Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Rock ဂီတကို ယောကျာ်းလေးဆိုမှ ပိုထိရောက်တယ်လို့ ထင်ကြတာတွေ ရှိတယ်”

$
0
0

Iron Cross Band ရဲ့ ပင်တိုင် ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ၊ မျိုးဆက်သစ် လူငယ်တယောက်ဖြစ်တဲ့ အဆိုတော် ငဲငယ်လေးဟာ အသက် ၄ နှစ်အရွယ်ကတည်းက အဆိုတော်စောဘွဲ့မှူးရဲ့ အမှတ်တရပွဲမှာ သီချင်းဆိုခဲ့ပြီး အသက် ၆ နှစ်အရွယ်မှာ “မေမေပုခက်လွှဲ” သီချင်းနဲ့ ပရိသတ်တွေ သိရှိခဲ့ရသူပါ။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုတော် ငဲငယ်လေးကတော့ “ အိပ်မက်နဲ့ စိတ်ဓာတ်”ဆိုတဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပြီး မကြာခင်မှာလည်း သူကိုယ်တိုင် ရေးသားထားတဲ့ သီချင်းများပါဝင်တဲ့ သီချင်းခွေ ထပ်မံ ထွက်ရှိဦးမယ်လို့ ဆိုပါတယ်။

ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ၊ အဆိုတော် ငဲငယ်လေးရဲ့ ဂီတအပေါ်ခံယူချက်များ၊ Iron Cross ရဲ့ မျိုးဆက်သစ် အဆိုရှင်တယောက်အတွက် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က အခုလိုပဲ ငဲငယ်လေးနဲ့ သီးသန့် တွေ့ဆုံကာ မေးမြန်းထားပါတယ်။

မေး။ ။ လောလောဆယ် သီချင်းတွေ ဖန်တီးနေတဲ့ အကြောင်း ပြောပြပေးပါ။

ဖြေ။ ။ ငယ်လေးက လောလောဆယ်တော့ ဒုတိယအခွေ လုပ်နေပါပြီ။ တော်တော်လည်းပြီးနေပါပြီ။ နောက်နှစ် အစပိုင်းမှာ ထွက်ဖို့ရှိပါတယ်။

မေး။ ။ ဘယ်လို သီချင်းပုံစံတွေ ပါသွားမလဲ။ ကိုယ်တိုင်ရေးတဲ့ သီချင်းတွေပဲလား။

ဖြေ။ ။ ပထမ အခွေမှာတုန်းက Rock နည်းသွားတယ်ဆိုတော့ ဒီအခွေမှ ာပိုများမယ်။ ပျော်တဲ့ သီချင်းတွေ များမယ်။ ပထမအခွေတုန်းက ဘာဖြစ်လို့လဲ မသိဘူး။ အသည်းကွဲသီချင်းတွေချည်းပဲ။ ပျော်တဲ့သီချင်း တပုဒ်မှ မပါဘူး။ ဒီအခွေမှာတော့ အများကြီး ပြန်ထည့်ထားတယ်။ ၁၀ ပုဒ် ပါမယ်။ အကုန်လုံးက ငယ်လေးကိုယ်တိုင် ရေးထားပါတယ်။

မေး။ ။ အခုအခွေမှာ သီချင်းတွေက အပျော်ဘက်ကိုသွားထားတယ်ဆိုတာ အသည်းကွဲတဲ့ကိစ္စတွေက ပြီးသွားပြီပေါ့။

ဖြေ။ ။ အင်း အသည်းကွဲတဲ့ကိစ္စက ပြီးသွားပြီ ဆိုပါတော့။

မေး။ ။ သီချင်းတွေ ရေးသားဖန်တီးတဲ့အခါမှာ ကိုယ့်ရဲ့အပြင်က ဖြစ်ပေါ်တဲ့ခံစားချက်ပေါ်မူတည်ပြီး ရေးဖြစ်တာလား။

ဖြေ။ ။ သီချင်းရေးတာကတော့ အများကြီးပါတယ်ပေါ့နော်။ အကြောင်းအရာ စဉ်းစားတဲ့အခါမှာ တချို့သီချင်းတွေကျတော့ လနဲ့ချီ ကြာတယ်။ တချို့သီချင်းတွေကျတော့ မိနစ်ပိုင်းပဲကြာတယ်။ ခံစားချက်ပေါ် မူတည်ပြီးတော့ စာသားတွေ ထွက်သွားတာရှိသလို တချို့ကျတော့ ခံစားချက်နဲ့အညီ ရေးလိုက်ပေမယ့် ကာရန်ညီရအောင်လို့ ခံစားချက် မဟုတ်တဲ့ဟာတွေ ထည့်လိုက်ရတာလည်း ရှိတယ်။ အဲဒီလိုမျိုးတွေတော့ ရှိပါတယ်။

မေး။ ။ ဒုတိယအခွေထဲမှာ ဘယ်သူတွေ ပါဝင်သီဆိုသွားဖို့ ရှိမလဲ။

ဖြေ။ ။ Featuringက ၄ ယောက် ပါမယ်။ ငယ်လေး အဖေ (ချစ်စမ်းမောင်)နဲ့ တပုဒ် ဆိုထားတယ်။ Olivier နဲ့ တပုဒ် ထပ်ဆိုထားသေးတယ်။ အောင်ပိုင်၊ ကိုစိုင်းတို့နဲ့ ဆိုထားတယ်။

မေး။ ။ အဖေဖြစ်တဲ့ ဂစ်တာ ချစ်စမ်းမောင်နဲ့အတူ ဆိုထားတဲ့ သီချင်းလေးကရော ဘယ်လိုပုံစံမျိုးလဲ။

ဖြေ။ ။ ရိုးရိုး ပေါ့ပေါ့ပါးပါးပါပဲ။ ပထမ အခွေတုန်းကလိုပဲ ရိုးရိုး အချစ်သီချင်းပါပဲ။ အဲဒီတုန်းက သူက Second လိုက်ပေးတယ်။ ဒီတခေါက်တော့ ပါပါးက ပြောတယ်။ ငါက Second လိုက်တာနဲ့ မတင်းတိမ်ဘူးလေတဲ့။ သူလည်း တပိုဒ် ဆိုမယ်တဲ့။ အဲဒါကြောင့် သူအတွက် တပိုဒ် ရေးထားပေးရတယ်။

ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ အဆိုတော် ငဲငယ်လေး (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

မေး။ ။ အတူတူ တွဲဆိုဖို့ကျတော့ ဆရာချစ်က ပြောတာကြောင့်လား။

ဖြေ။ ။ သူကအဆိုလည်း ဝါသနာပါတယ်။ အတီးလည်း ဝါသနာပါတယ်။ အမှတ်တရလေးဖြစ်သွားအောင်လို့ သူနဲ့ အတူတူ ဆိုဖြစ်တာပါ။

မေး။ ။ အဖေဖြစ်သူက ဂီတနဲ့ပတ်သက်ပြီးတော့ ဘယ်လို အကြံဉာဏ်တွေ ပေးလဲ။

ဖြေ။ ။ ငယ်လေးကအခု အဆိုရော အတီးရော လုပ်နေတာပေါ့။ အဲဒီ ၂ခုစလုံးပေါ်မှာ ပံ့ပိုးပေးပါတယ်။ ငယ်လေး သီချင်းဆိုတော့မယ်ဆိုရင်လည်း အမြဲတမ်း မခံချင်စိတ်ဖြစ်အောင် ပြောတယ်ပေါ့နော်။ အမြဲတမ်း အနှိုင်းခံရတယ်။ ဒါတွေက သူအကောင်းပြောမှန်း ငယ်လေး သိပါတယ်။ ဂစ်တာတီးရင် အဲဒီလိုပဲ။ ငယ်လေးက အခုနောက်ပိုင်းမှာ ဂစ်တာတီးတဲ့ဘက်ကို အရမ်းအာရုံ မစိုက်ဖြစ်တော့ဘူး။

အခွေလုပ်နေတာက စီစဉ်သူလည်း မရှိဘူး။ ကိုယ်တယောက်တည်း လုပ်နေရတာဆိုတော့ ဂစ်တာကျင့်ချိန်က နေ့တိုင်း မကျင့်ဖြစ်တော့ဘူး။ ၂ရက်ခြား၊ ၃ရက်ခြားပဲ ကျင့်ဖြစ်တော့ ပါပါးက ပွားလာပြီ။ နင်ဂစ်တာကိုင်တာ ငါမတွေ့ဘူးနော်တွေ ပြောရော။ ဒါက ဖခင်စိတ်နဲ့ ငယ်လေးကို Support ပေးတယ်လို့ သတ်မှတ်ပါတယ်။

မေး။ ။ ဆရာချစ်ကကျတော့ ငယ်လေးကို သီချင်းဆိုတာနဲ့ ဂစ်တာတီးတာဆိုရင် ဂစ်တာတီးတာကို ပိုလုပ်စေချင်တဲ့ သဘောမျိုးလား။

ဖြေ။ ။ အဲလိုလည်း မဟုတ်ဘူး။ အစကတော့ ငယ်လေးက ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်နေတာကို သူက အားမရဘူး။ ဒါပေမယ့် ငယ်လေးဝါသနာက ဘယ်တခုကိုမှ ဝါသနာပါတာ မဟုတ်ဘူး။ ဂစ်တာတီးတာကိုလည်း ပိုတာ မဟုတ်ဘူး။ အဆိုပိုင်းကိုလည်း ပိုတာ မဟုတ်ဘူး။ ငယ်လေးက ၂ ခုစလုံး တီးဆိုဖြစ်ချင်တာ။ အဲဒါကိုလည်း ပံ့ပိုးပေးပါတယ်။

မေး။ ။ အဖေက မခံချင်စိတ်ဖြစ်အောင် ပြောတာတွေက တွန်းအားတခု ဖြစ်စေလား။

ဖြေ။ ။ ငယ်လေးက မခံချင်တဲ့စိတ် မရှိဘူး။ ပါပါး အဲဒီလိုပြောတာတွေကို အရမ်းသဘောကျတယ်။ အကောင်းလေးပဲ တွေးတယ်။ ငယ်လေးက ဘယ်တော့မှ ငါ့ကို အဲဒီလိုပြောတယ်ကွာဆိုပြီး စိတ်ဆိုးတာတွေလည်း မရှိဘူး။ အရမ်း သဘောကျတာဆိုတော့ ပြုံးပြုံးလေးနဲ့ပဲ ခံယူတယ်။

မေး။ ။ နောက်ပြီးတော့ အဖေဖြစ်သူက ဂီတပညာရှင်တယောက် ဖြစ်တဲ့အတွက် ငယ်လေးအနေနဲ့ ဂီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါမှာ လွယ်ကူသွားစေတာလား။

ဖြေ။ ။ အဲဒါက အမြဲတမ်းလူတွေ အထင်မှားကြတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ငယ်လေးတို့ကို ပံ့ပိုးပေးမယ့်သူ ရှိမှာပဲဆိုပြီး ထင်ကြတယ်။ အရမ်းလွယ်မှာပဲလို့လည်း ထင်ကြတယ်။ တချို့တော့ ရှိပါတယ်။ တခါတလေကျတော့ အခက်အခဲတွေ ရှိတာပေါ့နော်။

ငယ်လေးတို့က ဒီဂီတအသိုင်းအဝိုင်းက ဆိုပေမယ့်လည်း ပါပါးတို့က IC သီးသန့်နဲ့ပဲ သွားတော့ ငယ်လေးတို့က Show ချိတ်မယ့် အဆက်အသွယ်တွေက သိပ်မရှိဘူး။ ပြီးတော့ နည်းနည်းရှိန်ကြတယ် ငယ်လေးတို့ကို။ ပြီးတော့ ပရိသတ်တွေဘက်က IC က သားသမီးတွေဆိုတော့ အရမ်းမျှော်လင့်ထားကြတော့ အဲဒါကို ငယ်လေးတို့ဘက်က မပေးနိုင်မှာကို အရမ်းစိုးရိမ်တဲ့ စိတ်က ၁၀၀ ရာခိုင်နှုန်း ရှိတယ်။ စိတ်ဖိစီးမှုက ရှိတယ်။ လွယ်သလားဆိုတော့လည်း မလွယ်ဘူး။ ဥပမာ စတူဒီယိုဆိုရင် ကြိုက်တဲ့အချိန် ဝင်ဆိုလို့ ရတယ်။

ဒါပေမဲ့ တခြားသူက ဒိတ်ယူထားတာရှိရင် ဦးစားပေးလိုက်ရပြန်ရော။ သူတို့တွေ ပြီးသွားမှ ညဘက်ကျတော့မှ ဆိုရတာမျိုးတွေ ရှိတယ်။ နင့်အိမ်မှာပဲ နင်နောက်မှဆို ဆိုတာမျိုးတွေရှိတယ်။

မေး။ ။ အဲဒီလိုမျိုး IC ရဲ့မျိုးဆက်သစ်တဦး ဖြစ်တဲ့အတွက် ဘယ်လောက်ထိ တာဝန်ကြီးလဲ။

ဖြေ။ ။ အဲဒါကတော့ ဖိအား အရမ်းများပါတယ်။ IC ကို အရမ်းချစ်ကြတယ်။ ငယ်လေးကိုယ်တိုင်လည်း ပရိသတ်ပါ။ IC ရဲ့တီးတာပဲ မဟုတ်ဘူး။ သူတို့တွေရဲ့ တယောက်နဲ့ တယောက် Team Work က အရမ်းအတုယူဖို့ ကောင်းတယ်။ ပရိသတ်နဲ့ အမျိုးတွေလိုပဲ ဆက်ဆံတာတွေကအစ ငယ်လေးတို့က အတုယူရတယ်။

ငယ်လေးတို့က အခုချိန်မှာ ဘာမှ မဟုတ်သေးဘူး။ မာနတွေကြီးပြီး နေလိုက်ရင် သွားပြီပေါ့နော်။ အဲဒီအတွက်ကြောင့် ငယ်လေးတို့က နှိမ်ချပြီးတော့မှ ဆက်ဆံရတယ်။ အဲဒါတွေက အခက်အခဲတွေလိုတော့ မမြင်ဘူး။ ကောင်းတယ်လို့ မြင်တယ်။

ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ အဆိုတော် ငဲငယ်လေး (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

မေး။ ။ IC ဆိုရင် သူ့ဂီတသက်တမ်း တလျှောက်လုံး Band တခုအနေနဲ့ သီးသန့်ရပ်တည်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေကျတော့ အဲဒီလိုပုံစံ မဟုတ်တော့ဘဲ ကွဲထွက်လာတာကို တွေ့ရတယ်ပေါ့။

ဖြေ။ ။ ငယ်လေးတို့က အစပိုင်း မလို့ပါ။ အခုဆိုရင် မတိုင်ပင်ထားဘဲနဲ့ ငယ်လေးက ဂစ်တာတီးတယ်။ ဦးခရမ်းသားက ဒရမ်တီးတယ်။ နောက်တယောက်က ဘေ့စ်တီးတယ်။ ဦးဗညားသားလည်း တီးတယ်။ ပြီးရင် ဥိးအငဲသမီး မလမင်းခက သီချင်းဆိုတယ်။ မတိုက်ထားဘဲနဲ့ သွားတိုက်ဆိုင်နေကြတာပေါ့။ ဒါပေမယ့်လည်း ငယ်လေးတို့က IC မျိုးဆက်ဆိုပြီး ထွက်ဖို့အတွက်က အဆင်သင့်မဖြစ်သေးဘူး။ ခြေဖျားတောင် မမှီသေးဘူး။ ဒါပေမယ့်ငယ်လေးတို့တွေ ကြိုးစားနေကြတယ်။

မေး။ ။ အဲဒီလိုမျိုး ငယ်လေးတို့တွေကို Band တခုအနေနဲ့ ဘယ်တော့လောက် မြင်ရမလဲ။

ဖြေ။ ။ အဲဒါကတော့ ငယ်လေးတို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ပါပါးတို့ စထွက်ခဲ့တဲ့အချိန်တုန်းကနဲ့ ငယ်လေး တို့အခုနဲ့က ကြိုးစားအားထုတ်မှုအနေနဲ့ ကွာတယ်လို့ အပြောခံရတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ပါပါးဆိုရင် ဂစ်တာတလုံးရဖို့ကို အရမ်းစုနေရတာပေါ့။ ရှိုးပွဲတွေ အများကြီးဆိုမှ သူဂစ်တာတလုံး ပိုင်နိုင်တယ်။ ငယ်လေးကျတော့ မတူဘူး။ ဂစ်တာတလုံးကို ကောက်ကိုင်နိုင်တယ်။ တန်ဖိုးထားခြင်းက မတူဘူး။ သူတို့ကို မှီဖို့ဆိုတာ အများကြီး လိုပါသေးတယ်။

မေး။ ။IC ထဲက တခြားသူတွေကရော ဘယ်လိုမျိုးတွေ ပံ့ပိုးပေးတာရှိလဲ။

ဖြေ။ ။ သူတို့ကတော့ တချို့ IC Show ပွဲမစခင်မှာ ငယ်လေးတို့ိကို တက်တီးခိုင်းတယ်။ အဲဒါဆိုရင် ငယ်လေးတို့က ခုန်ပေါက်ပြီ းတီးကြတယ်။ အဲဒီလို အခွင့်အရေးမျိုး များများရချင်မိတယ်။

မေး။ ။ ဖန်တီးမှုအပိုင်းမှာကျတော့ရော ဘယ်လို အခက်အခဲတွေ ရှိလဲ။

ဖြေ။ ။ ငယ်လေးက အသစ်ကိုဖန်တီးရမယ်ဆိုရင် အရမ်းကြောက်တယ်။ အမှန်အတိုင်းပြောရရင်ပေါ့။ အခုဒီအခွေထဲမှာဆိုရင် Rap Metal ပုံစံထည့်ထားတယ်။ ဒါပေမဲ့ ပရိသတ်တွေက ငယ်လေးကို Rock ပုံစံနဲ့ပဲ မြင်ထားတယ်။ ငယ်လေး Rock သီချင်း အရမ်းကြိုက်တယ်။ ကြိုက်နှစ်သက်သူ ဟုတ်တယ်။ ဒါပေမဲ့လည်း ငယ်လေးအသံနဲ့ တချို့ Rock သီချင်းမလိုက်တာတွေ ရှိတယ်။ တချို့ပရိသတ်တွေ မျှော်လင့်ထားတာတွေကို ငယ်လေး မပေးနိုင်ဘူး။ အဲဒါကို ငယ်လေးအားနည်းတယ်လို့ ထင်တယ်။ ပရိသတ်တွေနဲ့ ထပ်တူကျတဲ့ အနုပညာရှင်တယောက် မဖြစ်နိုင်မှာကိုလည်း အရမ်းစိုးရိမ်တယ်။

မေး။ ။ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီး Rocker တွေက လက်ချိုးရေလို့ ရတယ်။ အဲဒီအတွက် ငယ်လေးကလည်း Rock ဂီတကို စိတ်ဝင်စားတဲ့တယောက်အနေနဲ့ ဘယ်လိုမျိုးအားမလို အားမရဖြစ်မိလဲ။

ဖြေ။ ။ ဟုတ်တယ်။ အမျိုးသမီး Rocker တွေက နည်းတယ်နော်။ ပရိသတ်တွေရဲ့ နားထဲမှာ နည်းတော့ နားရည်မဝဘူး။ Rock ကို ယောကျ်ားလေးတွေပဲ ဆိုတာကြားရတော့ ယောကျ်ားလေးတွေဆိုမှ ထိရောက်တယ်လို့ ထင်ကြတာတွေရှိတယ်။ ဟုတ်လည်း ဟုတ်မှာပါ။ မိန်းကလေး အလျှောက်တော့ မိန်းကလေး အားနည်းချက်တော့ ရှိမှာပါ။ Rock သီချင်းကို ကိုယ့်စတိုင်နဲ့ ကိုယ်ဆိုတာတွေ ရှိပါတယ်။

မေး။ ။အဲဒီအတွက် Rock ဂီတနဲ့ ပတ်သက်ပြီး ပရိသတ်ရင်ထဲ ရောက်သွားဖို့ဆိုရင် ဘာတွေလိုအပ်မယ် ထင်လဲ။

ဖြေ။ ။ကိုယ့်ဘက်ကတော့ ကိုယ့်အသံကာလာကို ပြောင်းလို့ မရဘူးပေါ့လေ။ ဒါပေမဲ့ ကိုယ်နဲ့ လိုက်မယ့် သီချင်းကို ကိုယ်ဆိုတာ အကောင်းဆုံးလို့ မြင်ပါတယ်။ ။

The post “Rock ဂီတကို ယောကျာ်းလေးဆိုမှ ပိုထိရောက်တယ်လို့ ထင်ကြတာတွေ ရှိတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...