Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မီ” နဲ့ပတ်သက်လို့ မယောင်ရာဆီလူးနေတယ် လို့ဆိုလိုက်တဲ့ ဆရာကြီး ဦးဝင်းဖေ

$
0
0

ဆရာမကြီးကြည်အေးရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်က ဖန်တီးထားတဲ့ “မီ” ဆိုတဲ့ ဝတ္တုကို ပြန်လည်ပုံဖော်ထားတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ မီ ရဲ့ စီးကရက်သောက်တဲ့ ဇာတ်ဝင်ခန်းများနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။

အဲ့ဒီဝေဖန်မှုများနဲ့ ပတ်သက်ပြီး စွယ်စုံရအနုပညာရှင်ကြီး ဦးဝင်းဖေက မမြင်မတော်တာတွေ ဖြစ်လာတဲ့အတွက် “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ဒီကိစ္စက ဘာမှကြီးကြီးကျယ်ကျယ် စဉ်းစားနေစရာမလိုဘူး။ ဒီထဲမှာပါတဲ့ ဇာတ်ကောင်က ဆေးလိပ်သောက်ပြီး ကျန်းမာရေးချို့ယွင်းပြီးနောက်ဆုံးကျတော့ ပျက်စီးပြီး သေဆုံးသွားတာထိပါတယ်။ ဆေးလိပ်သောက်တာ မကောင်းဘူးလို့ဆိုပြီး ရိုက်ထားတဲ့ ကြော်ငြာဇာတ်ကားလိုတောင်ဖြစ်နေပါတယ်။ ဒါအတော်ထင်ရှားပါတယ်။ ဆေးလိပ်သောက်ရင်းနဲ့ သူဌေးဖြစ်သွားတာကို ပြတဲ့ကားမဟုတ်ပါဘူး။ များများစားစားလည်း စဉ်းစားစရာ မရှိပါဘူးခင်ဗျာ။ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလိုဖြစ်နေပါတယ်” လို့ ဆရာကြီး ဦးဝင်းဖေကပြောပါတယ်။

မီ အဖြစ်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသု

“မီ” ဇာတ်ကောင်ဟာ လူကောင်းတယောက်မဟုတ်သလို ရာနှုန်းပြည့်လူဆိုးတယောက်လည်း မဟုတ်ဘဲ တစုံတခုသော ကာရိုက်တာရှိတဲ့ ဇာတ်ရုပ်မျိုးရှိတာကို ဖော်ပြခြင်းကြောင့် ရသစာပေဆိုပြီး နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့ပြီး ယနေ့ထိတိုင် နာမည်ကြီးနေဆဲ ဇာတ်ကောင်ဖြစ်ပါတယ်”

“အဲဒီထဲမှာ ဇာတ်ကောင်က ဆေးလိပ်သောက်တယ်။ နောက်ပြီးတော့ သူလုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်တာတွေပါတယ်ပေါ့။ ဒီလိုဟာမျိုးက အနုပညာမှာ ကာလဒေသအားလျော်စွာ ညီညွတ်အောင်လို့ ဆင်ပြီးတော့ အဲဒီကာလသတ်မှတ်ပြီးတော့ ရေးတယ်။ ဖန်တီးတယ်လို့ ခေါ်တယ်”

“ ဥပမာပြောရရင် ကျောက်ခေတ်ကို အခြေခံပြီး ရေးတဲ့ အနုပညာစာပေတခုဆိုရင် ဒါမှမဟုတ်ရုပ်ရှင်တခုဆိုရင် မယဉ်ကျေးတဲ့ အဝတ်အစားမဲ့ တာတွေပါရလိမ့်မယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ကာလဒေသအားလျော်စွာ ဖန်တီးရတဲ့ အနုပညာလို့ အဓိပ္ပာယ်ရတယ်။ အဲဒီလောက်လွယ်တဲ့ စဉ်းစားဆင်ခြင်မယ်ဆိုရင် ထင်ရှားတဲ့ကိစ္စကို မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းအပါအဝင် လူတော်တော်များများက ပြဿနာလုပ်ဝေဖန်နေတယ်” လို့ ဆိုထားပါတယ်။

ဆက်လက်ပြီးလည်း “ဒါမျိုးကို လွယ်လွယ်ပြောရရင် မယောင်ရာဆီလူးတယ်လို့ ခေါ်ပါတယ်။ ဒီလိုစဉ်းစားပြီး ပြဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက နည်းပါလိမ့်မယ်။ လူနည်းစုဖြစ်ပါလိမ့်မယ်။ သို့သော်လည်း အသံကတော့ တော်တော်ကျယ်တယ်။ လူတော်တော်များများကတော့ ကာလဒေသအားလျော်စွာဆိုတာကို နားလည်မှာပါပဲ” လို့ ဆရာကြီးဦးဝင်းဖေက ပြောပါတယ်။

“မီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး လူအများက စိတ်ဝင်တစားနဲ့ ချီးကျူးနေကြသော်လည်း အနည်းစုသော လူတချို့က ဝေဖန်မှုများ ပြုလုပ်နေကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မီ” ဇာတ်ကောင်ကို ပုံဖော်ထားတဲ့ အကယ်ဒမီပိုင်ဖြိုးသုဟာ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန်နှင့် ဆရာဝန်တယောက်ဖြစ်နေတဲ့အတွက် အများပြည်သူအတုယူမှားကြမယ်ဆိုတဲ့ အချက်တွေကြောင့် ဝေဖန်မှုများ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဆရာကြီးဦးဝင်းဖေကတော့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red carpet Show ပြုလုပ်ခဲ့တဲ့နေ့မှာပဲ သွားရောက်ကြည့်ရှုခဲ့ပြီး ဒီကားကို ဖန်တီးခဲ့တဲ့သူများမှာ ရသစာပေကိုတန်ဖိုးထားပြီး အလုပ်နဲ့သက်သေပြခဲ့တယ်လို့ ဦးဝင်းဖေက သုံးသပ်ခဲ့ပါတယ်။

The post “မီ” နဲ့ပတ်သက်လို့ မယောင်ရာဆီလူးနေတယ် လို့ဆိုလိုက်တဲ့ ဆရာကြီး ဦးဝင်းဖေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...