Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၀၀ ပြည့် နှောင်းပိုင်း Album ချပ်ရေ ၁၀ သန်းကျော် ရောင်းရတဲ့ ပထမဆုံး Kpop အဖွဲ့

$
0
0

နာမည်ကျော် တောင်ကိုရီးယားအဆိုတော်အဖွဲ့ EXO ဟာ သူတို့ရဲ့ နောက်ဆုံးထွက် Album ဖြစ်တဲ့ “Don’t Mess Up My Tempo” နဲ့ သမိုင်းမှတ်တမ်းတခုကို ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပဉ္စမမြောက်စတူဒီယို Album ကို ဖြန့်ချိခဲ့ပြီး နိုဝင်ဘာလ ၁ ရက်အနေ့အထိ Album ချပ်ရေ ၁ သန်းကျော်ကို ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။

EXO အဖွဲ့ဟာ ၁၀ ရက်အတွင်းမှာ ကော်ပီချပ်ရေ ၁ ဒဿမ ၁ သန်းရောင်းချနိုင်ခဲ့ပြီး ပဉ္စမမြောက် Album သန်းချီရောင်းချသူများအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံး Album ဖြစ်တဲ့ “XOXO” ကို ဖြန့်ချိပြီးချိန်ကစလို့ သူတို့အဖွဲ့ စတူဒီယို Album တိုင်းဟာ ကော်ပီချပ်ရေ ၁ သန်းကျော်စီ ရောင်းချခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ ကိုရီးယားမှာ EXO အဖွဲ့ဟာ Album အချပ်ရေ ၁၀ သန်းကျော် ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။ ကိုရီးယားမှာ ရောင်းချခဲ့ရတဲ့ စတူဒီယို Album ၅ ချပ်၊ မီနီအယ်လ်ဘမ် ၂ ချပ်၊ ဆောင်းရာသီ အထူး Album နဲ့ Live Album ရောင်းအားဟာ အချပ်ရေ ၁၀ သန်းကျော် ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။

EXO အဖွဲ့ဟာ ကိုရီးယားမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း Album ၁၀ သန်းကျော်ရောင်းချရတဲ့ ပထမဆုံး အဖွဲ့ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နောက်ဆုံး Album ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ဂီတဇယားတွေ၊ နိုင်ငံ ၄၇ နိုင်ငံမှာရှိတဲ့ iTunes Top Albums ဇယား၊ United World Chart နဲ့ Xiami Music ဇယားတွေမှာ ထိပ်ဆုံးရောက်ရှိခဲ့ပါတယ်။

EXO အဖွဲ့ဟာ ကိုရီးယားမှာ Album ရောင်းအားဇယားနဲ့ Album သစ်နဲ့ အတူ ဂီတဇယားတွေမှာလည်း ထိပ်ဆုံးကို ရောက်ရှိခဲ့တာ တွေ့ရပါတယ်။

Ref:soompi

The post ၂၀၀၀ ပြည့် နှောင်းပိုင်း Album ချပ်ရေ ၁၀ သန်းကျော် ရောင်းရတဲ့ ပထမဆုံး Kpop အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...