Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မုန်းစွဲ”ရုပ်ရှင်က ဖြစ်ရပ်မှန် ဖြစ်တာကြောင့် သေချာ ဂရုစိုက်ပြီး ရိုက်ခဲ့ရတယ်

$
0
0

လတ်တလော ရုံတင်ပြသနေတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဒါရိုက်တာ သြရသက ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်တာကြောင့် သေချာဂရုစိုက် ရိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

“မုန်းစွဲ ဇာတ်ကားကတော့ လုံးဝ ရို့မန့်စ် ၊ အက်ရှင်၊ ဒရာမာပေါ့နော်။ ဟဲဗီးဒရာမာလို့တောင် ပြောလို့ရတယ်။ ကျနော် အချိန်အများကြီး ယူပြီးတော့ ပြင်ဆင်ခဲ့ရတယ်။ ဇာတ်လမ်းရေးတဲ့အခါမှာလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် ဒါကိုသေချာ ဂရုစိုက်ပြီးရေးခဲ့ ရတယ်” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။

“ဒီဇာတ်လမ်းက ဆရာတော် အရှင်ဆန္ဒဓိက ဟောကြားတဲ့ “အသေလှတဲ့သူ”ဆိုတဲ့ တရားထဲက ဖြစ်ရပ်မှန်ဇာတ်လမ်း တပုဒ်ကို အခြေခံပြီးတော့ ကျနော်ရယ်၊ ကိုလွင်မင်းအံနဲ့ ဇာတ်လမ်း ဇာတ်ညွှန်းခွဲပြီးတော့ ရိုက်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာ ကိုနေတိုးက ကျနော်ကို အရမ်းရိုက်ချင်တဲ့ ဇာတ်မရှိဘူးလား မေးပါတယ်။ အဲ့မှာ ကျနော့်မှာရှိတယ်ဆိုပြီး ဒီဇာတ်ကိုပြဖြစ်တယ်။ ပြီးတော့ တော်ရုံ ထုတ်လုပ်သူတော့ မကြိုက်နိုင်ဘူး”

“ဒီကားကပုံမှန်ကားထက် ၂ဆလောက်ကုန်နိုင်တယ်လို့ ပြောချိန်မှာ နေတိုးနဲ့ တိုင်ပင်ပြီး 7 FLIM PRODUCTION နဲ့ ရိုက်ဖြစ်သွားတာပါ။ ဒီကားကို ပရိသတ်တွေကြည့်ရင် လူတိုင်းမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတာရှိတယ် ဒီတော့ ချစ်ပါ၊ မစွဲပါနဲ့။ ချစ်ခြင်းမုန်းခြင်း တရားတွေက အစွဲအလမ်း တခုလောက်ထိ ဖြစ်လာရင် လူကို ဥပါဒ်ဖြစ်စေတယ်။ ချစ်စွဲလည်း ဥပါဒ်ဖြစ်စေတယ်။ မုန်းစွဲလည်း ဥပါဒ်ဖြစ်စေတယ်။ အဲ့နှစ်ခုကို ဒီကားထဲမှာ ဖော်ပြထားပါတယ်”လို့ ဒါရိုက်တာ သြရသက ဆိုပါတယ်။

ဒီဇာတ်ကားက အမှတ်တရတွေနဲ့ ပြည့်နေတဲ့ ကားတကားဖြစ်သလို မင်းသွေးကို ဇာတ်ကား မပြခဲ့ရတဲ့အတွက် အရမ်းခံစားရတယ်လို့ ဆိုပါတယ်။

“မင်းသွေးကို ရှိစေချင်တာပေါ့။ အားလုံးဆီက ကောင်းသတင်းတွေ ကြားနေရတယ်ဆိုတော့ သူရှိရင်တော့ အရမ်းကို အတိုင်းမသိ ပျော်ရွှင်မိမှာပါပဲ။ ဒီကားမှာ မင်းသွေးကို အလွမ်းပြေကြည့်ခွင့်ရမှာ ဖြစ်သလို မင်းသွေးကြိုးစား အားထုတ်ထားတာကိုလည်း တွေ့မြင်ရမှာပါ။ ဒီကားကို သူ့ကိုကြည့်ချင်စေခဲ့တာ ကြည့်မသွားခဲ့ရဘူး။ ကျနော်သူ့ကို မပြလိုက်ရဘူး။ အဲ့အတွက် ကျနော်အရမ်းခံစားရပါတယ်” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။

“မင်းသွေးက အောက်တိုဘာ ၃ ရက်နေ့က မင်းသွေး ကွယ်လွန်တယ်။ မုန်းစွဲကားကြီးကို ဂန့်ဂေါမြို့ကျောက်ဂူတောရ ကျောင်းမှာ ဇာတ်ဝင်ခန်းတော်တော်များများကို ရိုက်ခဲ့တယ်။ ဆရာတော်ကြီးရဲ့ ကူညီမှုတွေ ရခဲ့တယ်။ ကျောက်ဂူတောရ ဆရာတော်ကြီးက မင်းသွေးနာရေးမှာလည်း တရားဟောခဲ့တဲ့ ဆရာတော်ကြီးက အောက်တိုဘာ ၁၈ ရက်နေ့မှာ ပျံလွန်တော်မူတယ်”

“နောက် ကင်မရာမန်း ကိုကျော်သန်းလွင် ကွယ်လွန်သွားခဲ့ကြတယ်။ မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ချိန်မှာ သေခြင်းတရားက ကြောက်ဖို့ ကောင်းပါလား။ ငါ့ဆီလည်း အချိန်မရွေးလာနိုင်တယ်လို့ သတိ၊ သံဝေဂ ရတယ်။ အမှတ်တရတွေနဲ့ ပြည့်နေတဲ့ ကားတကားပါ”လို့ ဒါရိုက်တာ သြရသက ဆိုပါတယ်။

ဒါရိုက်တာ သြရသ ပုံဖော်ရိုက်ကူးထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နေတိုး၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

The post “မုန်းစွဲ”ရုပ်ရှင်က ဖြစ်ရပ်မှန် ဖြစ်တာကြောင့် သေချာ ဂရုစိုက်ပြီး ရိုက်ခဲ့ရတယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...