Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုယ်ချစ်တဲ့ သူနဲ့အတူတူ နေချင်တာတော့ မမှားဘူးထင်တာပဲ

$
0
0

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ယနေ့၊ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အောက်တိုဘာလ ၃၀ ရက်နေ့က နေပြည်တော် Park Royal Hotel မှာ နှစ်ဦး သဘောတူ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ရုတ်တရက် မင်္ဂလာဆောင်ဖြစ်တာနဲ့ ပတ်သက်ပြီး ရွှေမှုံရတီက ချက်ချင်းကြီး ထလုပ်တာ မဟုတ်ဘဲ အရင်ကတည်းက အစီအစဉ်ရှိပြီးသားလို့ ဆိုပါတယ်။

“နေပြည်တော်မှာ လက်မှတ်ထိုးဖြစ်သွားတာက ရိုးရိုးရှင်းရှင်းလေးနဲ့ နှစ်ယောက်တည်း လက်မှတ်ထိုးဖြစ်တာပါ။ အရင်ကတည်းက အစီအစဉ် ရှိပြီးသားပါ။ ချက်ချင်းကြီး ထလုပ်တာမဟုတ်ပါဘူး။ နေ့ကောင်းနေ့ရက်တွေလည်း ရွေးပြီးတော့မှ လုပ်ခဲ့တာပါ။ စတွေ့တုန်းကတော့ ရည်းစားပဲ။ နောက် သူနဲ့က Type တူတယ်။ အဲ့လိုကနေ ချစ်သွားတယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။

“အားလုံးကတော့ နှမြောတယ်။ အမေ အပါအဝင်ပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း အပြင်လူ တယောက်အနေနဲ့ဆိုရင် နှမြောပါတယ်။ ဒါပေမယ့် သဲသဲအနေနဲ့ မနှမြောဘူး။ ကိုယ်ချစ်တဲ့ သူနဲ့အတူတူ နေချင်တာတော့ မမှားဘူးထင်တာပဲ။ သဲသာမန် မိန်းကလေးတယောက်အနေနဲ့ပဲ တွေးလိုက်တာပေါ့။ သူ့ကိုအနားမှာ အမြဲရှိစေချင်တယ်။ သဲအတွက် နောက်တယောက် မရှိနိုင်ဘူး”လို့ ရွှေမှုံရတီက ဆိုပါတယ်။

“သဲတို့ အနုပညာသမားတွေကို ဝေဖန်တာလည်း ရှိတယ်။ ချစ်တာလည်း ရှိတယ်။ အားလုံးကို Welcome ပါ။ မေမေ စိတ်ဆိုးနေပါတယ်။ မေမေ့ကိုလည်း နှစ်ယောက်သားချော့နေပါတယ်။ ဇာတ်ကားတွေလည်း ဆက်ရိုက်သွားမှာပါ။ ဒီဇင်ဘာမှာ ပြန်စရိုက်ပါမယ်”လို့လည်း ရွှေမှုံရတီက ဆိုပါတယ်။

“ဟန်းနီးမွန်းကတော့ ဥရောပဘက်ကို သွားမယ်။ နှစ်ယောက်လုံးကတော့ အားလုံး သိတဲ့အတိုင်းပဲလေ။ အွန်လိုင်းမှာဆိုလည်း ကျနော်တို့နှစ်ယောက်ကို ပြောတဲ့သူတွေ အများကြီးပေါ့။ ချစ်တဲ့သူတွေ ရှိသလို မုန်းတဲ့သူတွေလည်း ရှိမှာပဲ။ အဓိကကတော့ ကျနော်တို့ နှစ်ယောက်ကို ချစ်တဲ့ မျက်စိလေးနဲ့ပဲ ကြည့်ပေးပါလို့ ကျနော်မေတ္တာရပ်ခံပါတယ်”လို့ ရွှေထူးက ပြောပါတယ်။

ဆက်လက်ပြီး ရွှေထူးက လူတိုင်း အချစ်နဲ့ မကင်းဘူးလို့ ဆိုပြီး လက်ထပ်လိုက်ပြီးပေမယ့် ရွှေမှုံရတီကို ကလေးမယူခိုင်းသေးဘူးလို့လည်း ပြောပါတယ်။

“လူတိုင်း ချစ်တတ်တယ်ဗျာ။ အသက်ကြီးတာ၊ ငယ်တာ မရှိသလို Celebrity တွေ သာမန်လူတွေ မရှိပါဘူး။ လူတိုင်း အချစ်နဲ့ မကင်းပါဘူး။ ကျနော်တို့ လက်ထပ်ဖြစ်သွားတာလည်း ချစ်မိသွားလို့ပါ။ ကလေးကို ကလေး မယူခိုင်းသေးဘူး”

“ကျနော်နဲ့ အိမ်ထောင်ပြုလိုက်တယ်ဆိုပေမယ့် သူ့အောင်မြင်မှုဆိုတာ ရှိသေးတယ်။ သူလုပ်ရမယ့် အနုပညာတွေ ရှိသေးတယ်ဆိုတော့ ကလေးတန်းလန်းနဲ့ အဖြစ်မခံနိုင်သေးဘူး။ အနုပညာကို လွတ်လွတ်လပ်လပ် လုပ်ခိုင်းဦးမယ်။ သူကျနော့်ဘေးမှာ ရှိနေတာကို ကျေးဇူးတင်တယ်။ ကျနော် ၁၂ လပိုင်းမှာ ခွေတခွေ ထုတ်ဖို့ ကြိုးစားနေတယ်”လို့ ရွှေထူးက ပြောပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ မင်္ဂလာညစာစားပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ သတင်းကြောင့် ပရိသတ်တွေရော အနုပညာအသိုင်းအဝိုင်းကပါ မင်္ဂလာပွဲကို အံ့သြခဲ့ကြပါတယ်။

သူတို့ နှစ်ဦးဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

The post ကိုယ်ချစ်တဲ့ သူနဲ့အတူတူ နေချင်တာတော့ မမှားဘူးထင်တာပဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...