Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်္ဂလာဆောင်ဖို့ လက်ထပ်လိုင်စင် ရသွားပြီဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra

$
0
0

အနုပညာရှင် စုံတွဲနှစ်ဦးဖြစ်ကြတဲ့ Nick Jonas နဲ့ Priyanka Chopra တို့ဟာ မင်္ဂလာဇနီးမောင်နှံ လျှောက်လမ်းကို အတူတူတွဲလျှောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ အပတ်မှာပဲ လက်ထပ်လိုင်စင် (Marriage License) ရရှိခဲ့ပြီလို့ သတင်းရင်းမြစ် တခုက ပြောဆိုခဲ့ပြီး သူတို့နှစ်ဦးဟာ ဇနီးမောင်နှံဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုရဲ့ အဆိုအရ စေ့စပ်ထားတဲ့ သူတို့စုံတွဲရဲ့ မင်္ဂလာပွဲဟာ လျင်လျင်မြန်မြန်ဖြစ်လာနိုင်ပြီး ပရိသတ်တွေ ထင်ထားတာထက် ပိုစောစောဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီ သတင်းရင်းမြစ်က “သူတို့စုံတွဲနှစ်ဦးဟာ အခုနှစ်ကုန်၊ အိန္ဒိယမှာ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ Priyanka ဟာ လက်ရှိ အိန္ဒိယမှာ ဒီပါဝလီပွဲ ဆင်နွှဲနေပြီး မကြာမီ လက်ထပ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်” လို့ ဆိုပါတယ်။

၂ လကြာ တွဲခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ စေ့စပ်ခဲ့ကြတဲ့ Jonas နဲ့ Chopra တို့ဟာ အမေရိကန်နိုင်ငံမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ လက်ထပ်ပွဲကို ဆင်နွှဲဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ မကြာသေးခင်တုန်းကတော့ မင်းသမီး Priyanka ဟာ သူငယ်ချင်းတွေနဲ့အတူ အမ်စတာဒမ်မြို့မှာ လက်ထပ်ပွဲကြို ပါတီတခုကို ကျင်းပခဲ့ပါသေးတယ်။

သတင်းရင်းမြစ်တခုက သူတို့နှစ်ဦးဟာ လာမယ့်နှစ်မှာ လက်ထပ်ဖို့ မူလက စီစဉ်ထားခဲ့တာဖြစ်ပြီး စီစဉ်ထားတဲ့ အချိန်ကို အရှိန်မြှင့်နေတယ်လို့ အခုသီတင်းပတ်ထဲမှာ ပြောဆိုထားပါတယ်။ နေ့တိုင်းအလိုလို သူတို့နှစ်ဦးဟာ တပူးတွဲတွဲ ရှိနေကြပြီး အချစ်ရေးအရပတ်သက်မှု အရှိန်လျော့မသွားကြောင်း၊ ချစ်သူဖြစ်ပြီးနှစ်လအကြာမှာ စေ့စပ်ခဲ့ပြီးတဲ့နောက် တဖက်နဲ့ တဖက် မိသားစုဝင်တွေကို တွေ့ဆုံခဲ့ကြပါတယ်။

လက်ထပ်ပွဲကြိုပါတီနဲ့ အပျိုညလိုမျိုးပွဲတွေကို အချိန်တိုလေးအတွင်းမှာ ပြုလုပ်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ တဦးကိုတဦး သိပ်ချစ်ကြတဲ့အတွက် အမြန်လက်ထပ်ချင်နေပြီး သိပ်မစောင့်နိုင်တော့ဘူးလို့ ဆိုပါတယ်။

Ref: etcanada

The post မင်္ဂလာဆောင်ဖို့ လက်ထပ်လိုင်စင် ရသွားပြီဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...