Quantcast
Viewing all articles
Browse latest Browse all 7343

မြန်မာ့ဂီတအပေါ် ထားတဲ့စိတ်က ခိုင်မာနေတဲ့ အဆိုတော် ပန်းအိဖြူ

မြန်မာသံစဉ် သီချင်းတွေ သီဆိုတဲ့ အဆိုတော် ပန်းအိဖြူက ကိုယ်ပိုင်သံစဉ်သီချင်းခွေကို မကြာခင်မှာ ထွက်ရှိတော့မှာဖြစ်ပြီး ငယ်စဉ်ကတည်းက ဂန္တဝင်သီချင်းတွေကို ဆိုခဲ့တာကြောင့် မြန်မာ့ဂီတပေါ်မှာ ထားတဲ့စိတ်က ခိုင်မာပြီး တခြားဂီတများကို ပြောင်းလဲသီဆိုဖို့ အစီအစဉ်မရှိဘူးလို့ ဧရာဝတီကို ဆိုပါတယ်။

“ငယ်စဉ်ကတည်းက ဂန္တဝင်သီချင်းတွေကို ဆိုခဲ့တာဆိုတော့ မြန်မာ့ဂီတပေါ်မှာထားတဲ့စိတ်က အရမ်းခိုင်မာနေတဲ့အတွက် တခြားလိုင်းတွေကိုပြောင်းပြီး ဆိုဖို့ စိတ်ကူး မရှိဘူး။ မြန်မာအဆိုရှင်ဟာ အောင်မြင်ဖို့ ခဲယဉ်းတယ်။ ဒါပေမဲ့ ပရိသတ် ရင်ထဲမှာ အသိအမှတ်ပြုသွားပြီ ဆိုရင်လည်း အသက်တွေကြီးတဲ့အထိ ပရိသတ်က ချစ်ခင်ပြီးအားပေးနေတုန်းပါပဲ”လို့ ပန်းအိဖြူက ပြောပါတယ်။

“ဥပမာ ပန်းအိရဲ့ဆရာတွေဖြစ်တဲ့ ဒေါ်ရီရီသန့်တို့ ဒေါ်တင်တင်မြတို့လိုပေါ့။ မျိုးဆက်သစ် အဆိုရှင်တွေလည်း ကိုယ့်ရဲ့ မြန်မာ့ဂီတကို တန်ဖိုးထားပြီး သီဆိုကြပါလို့ တိုက်တွန်းချင်ပါတယ်”လို့ ပန်းအိဖြူက ဆိုပါတယ်။

ပန်းအိဖြူက မကြာခင်ထွက်ရှိမယ့် မြန်မာသံစဉ်သီချင်းခွေမှာ အသံအားလုံးသွင်းပြီးပြီဖြစ်ပြီး ရိုက်ကူးရေးလုပ်ဖို့ပဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ အခွေနာမည်ကိုတော့ “မြင်းမိုရ်ထက်က လမင်းမေမေ” လို့ အမည်ပေးထားတယ်လို့ ဆိုပြီး သီချင်း ၁၄ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

“ပန်းအိက အရင်တုန်းက ပြန်ဆိုတေးတွေ ပြန်ဆိုပြခဲ့တယ်။ သီချင်းပါမယ်ဆိုရင် သီချင်း ၁၀ ပုဒ်မှာ သီချင်းအသစ်က ၃၊ ၄ ပုဒ်ပဲ ပါတယ်။ အခုကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေပဲထွက်မှာပါ။ ပန်းအိငယ်ငယ်က နယ်မှာနေတုန်းက ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲဝင် ကတာကို ပြိုင်ပွဲမှာက ကာလပေါ်ဓမ္မတေး ဆိုပြီး ၃ မျိုးရှိတယ်။ အဲ့မှာ ကိုယ်က ကလေးကတည်းက စည်းဝါးကိုင်ပြီး သီဆိုခဲ့ရတဲ့ အတွက် မြန်မာ့ဂီတကို တန်ဖိုးထားကြိုက်နှစ်သက်တဲ့ စိတ်ရှိတာပေါ့”လို့ ပန်းအိဖြူက ပြောပါတယ်။

“အဲဒီအခါကျတော့ ကိုယ့်ကို ပရိသတ်က နေရာ တနေရာ ပေးတာလည်း မြန်မာသံအဆိုရှင်ဆိုတဲ့ အနေအထားနဲ့ပဲ ဆိုတော့ ကိုယ်နှစ်သက်တဲ့ မြန်မာသီချင်းတွေကို ဆိုပြခွင့်ရတယ်။ နောက်ပိုင်းလည်း မြန်မာသီချင်းတွေ တန်ဖိုးထားပြီး သီဆိုသွားမယ်”လို့လည်း သူက ဆိုပါတယ်။

ပန်းအိဖြူက ၁၉၉၆ ခုနှစ်လောက်ကတည်းက မြန်မာသံစဉ်သီချင်းတွေ သီဆိုခဲ့ကာ သူမရဲ့ မြန်မာသံစဉ်သီချင်းတွေကလည်း ပရိသတ်အားပေး နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

The post မြန်မာ့ဂီတအပေါ် ထားတဲ့စိတ်က ခိုင်မာနေတဲ့ အဆိုတော် ပန်းအိဖြူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...