Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကြတ်ဂူက ရိုက်ရိုးရိုက်စဉ် အိမ် ၁ အိမ်၊ ၂ အိမ်ထဲမှာ ရိုက်ခဲ့တဲ့ကား မဟုတ်ဘူး”

$
0
0

ကယားပြည်နယ်မှာရှိတဲ့ ကြတ်ဂူအကြောင်းကို ရိုက်ကူးထားတဲ့ “ကြတ်ဂူ” ရုပ်ရှင်ဇာတ်ကားကြီးဟာ သမာရိုးကျ ရိုက်ရိုးရိုက်စဉ် အိမ် ၁ အိမ်၊ ၂ အိမ်ထဲမှာပဲ ပြီးခဲ့တဲ့ ဇာတ်လမ်းအမျိုးအစား မဟုတ်ဘူးလို့ ဒီဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။

“ဒီကားကတော့ သမာရိုးကျ ရိုက်ရိုးရိုက်စဉ် အိမ် ၁ အိမ်၊ ၂ အိမ်ထဲမှာပဲ ပြီးတဲ့ ဇာတ်အမျိုးအစား မဟုတ်ဘဲ သွားရလာရတာ ရိုက်ရကူးရတာ ပစ္စည်းပစ္စယတွေ သယ်ရပိုးရတဲ့ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ တခါမှ မရိုက်ဖူးတဲ့ နေရာဖြစ်နေတော့ အခက်အခဲတွေတော့ ရှိပါတယ်” လို့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။

အဲ့ဒီဇာတ်ကားကို ကယားပြည်နယ်မှာရှိတဲ့ ထူးခြားဆန်းပြားမှုတွေနဲ့ ပြည့်နက်နေတဲ့ ကြတ်ဂူမှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပြီး အခက်အခဲတွေ အများကြီးနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“ကယားပြည်နယ်ကြီးကလေ ရုပ်ရှင်တွေ ဗီဒီယိုတွေ မရိုက်တာ နှစ်ပေါင်း ၆၀ ကျော်ပါပြီတဲ့ ဒေသခံတွေက ပြောကြတယ်။ အရင်တုန်းကလည်း အဲဒီမှာ နယ်မြေ မအေးချမ်းဘူးလို့လည်း သိရတယ်။ အခုမှရုပ်ရှင် ပြန်ရိုက်တာဆိုတော့ နယ်မြေခံတွေကလည်း ဝမ်းသာအားရကြိုဆိုကြပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်ကလည်း အများကြီး ပံ့ပိုးကူညီပါတယ်” လို့ လူမင်းက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ ကယားပြည်နယ်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ထောက်ပံ့ပေးသင့်ပြီး ကယားပြည်နယ်ရဲ့ အလှအပများ၊ ရိုးရာများ၊ ကြတ်ဂူအကြောင်းများကို ဇာတ်လမ်းအပြည့်အစုံနဲ့ ထည့်သွင်းရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

“ဒါက ကယားပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကတောင် Sponsor ပေးသင့်တယ်လို့တောင် ပြောမိပါသေးတယ်။ ကယားပြည်နယ် အလှအပတွေရော သူတို့ရဲ့ရိုးရာတွေရော ကြတ်ဂူကြီးအကြောင်းကိုရော ပြည့်ပြည့်စုံစုံ ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ အကုန်လုံးကတော့ အမှတ်တရတွေပါပဲ”

“ရိုက်နေကျနေရာလည်း မဟုတ်ဘူး။ အခုမှလည်း ကျနော်ကိုယ်တိုင်လည်း ကယားတို့ လွိုင်ကော်တို့ ရောက်ဖူးတာဆိုတော့လေ။ အားလုံးက အမှတ်တရတွေပါပဲ” လို့ ဒါရိုက်တာလူမင်းက ပြောပါတယ်။

“ပရိသတ်ကို ပြောချင်တာကတော့လေ ဒီရက်ပိုင်းတွေမှာ မြန်မာရုပ်ရှင်ကားတွေက တကားပြီး တကား တင်နေကြတော့ ပရိသတ်တွေ စိတ်ကြိုက်ရွေးချယ်ရိုက်ကူးခွင့် ရှိပါတယ်။ ကိုယ်ကြိုက်တဲ့အချိန်ပေါ်မူတည်ပြီး ရွေးချယ်အားပေးခွင့် ရှိပါတယ်”

“အဲဒီကားတွေထဲက ကျနော်တို့ကားအကြောင်းကို နည်းနည်းလေးပြောရမယ်ဆိုရင် စိတ်ဝင်စားမှုတွေရော ပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေရော ကြည့်လိုက်မယ်ဆိုရင် သိသာပါတယ်။ ကျနော်တို့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားလေးတကားမို့လို့ ရုပ်ရှင်ကြည့်ဖို့စိတ်ကူးတယ်ဆိုရင် ကျနော်တို့ကားလေးကို ထည့်သွင်းစဉ်းစားဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ လူမင်းကပြောပါတယ်။

“ကြတ်ဂူ” ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာလူမင်းက ရိုက်ကူးပုံဖော်ပေးထားပြီး သရုပ်ဆောင်များအနေနဲ့ လူမင်း ၊မြင့်မြတ်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့ အဓိပါက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

The post “ကြတ်ဂူက ရိုက်ရိုးရိုက်စဉ် အိမ် ၁ အိမ်၊ ၂ အိမ်ထဲမှာ ရိုက်ခဲ့တဲ့ကား မဟုတ်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...