Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာ့အကျော်ကြားဆုံး ဂီတပွဲတော်များ

$
0
0

ဂီတပွဲတော်တွေဟာ ၁၉၆၀ ခုနှစ် နောက်ပိုင်းကတည်းက စတင် ကျော်ကြားလာခဲ့ကြတာဖြစ်ပြီး ခေတ်အလျောက် နေထိုင်မှုပုံစံတွေကိုလည်း အသားပေး ဖော်ပြလာခဲ့ကြတာ ဖြစ်ပါတယ်။

ယခုလက်ရှိ အချိန်တွေအထိ ဂီတပွဲတော်တွေကို ကမ္ဘာအနှံ့မှာ ဆက်လက် ကျင်းပနေကြတာဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ အကျော်ကြားဆုံး ဂီတပွဲတော်တွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Glastonbury

အသက်အရွယ်ကြီးရင့်တဲ့ ဂီတပွဲတော်လာသူတွေကို အကျွေးမွေးနဲ့ ဧည့်ခံလေ့ရှိတဲ့ အလေ့အထကြောင့် နာမည်ကျော်ကြားပြီး နှစ်စဉ်နှစ်တိုင်း အင်္ဂလန်နိုင်ငံရဲ့ Somerset မြို့မှာ ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ ဂီတပွဲတော် ကျင်းပချိန်ဟာ ၅ ရက်အထိ ကြာမြင့်ပြီး Hip-Hop ကနေ Metal အထိ ဂီတပေါင်းစုံကို အချိန်စာရင်းအလိုက် ဖျော်ဖြေလေ့ ရှိတာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြား ဂီတအဖွဲ့တွေကတော့ Coldplay , Micahel Kiwanuka နဲ့ Lee Scratch Perry တို့ပဲ ဖြစ်ပါတယ်။

(၂) Coachella

ကမ္ဘာ့အကြီးမားဆုံး ဂီတပွဲတော်တခုဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Coachell တောင်ကြားမှာ ကျင်းပတဲ့ ဂီတပွဲတော်တခုလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ လူသိများတဲ့ ဂီတအဖွဲ့တွေဖြစ်တဲ့ A$AP Rocky နဲ့ Guns N’ Roses အဖွဲ့တို့က ဖျော်ဖြေခဲ့ကြတာလည်း ဖြစ်ပါတယ်။

နှစ်စဉ် ဧပြီလရဲ့ ပိတ်ရက်ရှည်တွေဟာ ပုံမှန် ဂီတပွဲတော် ကျင်းပချိန်ဖြစ်ပြီး ဂီတပွဲတော်ရဲ့ အဓိက ထူးခြားချက်ကတော့ ကွဲကွာသွားတဲ့ ဂီတအဖွဲ့တွေကို တစုတစည်းတည်း ပြန်လည် ပေါင်းစည်းစေခြင်းပဲ ဖြစ်ပါတယ်။

(၃) Lollapalooza

အမေရိကန်နိုင်ငံရဲ့ ကျော်ကြားတဲ့ ဂီတပွဲတော်တခုဖြစ်ပြီး ပွဲတော်ကို ရောက်ရှိလာတဲ့ ဂီတချစ်ပရိသတ်တွေ အကုန်လုံးဟာ Future, Lana Del Rey အစရှိတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို လိုက်ပါစီးမျောနိုင်မှာလည်း ဖြစ်ပါတယ်။

ဂီတပွဲတော်ကို ၂ရက်ကနေ ၃ရက်အထိကျင်းပလေ့ရှိပြီး Chicago , Illinois နဲ့ ဘရာဇီးနိုင်ငံ Sao Paulo မြို့ စတဲ့ နေရာအသီးသီးမှာ ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားနိုင်ငံ Beunos Aires နဲ့ ဂျာမနီနိုင်ငံ Berlin တို့မှာလည်း Lollapalooz ကို ကျင်းပလေ့လည်း ရှိပါသေးတယ်။

(၄) Tomorrowland

ကမ္ဘာ့အခမ်းနားဆုံး EDM ဂီတပွဲတော်တွေ ကျင်းပလေ့ရှိတဲ့ ဂီတပွဲတော်တခု ဖြစ်ပြီး ဘယ်လ်ဂျီယမ်နိုင်ငံံ ဘွမ်းမြို့မှာ ကျင်းပလေ့ရှိပါတယ်။ ဂီတစင်မြင့် ၁၀ ခုနဲ့ ကျင်းပတာဖြစ်ပြီး ဒီဂျေပေါင်း ၄၀၀ ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ခံစားကြရမှာပါ။

Ref: listaka.com

The post ကမ္ဘာ့အကျော်ကြားဆုံး ဂီတပွဲတော်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)