Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အေးမြတ်သူရဲ့ ဆုတောင်းစကား

$
0
0

ဧရာဝတီသတင်းဌာနရဲ့ ၂၅နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်နဲ့ ပတ်သက်ပြီး သရုပ်ဆောင်အေးမြတ်သူရဲ့ ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။

“ဧရာဝတီသတင်းဌာန၂၅ နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပြည်သူတွေတွက် အကျိုးရှိသော ပြည်သူ့ကို အကျိုးပြုတဲ့ သတင်းကောင်းတွေ သတင်းဦးတွေနဲ့ ပြည်သူတွေကို ပညာရမယ့် သတင်းဦးတွေ ဖြန့်ဝေပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ အေးမြတ်သူက ဆုတောင်းစကား ဆိုပါတယ်။

ဆက်လက်ပြီး မီဒီယာနဲ့ အနုပညာရှင်များကြား ဆက်ဆံရေးပေါ်ကိုလည်း အေးမြတ်သူက အခုလို ဆိုပါတယ်။

“မီဒီယာတွေဟာ အေးမြတ်သူတို့လို အနုပညာရှင်တွေနဲ့ ပရိသတ်ကို ကြားထဲက ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားပါ။ အွန်လိုင်းခေတ် မဟုတ်ခင်ကတည်းက ဂျာနယ်တွေခေတ်မှာကတည်းက အေးမြတ်သူတို့က မောင်နှမလို နေရတယ်။ မိဘသဖွယ် နေရတယ်။ မီဒီယာက ဆရာကြီး၊ ဆရာမကြီးတွေ ဆုံးမတာ လက်ခံခဲ့ပြီး လမ်းမှားတာတွေကို ပြင်ခဲ့ရတာပါ”

“နောက်မီဒီယာဟာ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကို ပူးပေါင်းကတံတား လုပ်ပေးပြီး အနုပညာရှင်တွေကို ချစ်အောင်လုပ်ပေးတဲ့ သံတမန်လို့လည်း ခံစားရပါတယ်။ တခါတလေ တချို့တချို့သော အကြောင်းအရာတွေကြောင့် ချွတ်ချော်ပြီး ပရိသတ်နဲ့ အနုပညာရှင်ကြားထဲမှာ အငြင်းပွားစရာလေးတွေ မီဒီယာကြောင့် တခါတလေ ရှိတတ်တယ်”

“များသောအားဖြင့် အေးမြတ်သူအတွက်ကတော့ မီဒီယာတွေက ကူညီထောက်ပံ့ပေးတဲ့ ပေါင်းကူးတံတားလို့ ယုံကြည်ပါတယ်။ အဲ့လိုလည်း မှတ်ယူပါတယ်” လို့ အေးမြတ်သူက ဆိုပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ်က စတင်တည်ထောင်ခဲ့ဲပြီး ထိုအချိန်မှ စတင်ကာ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနိုင်ငံ အရှေ့တောင်အာရှရေးရာ သတင်း၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာအာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့ပါတယ်။

The post ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အေးမြတ်သူရဲ့ ဆုတောင်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...