Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နာမည်ကြီးရုပ်ရှင်တွေမှာ ပရိသတ် မသိနိုင်တဲ့ နောက်ကွယ်က အကြောင်းအရာများ

$
0
0

တချို့ ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်ပြီးတာနဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အခြားအကြောင်းတွေကို မလေ့လာဖြစ်တော့ပါဘူး။ အချိန်မရှိတာ၊ စိတ်သိပ်မဝင်စားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒီတခါမှာတော့ သင်စိတ်ဝင်စားလောက်မယ့် ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Pretty Woman

၁၉၉၀ ခုနှစ်များက ထွက်ရှိခဲ့တဲ့ “Pretty Woman” ရုပ်ရှင်ကားဟာ အချစ်ဇာတ်ကားတကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အလုပ်အမြဲရှုပ်နေတဲ့ သူဌေးတဦးဟာ ဟောလိဝုဒ်ကို ရောက်တဲ့အချိန်မှာ ပြည့်တန်ဆာ တယောက်နဲ့ တွေ့ရှိပြီး ချစ်ကြိုက်သွားတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ပြည့်တန်ဆာနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Julia Roberts ဟာ ရိုက်ကွင်းမှာ အဖော်အချွတ်အခန်းတွေကို ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ပရောဖက်ရှင်နယ် အကပညာရှင်တဦးဖြစ်တဲ့ Shelley ကို အစားထိုးသရုပ်ဆောင်စေခဲ့ပါတယ်။ ပိုစတာမှာ ပါဝင်တဲ့ ပုံမှာလည်း အကမယ်ရဲ့ ခန္ဓာကိုယ်မှာ မင်းသမီးရဲ့ မျက်နှာကို ဖိုတိုရှော့နဲ့ ထည့်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။

(၂) Titanics

ကမ္ဘာကျော်တိုက်တန်းနစ်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုဖြစ်တဲ့ သဘောၤပေါ်မှာ ထမင်းစားတဲ့ အခန်းကို အချိန် ၂ ရက် ယူပြီး ရိုက်ကူးခဲ့ပါတယ်။ ပထမတရက်မှာ ထမင်းစားခန်းမှ စားပွဲ၊ပန်းကန်၊ ခွက် အစရှိတာတွေကို သေးငယ်တဲ့ ပုံနဲ့ ဖော်ထားတဲ့ ကစားစရာပစ္စည်းတွေ သုံးခဲ့ပါတယ်။ နောက်တရက်မှာ မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးခဲ့ပြီး နှစ်ရက်စာ ဗီဒီယိုကို ပြန်လည်ပေါင်းစည်းခဲ့တာပါ။

ဒီပစ္စည်း သေးသေးလေးတွေကို မြင်တဲ့အခါ မင်းသား လီယိုနာဒိုက “ဦးနှောက်ကို ခွဲဖို့ ဘယ်ခက်ရင်းကို သုံးရမလဲ ” ဆိုပြီး ရိုက်ကူးရေး အဖွဲ့သားတွေကို နောက်ပြောင်ခဲ့ပါသေးတယ်။

(၃) The Hangover

နာမည်ကျော် ဟာသ ရုပ်ရှင်တခုဖြစ်တဲ့ “The Hangover” မှာ ဇာတ်ဆောင်တယောက်ဖြစ်တဲ့ Ed Helms သွားကျိုးတဲ့ အခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ တညလုံးသောင်းကျန်းပြီး မနက်မှာ သွားကျိုးနေတဲ့ အခန်းကို ရိုက်ကူးဖို့ အတွက် Ed Helms မှာ အခက်အခဲမရှိခဲ့ပါဘူး။

ဘာလို့လဲဆိုတော့ သူ့မှာ နဂိုတည်းက သွားတချောင်း ကျိုးထားတဲ့အတွက် အတုတပ်ထားရတာဖြစ်လို့ ဒီသွားကျိုးတဲ့ အခန်းကို ရိုက်ဖို့ သွားအတုကို ဖြုတ်လိုက်ဖို့ပဲ လိုခဲ့တာပါ။

(၄) Inside Out

နာမည်ကျော် ကာတွန်းကား “Inside Out” ကတော့ ပရိသတ်တွေရဲ့ အသည်းကို အမှန်တကယ် ကိုင်လှုပ်ခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီကားကို ဖန်တီးသူက ဇာတ်ကားအစမှာတည်းက လျှို့ဝှက်ချက်တခုကို ထည့်သွင်း ရိုက်ကူးခဲ့ပါတယ်။ အဲဒါကတော့ Sadness နဲ့ Joy တို့ နှစ်ယောက်ရဲ့ မျက်လုံးအရောင်ပါပဲ။

တခြားဇာတ်ကောင်တွေရဲ့ မျက်လုံးအရောင်က မတူညီကြပေမယ့် Sadness နဲ့ Joy တို့ရဲ့ မျက်လုံးတွေဟာ အပြာရောင်ဖြစ်နေတာပါ။ ဒီလို အရောင်တူရခြင်းကတော့ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတို့ဟာ အမြဲပူးတွဲနေတယ်ဆိုတာကို ရည်ညွှန်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

(၅) The Shining

The Shining ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ Stanley Kubrick ဟာ ရိုက်ကူးရေးမှာ ကျွမ်းကျင်လို့ နာမည် အလွန်ကြီးသူဖြစ်ပါတယ်။ သူဟာ ဇာတ်ကားရိုက်ဖို့ ကြာချိန် ၁၇ ပတ်သာ သတ်မှတ်ထားတဲ့ ဇာတ်ကားကို သူသဘောကျသည်အထိ ရိုက်ကူးရင်းရဲ့ ၅၁ ပတ်ကြာခဲ့ပါတယ်။ တချို့စကားပြောခန်းတွေဟာ ၁၂၇ ကြိမ်တောင် ပြန်လည်ရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။

နာမည်ကြီး ဇာတ်ဝင်ခန်းဖြစ်တဲ့ တံခါးကို ပုဆိန်နဲ့ ခွဲပြီး ဖွင့်တဲ့ အခန်းကို သုံးရက်ကြာရိုက်ကူးခဲ့ပြီး တံခါးပေါင်း ၆၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ကြာရခြင်းကတော့ တံခါးကို ဖျက်စီးတဲ့ မင်းသား Jack Nicholson ဟာ မီးသတ်သမားလုပ်ဖူးတာကြောင့် လွယ်လွယ်ကူကူ ဖျက်စီးနိုင်လို့ ပိုပြီးခက်ခဲတဲ့ ပုံပေါက်အောင် ပိုကြီးမားထူထဲတဲ့ တံခါးတွေကို ခဏခဏ ပြောင်းပေးနေရလို့ပဲ ဖြစ်ပါတယ်။

Ref;mmn.com

The post နာမည်ကြီးရုပ်ရှင်တွေမှာ ပရိသတ် မသိနိုင်တဲ့ နောက်ကွယ်က အကြောင်းအရာများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


အောင်ဝေး -ေ ဒါ်ေ အာ င် ဆ န်း စု ကြ ည် သို့ေ ချ ပ ချ က် (၂)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်