ကမ္ဘာကျော် အမျိုးသမီး Rap အဆိုတော် Nicki Minaj ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကျေးဇူးတော် နေ့မှာ အကူအညီလိုအပ်နေတဲ့သူတွေကို အဲဒီထူးခြားတဲ့အခါသမယမှာ အသုံးဝင်မယ့် ပစ္စည်းတွေဝေငှခဲ့ပါတယ်။
အဆိုတော် Nicki ဟာ နယူးယောက်မြို့မှာရှိတဲ့ Queen အရပ်မှာ ကျေးဇူးတော်နေ့ မတိုင်မီ တရက်အလိုတုန်းက လူတွေကို ကြက်ဆင်အခမဲ့ ဝေငှပေးခဲ့ပါတယ်။ အေးချမ်းတဲ့ နယူးယောက် ရာသီဥတုကို အံတုပြီး အသက် ၃၅ နှစ်အရွယ် အဆိုတော်ဟာ အနက်ရောက်ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ hoodie တထည်ကို ဝတ်ဆင်ထားခဲ့ပါတယ်။
သူနဲ့ Sean Bell Records စတူဒီယိုတို့ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သူ့ကိုလာကြည့်ဖို့ တန်းစီစောင့်ဆိုင်း နေခဲ့တဲ့ ပရိသတ်တွေရှိရာ Rockaway Blvd နဲ့ 147 Street တို့မှာ ကြက်ဆင်တွေကို အခမဲ့ဝေငှပေးခဲ့တာ လည်းဖြစ်ပါတယ်။
ပရိသတ်တဦးရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ Nicki ဟာ မိခင် Carol နှင့်အတူ ကျယ်ကျယ်လောင်လောင်အားပေးနေတဲ့ ပရိသတ်တွေဆီ ရောက်လာခဲ့တာကိုတွေ့ရပါတယ်။
Nicki ဟာ တောင်ဂျမေကာနိုင်ငံကရောက်လာတဲ့ ဒေသခံတွေကို ကြက်ဆင်အကောင်ရေ ငါးရာကျော်ကို ဝေငှပေးခဲ့တာဖြစ်ပါတယ်။
အဲဒီပရဟိတပွဲအတွင်းမှာ သူဟာ နယူးယောက်မြို့ရဲတပ်ဖွဲ့ဌာနရဲ့ စီမံကွပ်ကဲရေး အရာရှိ Officer Jerry O’Sullivan နဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့တာ တွေ့ရပါတယ်။
ပရိသတ်တွေကလည်း အခုလိုမျိုး ပရဟိတပွဲကို တက်ရောက်ခဲ့တဲ့အတွက် Nicki ကို ကျေးဇူးတင်စကားပြောဆို ခဲ့တာကိုလည်း တွေ့ရပါတယ်။
Ref: aceshowbiz
The post ကျေးဇူးတော်နေ့မှာ ကြက်ဆင်တွေအခမဲ့ဝေငှပေးခဲ့တဲ့ Nicki Minaj appeared first on ဧရာဝတီ.