Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“နေခြည့်ကို မကြိုက်လည်း စာအုပ်လေးကို အသုံးဝင်တယ်ဆိုပြီး သုံးတာကို လိုချင်တယ်”

$
0
0

Beauty Blogger နေခြည်ဦးကတော့ မကြာသေးမီ ရက်ပိုင်းက သူမရဲ့ကိုယ်ပိုင် Brand တခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Beauty Blogger တယောက်ဖြစ်တာကြောင့် အလှအပနဲ့ သက်ဆိုင်တဲ့ ပစ္စည်းမျိုးထုတ်မယ်လို့ မျှော်လင့်ထားကြပေမယ့် နေခြည်ဦးကတော့ သူမရဲ့ ရုပ်ပုံတွေ ပါရှိတဲ့ “Your Social Media BFF” 2019 Year Planner လို့ အမည်ရတဲ့ စာအုပ်ကို ထုတ်လိုက်တာ ဖြစ်ပါတယ်။

“အဓိကကတော့ ဒီစာအုပ်ကို ထုတ်ဖြစ်တာကတော့ နောက်ပိုင်းမှာ နေခြည်ဦးနဲ့ ဒီဟာနဲ့ကို တွဲမမြင်စေချင်ဘူး။ နေခြည့် အောင်မြင်မှု သက်သက်၊ ဒီ Brand ကလည်း သူ့ဘာသာအောင်မြင်မှု သက်သက် ဖြစ်စေချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည့်ကို မကြိုက်လည်း ဒီစာအုပ်လေးက အသုံးဝင်တယ်ဆိုပြီးတော့ သုံးတာကို လိုချင်တယ်”

“အဲဒါကြောင့် နေခြည် Chillies တွေလည်း အသုံးဝင်ရအောင် သူများတွေလည်း စိတ်ဝင်စားအောင် Cosmetics တခု မဟုတ်ဘဲနဲ့ စာအုပ်ကို ထုတ်လိုက်တာ။ နောက်ပိုင်းမှာဆိုရင် နေခြည်ပုံတွေလည်း သိပ်မမြင်ရတော့ဘူး။ ဈေးကွက်ထဲမှာ တကယ် အသုံးဝင်မယ့် ပစ္စည်းမျိုးကိုပဲ ထပ်ထုတ်မှာပါ” လို့ နေခြည်ဦးက ပြောပါတယ်။

ဒီစာအုပ်ကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကြေငြာခဲ့တာဖြစ်ပြီး မကြော်ငြာခင်အချိန်ကတည်းက သူမရဲ့ ပရိသတ်များက ကြိုတင်မှာယူပြီး အားပေးခဲ့ကြတာကိုတွေ့လို့ ဝမ်းသာပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စာအုပ်ထွက်မယ်လို့ကြော်ငြာပြီးတဲ့အချိန်မှာတော့ နေခြည်ဦးက သူမရဲ့ Facebook မှာ Live လွှင့်ပြီး ဝမ်းသာမျက်ရည်ကျခဲ့ပြီး သူမရဲ့သူငယ်ချင်းများကလည်း ထပ်တူဝမ်းနည်းခဲ့ကြတယ်လို့ ပြောပါတယ်။

“နေခြည့် သူငယ်ချင်းတွေက ဘေးနားမှာနေပြီးတော့ နေခြည် ဘယ်လောက်ထိ တိုက်ခိုက်ခံရတယ်။ ဘယ်လောက်ထိ အပြောခံရတယ်။ နေခြည်ဘယ်လောက်ထိ ခံနိုင်လဲဆိုတာ သူတို့ အသိဆုံးပေါ့နော်။ နေခြည်ငိုတော့ သူတို့ရှေ့မှာ တခါမှ မငိုဖူးတော့ သူတို့နဲ့ နေခြည်နဲ့ ထပ်တူ ခံစားချက်ရှိလို့ မျက်ရည်ကျတယ်လို့ ထင်ပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

“Your Social Media BFF” 2019 Year Planner စာအုပ်ကို နေခြည်ဦးက သူမရဲ့ မိန်းကလေးပရိသတ်များအတွက် ချစ်သူကောင်လေးများက ဝယ်ပေးရန် တောင်းဆိုကြဖို့လည်း ပြောခဲ့ပါတယ်။

ချစ်သူကောင်လေးတွေက ဘာလို့ဝယ်ပေးသင့်လဲ ဆိုတာကိုတော့ နေခြည်ဦးက “တခါတလေကျရင် ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီးတွေပေါ့။ အထူးသဖြင့် မင်းသားတွေပေါ့နော်။ ဒေးဗစ်ဗက်ခမ်းက ရေမွှေးထွက်တယ်ဆိုရင် ကိုယ့်ကောင်လေးကို ဝယ်ခိုင်းလို့မရဘူးလေ။ သဝန်တိုတတ်တယ်လေ။ အခုကကျတော့ မိန်းကလေးက ထုတ်တာကြောင့် ကိုယ့်ရဲ့ကောင်မလေးကို လက်ဆောင်ပေးဖို့အတွက် အကောင်းဆုံးပစ္စည်းပေါ့”

“မိန်းကလေးအချင်းချင်း ဖြစ်တာကြောင့် ယောကျာ်းလေးတွေ အနေနဲ့ သဝန်တိုပြီး ဝယ်ပေးစရာ မလိုတော့ဘူး။ တကယ်လည်း အသုံးဝင်မယ်။ ဒီကောင်မလေးကို ၂၀၁၉ ခုနှစ် တခုလုံးမှာ အလုပ်ရှုပ်အောင် လုပ်ထားတဲ့အတွက် ကောင်လေးတွေအနေနဲ့ အလုပ် မရှုပ်တော့ဘူးပေါ့။ အဲဒါကြောင့် ကောင်မလေးတွေကို အပေးသင့်ဆုံးပစ္စည်းလို့ ပြောတာပါ”လို့ နေခြည်ဦးက ပြောပါတယ်။

စာအုပ်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ မိန်းကလေးတွေရဲ့ နှစ် ၁ နှစ်လုံးမှာ သူမနဲ့ အတူ နေ့ရက်တိုင်းကို စနစ်တကျ ဖြတ်သန်းစေချင်တာပဲဖြစ်ပါတယ်။ နေခြည်ဦးကတော့ အဲဒီကိုယ်ပိုင် Brand ထုတ်နိုင်ဖို့အတွက် ၂ နှစ်တာ အချိန်ယူခဲ့ရပြီး ပစ္စည်း ထုတ်နိုင်သွားတဲ့အတွက် ကျေနပ် ပျော်ရွှင်နေပြီး နောက်ပိုင်းမှာလည်း ကိုယ်ပိုင်အမှတ်တံဆိပ်များကို ထုတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

နေခြည်ဦးကတော့ မိန်းကလေး ပရိသတ်များက သဘောကျအားကျရတဲ့ Beauty Blogger တယောက်ဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်လာတာ တွေ့လာရပါတယ်။

The post “နေခြည့်ကို မကြိုက်လည်း စာအုပ်လေးကို အသုံးဝင်တယ်ဆိုပြီး သုံးတာကို လိုချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...