဦးအနေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျိုလီက UNHCR ရဲ့ ဂုဏ်ထူးဆောင် သံတမန်တဦးဖြစ်တဲ့ မင်းသား Jung ကို ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်တွေကို ထောက်ခံခဲ့ပေးတဲ့အတွက် မင်းသားကို ကျေးဇူးတင်တဲ့ အကြောင်း ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်တခုရဲ့အဆိုအရ မင်းသမီး ဂျိုလီဟာ ကိုရီးယားကို လျှို့ဝှက်စွာနဲ့ အဝင်အထွက် လုပ်နေခဲ့ပြီး ကိုရီးယားကို လာတော့မယ့်နေ့ မတိုင်မီ တရက်အလိုကျမှ အတည်ပြုခဲ့တာ ဖြစ်တဲ့အကြောင်း၊ နောက်ဆုံး အချိန်ရောက်မှ ခရီးစဉ် အချိန်ကို ပြောင်းလဲခဲ့တာဖြစ်ပြီး UNHCR ရဲ့ အထူးသံတမန်တဦးအနေနဲ့ အလုပ် လုပ်ခဲ့ကြောင်း၊ တရားဝင်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပေမယ့် သီးသန့်ခရီးစဉ်တခုဖြစ်ကြောင်း သိရပါတယ်။

Ref:soompi

The post ဂျိုလီရဲ့သား ဝင်ခွင့်လျှောက်ထားခြင်း မရှိကြောင်း ယွန်းဆေးတက္ကသိုလ်မှ အတည်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...